သင့်မွေးနေ့က ပြောနေသော သင့်အကြောင်း – ၁ ဂဏန်းသမားများအတွက်

blank

သင်က ၁ ရက်နေ့၊ ၁ဝ ရက်နေ့၊ ၁၉ ရက်နေ့နဲ့၊ ၂၈ ရက်နေ့နဲ့ တစ်ရက်ရက်မှာ မွေးဖွားတဲ့သူတစ်ယောက်ဆိုရင်…

သင်က ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တယ်။

အလုပ်ကြိုးစားတယ်။

ယုံကြည်အားထားရတယ်။

ဇွဲလုံလနဲ့ ပြည့်စုံပြီး ရိုးသားဖြောင့်မတ်တဲ့သူ ဖြစ်တယ်။

သင့်မှာ အလုပ်တစ်ခုကို ဦးဆောင်နိုင်တဲ့ အရည်အချင်း အပြည့်အဝရှိတယ်။

အပေါင်းအဖော်တွေနဲ့ အလွယ်တကူ မိတ်ဖွဲ့နိုင်စွမ်းတယ်။

အပေါင်းအဖော်တွေကြား ဂုဏ်ရှိပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကျော်ကြားကိန်းရှိပါတယ်။

ပျင်းပျင်းရိရိနေရတာတို့၊ ပေါ့ပေါ့ဆဆနေရတာတို့ကို မနှစ်မြို့ဘူး။

စွန့်စားရဲတဲ့ သတ္တိရှိသူဖြစ်တယ်။

ဒါပေမယ့် ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင်တော့ ဂရုစိုက်ဖို့လိုတယ်။

ရုပ်ပိုင်းဆိုင်ရာလည်း ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ဖြစ်တယ်။

သင့်အတွက် ကံကောင်းစေမယ့် အရောင်တွေကတော့ – အဝါရောင်၊ အထူးသဖြင့် ရွှေဝါရောင်။ သင် နေမကောင်းဘူးဆိုလျှင် ဒီအရောင်လေး ကို ဆင်မြန်းထားလိုက်ခြင်းက သင့်ကို မြန်မြန်သက်သာလာစေနိုင်ပါတယ်။

အချစ်ရေးအကြောင်း ပြောရမယ်ဆိုရင် သင်နဲ့ သင့်တော်ပြီး အလွန်အရည်အချင်းရှိတဲ့ လက်တွဲဖော်မျိုးနဲ့ တွေ့နိုင်ပါတယ်။

ကျန်တဲ့ရက်တွေမှာ မွေးဖွားတဲ့သူတွေအတွက်လည်း ဆက်လက်ပြီး ရေးသားတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဂန္ထဝင်ပရိသတ်ကြီး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

ကြိုက်နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေနဲ့လည်း share ပေးလိုက်ပါ။