၂ဝ၁၆ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဖေဖဝါရီလ ၁ ရက်မှ ၇ ရက်အထိ)

blank
၁။ မိဿ     ရာသီဖွား (Aries)

(မတ်လ ၂၁ရက်မှ ဧပြီလ ၂ဝရက် အတွင်းမွေးဖွားသူများ)

ဒီတစ်ပတ်မှာတော့ ကိုယ့်စိတ်ကူးတွေကိုအမှန်တကယ်ဖြစ်အောင် လုပ်နိုင်ပါလိမ့်မယ်။ ကာလအတန်ကြာရပ်ဆိုင်းထားရတဲ့ ကိစ္စများ ပြန်လည်ဆောင်ရွက်မယ့် အချိန်ဖြစ်ပါတယ်။ ငွေကြေးကံကောင်းပါမယ်။ သင်မျှော်လင့်စောင့်ဆိုင်းနေတဲ့ လွပ်လပ်ခြင်းရဲ့ အရသာကိုခံစားရတော့မယ့် ကာလပါ။

ယတြာ – သက်ကြီးရွယ်အိုများကိုသန့်ရှင်းရေးလုပ်ပေးပါ။ စာစောင်မှာ သူငယ်ချင်း (၂) ယောက်ကို mention ခေါ်လိုက်ပါ။

၂။ ပြိဿ     ရာသီဖွား (Taurus )

(ဧပြီလ ၂၁ရက်မှ မေလ ၂ဝရက်အတွင်းမွေးဖွားသူများ)

သင်မဖြစ်နိုင်ဘူးလို့ ယူဆထားသောကိစ္စရပ်များကို အမှန်တကယ်ဖြစ်အောင် အားပေးကူညီပေးမည့် လူတစ်ဦးနှင့်တွေ့ဆုံမည်။ အခုတစ်ပတ်အတွင်း နားပူနားဆာလုပ်တတ်သော အိမ်သားတစ်ယောက်ကြောင့် စိတ်ညစ်ရမည်။

ယတြာ – ငှက်လွှတ်ပါ။ တိုက်ဆိုင်နေပါက ပြိဿရာသီဖွားသူငယ်ချင်းများအတွက် SHARE လိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

( မေလ ၂၁မှ – ဇွန်လ ၂၁ရက်အတွင်းမွေးဖွားသူများ)

အရင်ကစိတ်တိုင်းမကျဖြစ်နေခဲ့သော အလုပ်အကိုင်များ အဆင်ပြေသွားမည်။ ကိုယ်စိတ်ရှိသလောက် ချဲ့ထွင်လုပ်ဆောင်နိုင်မည်။ အချစ်ရေးတွင် ကတောက်ကဆအနည်းငယ်ကြုံတွေ့ရမည်။ ကာလအကြာကွဲကွာနေသော မိတ်ဆွေများနှင့် ဆုံဆည်းမည်။ ဤဆောင်းပါးကိုဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ-ဘုရားပန်းကပ်လှူပါ။ သူငယ်ချင်း (၃) ဦးကို mention ခေါ်လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

အိမ်တွင် မလိုအပ်ဘဲငွေကြေးကုန်ကျမှု များနေမည်။ အဲဒါကိုသင်သတိပြုမိပေမယ့် အလိုလိုလက်ဖွာနေသောကာလဖြစ်သည်။ သင့်စိတ်ဝင်စားသော အကြောင်းအရာများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး အနာဂတ်အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များချမှတ်နိုင်မည်။

ယတြာ-ရေချမ်းသက်စေ့ပူဇော်ပါ။ ကရကဋ်ရာသီဖွား သူငယ်ချင်းတွေအတွက် စာစောင်ကို SHARE ပေးလိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်းမွေးဖွားသူများ

ကတောက်ကဆဖြစ်နေသောအချစ်ရေးကို ပြန်လည်ထိန်းညှိနေရသော ကာလဖြစ်သည်။ ကိုယ်ချစ်သောသူများအတွက် အကြိုက်ဆောင်လိုက်နေရင်း အချိန်ကုန် လူပန်းဖြစ်နေမည်။ စိတ်ရှုပ်ရသလောက် ငွေရွှင်မည်။

ယတြာ – ဆင်းရဲသားတစ်ဦးအား မိမိအဝတ်အစားဟောင်းတစ်စုံလှူဒါန်းပါ။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

အလုပ်နှင့်မိသားစုအကြား ဗျာများနေသောကာလဖြစ်သည်။ ပြစ်တင်စွပ်စွဲခံရတတ်သည်။ တစ်ပါးသူအား ယုံကြည်လွန်းအားကြီးတာလျှော့ပါ။ မထင်မှတ်ဘဲခရီးထွက်ရလိမ့်မည်။

