သင်မွေးနေ့က ပြောနေသော သင့်အကြောင်း – ၂ ဂဏန်းသမားများအတွက်

blank

သင်က ၂ရက်နေ့၊ ၁၁ရက်နေ့၊ ၂၀ ရက်နေ့ ဒါမှမဟုတ် ၂၉ ရက်နေ့ တစ်ရက်ရက်မှာ မွေးဖွားတဲ့သူဆိုရင်…

သင်က စိတ်ကူးယဉ်တတ်ပြီး စိတ်အပြောင်းအလဲမြန်တယ်။

ခန္ဓာကိုယ်ကျန်းမာသလို သင့်စိတ်ဓာတ်က ခန္ဓာကိုယ်ထက်တောင် ပိုပြီးကျန်းမာနေသေးတယ်။

ခန္ဓာကိုယ် ပင်ပန်းခံပြီးလုပ်ရတဲ့အလုပ်ထက် ဦးနှောက်သုံးပြီးလုပ်ရတဲ့အလုပ်က သင့်အတွက် ပိုသင့်တော်မှုရှိပါတယ်။

သင်က စိတ်ထားဖြူစင်သူပါ။

သူတစ်ပါး အကူအညီလိုလာရင်လည်း မငြင်းဆိုပဲ လှိုက်လှိုက်လဲလဲ ကူညီပေးတတ်သူပါ။

သူတစ်ပါး သင့်အပေါ် စွဲလမ်းသွားအောင် လုပ်တဲ့နေရာမှာ အလွန်တော်တဲ့ လူတစ်ယောက်ဖြစ်ပြီး သင့်ကို ရင်းနှီးလာအောင်လည်း သင်လုပ်နိုင်တယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

သင်က ကိုယ့်အတွင်းစိတ်ကို နားထောင်နိုင်စွမ်း ရှိတဲ့အပြင် တစ်ခြားလူတွေရဲ့ အတွင်းစိတ်ကိုလည်း အကဲဖြတ်နိုင်တယ်။

မြစ်ချောင်းတွေ၊ ပင်လယ်ပြင်တွေ၊ ကန်တွေ အနားမှာ နေခြင်းက သင့်အတွက် ကံကောင်း စေနိုင်ပါတယ်။

သင့်အတွက် ကံကောင်းတဲ့ အရောင်တွေကတော့ အစိမ်းဖျော့ရောင်ပါပဲ။ အဲ့ဒီအရောင်က သင့်စိတ်ဓါတ်တွေကို ပိုပြီးခိုင်မာလာစေဖို့ ကူညီပေးပါတယ်။ အဖြူရောင် ကတော့ သင့်ကိုပိုပြီး ဆွဲဆောင်မှုရှိစေတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီးပြောရရင်တော့ သင်က ချစ်သူအတွက် သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာကို သက်သေပြနိုင်ပါတယ်။ သင်တို့က တစ်ယောက်နဲ့ တစ်ယောက်အတွက် ကံကောင်းတဲ့သူတွေ ဖြစ်ကြတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါ။