၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (အောက်တိုဘာလ ၅ ရက် မှ အောက်တိုဘာ ၁၁ ရက်နေ့အထိ)

blank
၁။ မိဿ      ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်း မကြာသေးခင်က ပိုင်ဆိုင်ထားတဲ့ အရာလေးတွေကို အခြားသူတွေရဲ့ ပရောဂကြောင့် ပြန်ပြီး ပျက်စီးသွားတတ်ပါတယ်။ ဒါပေမယ့် သတိရှိရှိနဲ့ အကောင်းဆုံး တုန့်ပြန်နိုင်မယ်ဆိုရင်တော့ ကိုယ့်အကြောင်း ကောင်းကောင်း သိသွားပြီး သူတို့မကောင်းတဲ့ အကြံတွေကို ရုတ်သိမ်းသွားပါလိမ့်မယ်။

ဒါပေမယ့်လည်း အတိုက်အခံ ဖြစ်လာရင် နှစ်ဖက်လုံးအတွက် မကောင်းတာမို့ အတတ်နိုင်ဆုံး ရှောင်ကြဉ်လိုက်တာ အကောင်းဆုံးပါ။

ယတြာ- ကိုယ့်အခက်အခဲတွေ ပြေလည်စေဖို့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို လည်း တတ်နိုင်သလောက် ကူညီဖေးမလိုက်ပါ။

ကဲ ဘယ်လိုလဲ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သူငယ်ချင်းတွေ အတွက်လည်း မျှဝေပေးလိုက်ပါအုံးနော်။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

အလုပ်တွေက ထင်ထားတာထက် ပိုကြန့်ကြာနေတတ်တဲ့ သဘောလေး ရှိတာကြောင့် ကိုယ်မနိုင်တဲ့ဝန်ကို မထမ်းမိဖို့ အရေးကြီးပါတယ်။ ကိုယ့်ဆီရောက်လာတဲ့ သတင်းအချက်အလက်တွေကိုလည်း အသေအချာ ဝေဖန်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အပေါ် မနာလိုတဲ့ သူတွေရဲ့ မရိုးသားတဲ့ ချောက်ချမှုတွေ ကြုံရတတ်လို့ပါ။ ကိုယ့်ရဲ့ အပြုအမူ အပြောအဆိုတွေကို အထူးဂရုစိုက်ဖို့ လိုအပ်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် သတိလေးကပ်ပြီး စဉ်းစားချင့်ချိန် လုပ်ဆောင်ပါ။ ဒီတစ်ပတ်အတွက် အကောင်းဆုံး ယတြာ ပါပဲ။ မယ်။ ပြိဿရာသီဖွား သူငယ်ချင်း (၃) ယောက်နဲ့ Share ပေးဖို့လည်း မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်း မွေးဖွားသူများ

မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို ရှောင်ကြဉ်ဖို့ ထိပ်တိုက်ဆံတွေ့မှုတွေမှာ ဆိတ်ဆိတ်နေလိုက်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ရက်သတ္တပတ်ရဲ့ အစရက်တွေမှာ အချစ်ရေးနဲ့ ပတ်သက်ပြီး အရမ်းကို ကောင်းနေပါတယ်။ ချစ်သူဆီက တောင်းဆိုစရာ ရှိတာတွေ တောင်းဆိုလို့ အကောင်းဆုံး အချိန်ပေါ့။ J ဒါပေမယ့် အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ လည်း စိတ်တွေ ရှုပ်ထွေး ညစ်နွမ်းနေတတ်ပါတယ်။

ယတြာ- ဒီတစ်ပတ်အတွက် ကောင်းမွန်ကြည်လင်တဲ့ စိတ်ထားလေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ မနက်တိုင်း မေတ္တာပို့ ဆုတောင်းပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

မေထုန်ရာသီဖွားတွေ အတွက် ဒီဗေဒင်လေးကို မျှဝေပေးလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ကရကဋ်ရာသီဖွားတွေအတွက် ဒီတစ်ပတ်ဟောကိန်းကတော့ သူတို့ လိုချင်တာရဖို့ ဘာပဲလုပ်ရလုပ်ရဆိုတဲ့ တဇွတ်ထိုး သမားတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ သူတို့လိုမျိုး လိုက်လုပ်လိုက်လို့ မရပါဘူး။ မိသားစုနဲ့ ပတ်သက်ပြီး သတင်းကောင်းတွေ ကြားရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးရော၊ အချစ်ရေးနဲ့ လူမှုဆက်ဆံရေးတွေမှာ ပါ ကံကောင်းနေပါတယ်။ သင်ဆန္ဒပြင်းပြတဲ့ အရာတစ်ခုကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပါ။ ကောင်းမွန်တဲ့ ရလာဒ်တွေ ရှိလာပါလိမ့်မယ်။

ယတြာ- ဘဝ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ မွေးနံမှာ ထီးဖြူလေးတွေ လှူပေးပါ။ ကြုံကြိုက်တဲ့အခါ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့ မမေ့နဲ့နော်။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွားတွေ အနေနဲ့

အလုပ်မှာ ကိုယ်က ကိုယ့်လမ်းကို တစိုက်မတ်မတ် လျှောက်လှမ်းနေတယ်ဆိုပေမယ့် ကိုယ်နဲ့လျှောက်လှမ်းပုံချင်းတူတဲ့ သူတွေကြောင့် အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ဘေးလူတွေရဲ့ သွေးထိုးစကားကြောင့် ပိုတင်းမာသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ မာန်မာနတွေကို ဘေးချိတ်ပြီး အခက်အခဲတွေကို ပြေလည်စေမယ့် နည်းလမ်းကို အတတ်နိုင်ဆုံး ရွေးချယ်သင့်ပါတယ်။ ယတြာ- မွေးနံထောင့်မှာ ရေသပ္ပါယ်ရင်း အစစ အဆင်ပြေဖို့ ဆုတောင်းပါ။

သူငယ်ချင်းတွေကို comment box မှာ tag လုပ်ပြီး အသိပေးဖို့လည်း မမေ့နဲ့နော်။

၆။ ကံရာသီဖွား (Virgo)

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေရဲ့ စိတ်မကောင်းစရာ သတင်းတွေကို ကြားရတတ်ပါတယ်။ ဒါပေမယ့် လည်း သင့်ကို ဆိုးဆိုးရွားရွား မထိခိုက်စေပါဘူး။ ကိုယ်ချင်းစာစိတ်လေး လက်ကိုင်ထားပြီး သူငယ်ချင်းတွေအတွက် အတတ်နိုင်ဆုံး ကူညီပေးလိုက်ပါ။ အချစ်ရေးနဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ ကံကောင်းနေပါလိမ့်မယ်။ ရှေ့ဆက်ရမယ့် ဘဝလမ်းအတွက် ကောင်းမွန်တဲ့ အနာဂတ်အစီအစဉ်တွေ ချမှတ်ဖို့ အသင့်တော်ဆုံး အချိန်ပဲ ဖြစ်ပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အစိမ်းရင့်ရောင် အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

ကိုယ်နဲ့ မိသားစုဝင်တွေကြား က ပဋိပက္ခက မထင်မှတ်ဘဲ တင်းမာသွားတတ်ပါတယ်။ လူကြီးဆန်ဆန် ကိုင်တွယ်ဖြေရှင်းနိုင်အောင် ကြိုးစားမှ တော်ကာကျမှာပါ။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး အလံဖြူပြ ညှိနှိုင်းလိုက်ပါ။ မထင်မှတ်တဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံရတတ်ပါတယ်။ ဆုံးဖြတ်ရခက်တဲ့ အခြေအနေမျိုးတွေလည်း ကြုံလာရတတ်ပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ စိမ်းပြာရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၅) ဦးကို tag လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်း အရေးတကြီး ဆောင်ရွက်စရာတွေ များပြားနေပါလိမ့်မယ်။ အရမ်းအပြင်းအထန် ကြီးတော့လည်း မဟုတ်ပါဘူး။ မထင်မှတ်ထားတဲ့ အပြောင်းအလဲတစ်ခုက ကိုယ်မျှော်လင့်ထားတဲ့ အရာတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဘာပဲလုပ်လုပ် စနစ်တကျနဲ့ ရှုထောင့်ပေါင်းစုံက စဉ်းစားလုပ်ဆောင်ပါ။ ဘာမှမဟုတ်တဲ့ လုပ်ဆောင်မှုလေးက ကိုယ့်အတွက် ကြီးမားတဲ့ အောင်မြင်မှုလမ်းပေါ်ရောက်လာပါတော့တယ်။ သင့်စိတ်အေးချမ်းမှုကတော့ သင့်အပေါ်မှာပဲ မူတည်နေပါတယ်။

ယတြာ- ဒီတစ်ပတ်အတွက်တော့ ကိုယ့်စိတ်ကိုယ်အေးချမ်းအောင် မွေးမြူခြင်းက အကောင်းဆုံး ယတြာပါပဲ။ သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေအနေနဲ့ အခုတစ်လော ။ သင့်ရဲ့ ကောင်းမွန်တဲ့ အကြံဥာဏ်တွေကြောင့် အပြိုင်အဆိုင်လုပ်ရတဲ့ အလုပ်တွေမှာ ကိုယ်ကပဲ အသာစီးရနေတတ်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ လူမှုဆက်ဆံရေးကောင်မွန်ပေမယ့် သူငယ်ချင်းနဲ့ ငွေကြေးကြောင့် စိတ်ဝမ်းကွဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီတစ်ပါတ်အတွင်း ငွေချေးငှားတာမျိုး လုံးဝ မလုပ်မိဖို့ အရေး ကြီးပါတယ်။
ယတြာ- အဆင်မပြေမှုလေးတွေ အားလုံး ပြေပျောက်သွားစေဖို့ ကိုယ့်ရဲ့ အသုံးအဆောင်တွေထဲက တစ်ခုကို လိုအပ်နေသူတစ်ယောက်ကို ပေးကမ်းလိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၁၀။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မကာရရာသီဖွားတို့အနေနဲ့  အလုပ်နဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ အားထုတ်ကြိုးပမ်းမှုတွေရဲ့ ရလာဒ်ကောင်းတွေကို ခံစားရတော့မှာပဲ ဖြစ်ပါတယ်။ ဝန်ထမ်းဆိုရင်တော့ ရာထူးတိုးရကိန်းရှိပါတယ်။
ဒါပေမယ့်လည်း နေရာအပြောင်းရွှေ့ရတာကြောင့် စိတ်ထဲ ဝမ်းနည်းဝမ်းသာကြီး ဖြစ်နေတတ်ပါတယ်။ တစ်ခုခု လုပ်တော့မယ်ဆို အတတ်နိုင်ဆုံး ကျိုးကြောင်းဆင်ခြင်ပြီးမှ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။
ယတြာ- ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ ခရမ်းရောင်အသုံးအဆောင် တစ်ခုခု ကို သွားလေရာ ယူဆောင်သွားပါ ။ အစစ အဆင်ပြေသွားပါလိမ့်မယ်။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေ အနေနဲ့တော့ ဒီတစ်ပတ်အတွင်း အလုပ်အတူတွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဖက် (သို့) ချစ်သူနဲ့ အငြင်းပွားစရာလေးတွေ ကြုံရတတ်ပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုက အရာ အားလုံး အဆင်ပြေစေမှာပါ။ ဒါပေမယ့် အချိန်မှီ မညှိနှိုင်းနိုင်ဘူးဆိုရင်တော့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာတတ်ပါတယ်။ အခုတစ်လော စိတ်ထင်ရာ စိုင်းချင်တဲ့ စိတ်လေးတွေ ဝင်နေတတ်ပါတယ်။ ချစ်သူနဲ့ အဆင်မပြေတဲ့ အခါ ကြားလူဝင်ခိုင်းတာမျိုး မလုပ်မိပါစေနဲ့။ ပိုပြီး ဆိုးရွားသွားတတ်ပါတယ်။

ဒီတစ်ပတ်အတွက် ယတြာကတော့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ ယုံကြည်မှုအပြည်နဲ့ ရှေ့ဆက်လျှောက်လှမ်းလိုက်ဖို့ပါပဲ။

ကုံရာသီဖွား သူငယ်ချင်းတွေ အတွက်လည်း share ပေးဖို့ မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပါတ်အတွင်းမှာ လုပ်သင့်တာတွေကို အတတ်နိုင်ဆုံး ဦးစားပေးလုပ်ဆောင် သင့်ပါတယ်။ စိတ်နေသဘောထားချင်း မတိုက်ဆိုင်တဲ့ အလုပ်က လူတွေကြောင့် သော်လည်းကောင်း၊ အတူနေတဲ့ သူတွေကြောင့်သော်လည်းကောင်း စိတ်အနှောင့်အယှက် တွေ ဖြစ်တတ်ပါတယ်။ အတတ်နိုင်ဆုံး အများနဲ့ ညှိနှိုင်းလုပ်ဆောင်မှ အဆင်ပြေမယ့် အချိန်ဖြစ်နေပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် အစစ စဉ်းစားချင့်ချိန်ပြီး သတိလေးနဲ့ လုပ်ဆောင်ခြင်းက သင့် ကံကြမ္မာကို ပြုပြင်သွားပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။