ယတြာ – အကူအညီလိုနေသူတစ်ဦးကိုစိတ်ပါလက်ပါကူညီလိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၂) ရက်အတွင်းမွေးဖွားသူများ

မိမိအကျင့်ဆိုးများကို ကိုယ်တိုင်စွန့်ပစ်လိုက်ဖို့ စိတ်အားထက်သန်နေသော ကာလဖြစ်တယ်။ ကာလအတန်ကြာရောင်းထွက်ချင်နေသော ခြံဝင်းများ ရောင်းထွက်သွားမည်။ ငွေ အလုံးအရင်းလိုက်ဝင်မည်။

ယတြာ – ကလေးငယ်များအား စာရေးကိရိယာလှူဒါန်းပါ။ ဤစာစောင်ကို သူငယ်ချင်းငါးယောက်ရဲ့ timeline ပေါ်ကို ဝေမျှပေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃)မှ နိုဝင်ဘာ ၂၁ရက်အတွင်းမွေးဖွားသူများ

အရာရာကို အလေးအနက်ထားစဉ်းစားတွေးတောနိုင်မည့်ကာလဖြစ်သည်။ အရင်ကမကြုံဘူးသော ငွေကြေးများ၊ ကံကောင်းမှုများ အဆက်မပြတ်ဝင်လာမည့် ကာလဖြစ်သည်။ ဘဝအတွက် အရေးကြီးသောဆုံးဖြတ်ချက်များ ချနိုင်လိမ့်မည်။

ယတြာ – လူနာတစ်ဦးဦးအားဆေးလှူဒါန်းပါ။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

မယုံကြည်နိုင်လောက်အောင် အံ့သြစရာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံတွေ့ရမည့်ကာလဖြစ်သည်။ မိတ်ဆွေသစ်များထံမှ အကူအညီများရရှိမည်။ သင့်အား ယခင်က မလိုမုန်းထားရှိနေသူများပင်လျှင် အမြင်ကြည်လင်နေမည့်ကာလဖြစ်သည်။

ယတြာ-ဘုရားမှာရေစစ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

ကံဆိုးမှုတွေကိုအဆုံးသတ်ပြီး ပိုကောင်းသောဘဝကို တည်ဆောက်နိုင်မည့် ကာလဖြစ်သည်။ စိတ်လှုပ်ရှားစရာကံကောင်းမှုတွေက သင့်ကိုအသင့်စောင့်မျှော်နေမည်။

ယတြာ – သစ်သီးဆွမ်းကပ်ပါ။ ခင်မင်ရသူတွေကို mention ခေါ်လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

အရင်ကရှိခဲ့သော နားလည်မှုလွဲမှားခြင်း၊ အငြင်းပွားခြင်းတွေကို အပြီးသတ်ဖြေရှင်းနိုင်ပြီး ငြိမ်းချမ်းရေးအလံကိုစိုက်ထူနိုင်မည့် ကာလဖြစ်သည်။ မိမိဘဝရဲ့ အရေးကြီးသူတွေရဲ့ တန်ဖိုးကိုသိမြင်လာပြီး အရာရာကို ညှိတိုင်းတိုင်ပင်လာနိုင်မည့်ကာလဖြစ်သည်။

ယတြာ – ကလေးငယ်တစ်ဦးကိုရေခဲမုန့်ဝယ်ကျွေးပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူများ

ဝေဖန်မှုတွေကို ဆက်တိုက်ကြုံတွေ့ရမယ့်ကာလဖြစ်သည်။ သင်၏ကြိုးစားအားထုတ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့ဖြင့် အနိုင်ယူကျော်လွှားနိုင်မည်။ ကိုယ်လိုချင်သောပန်းတိုင်ဆီကို ကိုယ်ကိုယ်တိုင်ထိန်းကျောင်းလာနိုင်မည်။ စိတ်အနှောင့်အယှက်ဖြစ်စရာများဖြစ်စရာများကိုအားအဖြစ်ပြောင်းလဲနိုင်မည်။

ယတြာ-သက်ကြီးရွယ်အိုတစ်ဦးအားအဖြူရောင်အစတစ်ခုလက်ဆောင်ပေးပါ။ အချစ်ဆုံး သူငယ်ချင်းတွေကို mention ခေါ်လိုက်ပါ။

တစ်ခြားရာသီဖွားသူငယ်ချင်းတွေဖတ်ရအောင်လည်း SHARE ပေးပါဦး။