၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (စက်တင်ဘာလ ၂၈ ရက် မှ အောက်တိုဘာ ၄ ရက်နေ့အထိ)

blank
၁။ မိဿ      ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပါတ်အတွင်း သင့်ရဲ့ ကံကြမ္မာက အကောင်းဘက်ကို ဦးတည်နေတာမို့ အလုပ်မှာ အကောင်းဆုံးထက် ကောင်းတဲ့ အရာတွေကို ပိုင်ဆိုင်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အားစိုက်ထုတ်မှုတော့ အများကြီး လိုအပ်ပါတယ်။ တစ်ခါတစ်လေ တစ်ဖက်လူက အမှတ်မထင် ပြောလိုက်တာက ကိုယ့်အတွက် အရမ်းအသုံးဝင်တဲ့ အကြံဥာဏ်မျိုး ဖြစ်သွားတတ်ပါတယ်။ စိတ်လွင့်ခြင်းနဲ့ ဂယောက်ခြောက်ခြားဖြစ်ခြင်းတို့ကို ကာကွယ်ဖို့ အနားယူလိုက်ပါ။ သူငယ်ချင်းတွေနဲ့ ရယ်ပွဲဖွဲ့တာတွေ ရပ်လိုက်ပါ။

ယတြာ- လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ အချိန်မှီ ပြီးမြောက်ဖို့ ဘုရားမှာ ဖြစ်စေ၊ ဘုန်းကြီး ကျောင်းမှာ ဖြစ်စေ နာရီ လှူပေးပါ။ သို့မဟုတ် မရှိဆင်းရဲတဲ့ ကလေးကို သင့်နာရီအဟောင်း ပေးလိုက်ပါ။

ကဲ ဘယ်လိုလဲ တိုက်ဆိုင်နေတယ် ဆိုရင်တော့ ရာသီဖွားတူ သူငယ်ချင်းတွေ အတွက်လည်း Share လိုက်ပါအုံးနော်။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

ဘာကို မှ ပေါ့ပေါ့ ဆဆ မလုပ်ဆောင်မိဖို့ အရမ်းအရေးကြီးနေပါတယ်။ ကိုယ့်စိတ်ထဲက တစ်ကယ် နှစ်နှစ်ကာကာ သဘောကျလို့ ရွေးချယ်ဆုံးဖြတ်တာမျိုး မဟုတ်ရင်တော့ တာဝန်တစ်ခုကြောင့်တော့ ဘာကိုမှ လုပ်ဆောင်ဖို့ မသင့်ပါဘူး။

အချစ်ရေးနဲ့ ငွေကြေးအတွက် အနည်းငယ် အခက်အခဲ ရှိတတ်ပါတယ်။ ဒီတစ်ပါတ် အတွင်း ခါးသီးတဲ့ အမှန်တရားတွေ ကြားရပါလိမ့်မယ်။

ယတြာ- ဒီတစ်ပတ်အတွင်း အပြာရောင် ဝတ်တိုင်း အချစ်ရေးကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် အနက်ရောင် ရှောင်ပါ။
ပြိဿရာသီဖွား သူငယ်ချင်းတွေကို Share ပေးဖို့လည်း မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်း မွေးဖွားသူများ

မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်တွေကို အာရုံစိုက်ဖို့က ဒီတစ်ပတ်အတွက် သိပ်ကို အရေးကြီးနေပါတယ်။ ဒါ့အပြင် အပေါင်းအသင်းကိစ္စတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အဆင်ပြေချောမွေ့ဖို့ ကိုယ့်စိတ်ထဲက ခံစားမိတဲ့ အတိုင်း ဆက်ဆံဖို့ လိုအပ်ပါတယ်။ လူတွေနဲ့ အပေါ်ယံတွေ၊ စိတ်ထဲကမပါတာတွေ ပြောပြီး အချိန်မဖြုန်းမိဖို့ သိပ်ကို အရေးကြီးနေပါတယ်။ အဲဒီကနေ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်လို့ပါ။ ရေရှည်အတွက် ရည်ရွယ်ထားတဲ့ ငွေးကြေးနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ ဆွေးနွေးတဲ့ အခါ အထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ- ဒီတစ်ပတ်အတွင်း အတတ်နိုင်ဆုံး အမည်းရောင် ဝတ်တာ ရှောင်ကြဉ်ပေးပါ။

မေထုန်ရာသီဖွား သူငယ်ချင်းတွေ အတွက်လည် ဒီဗေဒင်လေးကို Share ပေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ
ကောင်းမွန်တဲ့ စိတ်ထားလေးကြောင့် ဒီတစ်ပတ်အတွင်း သင့်ကံကြမ္မာကို သူမတူအောင် ပြောင်းလဲမှုတွေ ဖန်တီးပေးပါလိမ့်မယ်။ အနာဂတ်အတွက် သင့်အတွေးအမြင်တွေ အရမ်း စူးရှနေတတ်တာမို့ ကြုံတွေ့လာတဲ့ ပြသနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်း ကိုယ့်အပေါ် ဝေဖန်အကြံပြုလာတဲ့ သူတွေကို စိတ်လိုက်မာန်ပါ မတုန့်ပြန်မိဖို့ အရေးကြီးပါတယ်။ ယတြာ- သင်စိတ်ကူးယဉ်ပြီး အကောင်အထည် မဖေါ်ဖြစ်သေးတဲ့ ခရီးမျိုး သွားလိုက်ပါ။ သင့်စိတ်တွေ ကြည်လင် လန်းဆန်းလာပါလိမ့်မယ်။
ကရကဋ်ရာသီဖွား သူငယ်ချင်းတွေ အတွက်လည် ဒီဗေဒင်လေးကို Share ပေးပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

တစ်လလုံးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ သင့်စိတ်ရော ဦးနှောက်တွေကိုရော ရှင်းလင်းနေဖို့ လိုအပ်ပါတယ်။ ဒီတစ်ပါတ်အတွင်း လက်တွေ့မကျ ဘဲ စိတ်ကူးယဉ်ဆန်တဲ့ လုပ်ရပ်တွေကို ခြေမလှမ်းမိဖို့ အရေးကြီးပါတယ်။ ဒီတစ်ပါတ်အတွင်း ကိုယ့်အပေါ် ဆန့်ကျင်တဲ့သူတွေကို ရင်ဆိုင်တဲ့ အခါ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သူတို့ကို ဆန့်ကျင်ရင်း ကိုယ့်ဦးတည်ချက်တွေ တိမ်းစောင်းသွားတတ်ပါတယ်။

ယတြာ- အဆိုးအညံ့တွေ ပြေပျေက်စေဖို့ ဘုရားမှာ ရေသပ္ပါယ်ရင်း သူငယ်ချင်းတွေကို comment box မှာ tag လုပ်ပြီး အသိပေးဖို့လည်း မမေ့နဲ့နော်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ဒီတစ်ပတ် အတွင်း တစ်ခုခု လုပ်တော့မယ်ဆိုရင် သတိထားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ စလုပ်တာနဲ့ နောက်ပြန်ဆုတ်လို့ မရတော့တဲ့ အခြေအနေမျိုး ကြုံတွေ့ရတတ်လို့ပါ။ ဒါကြောင့် ကိုယ်ဘာကို လုပ်ချင်လဲဆိုတာ သေချာအောင် စဉ်းစားပြီးမှ ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး အရမ်းကို သည်းခံစိတ်ရှည်မှ ရမယ့် အခြေအနေမျိုးပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်လောမှုတွေကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်မလာအောင် သတိထားဖို့ လိုအပ်ပါတယ်။

ယတြာ- သင့်အိမ် ဘုရားစင်မှာ ထမင်းဖြူ ဆီဆမ်း နေ့စဉ်လှူပေးပါ။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

အာဏာ ပြိုင်ဆိုင်မှုတွေမှာ ကိုယ့်နဲ့ မဆိုင်ဘဲ ဝင်ပါမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဝင်မပါမိဖို့ အရေးကြီးပါတယ်။ ဒီတိုင်းတောင် လူမှုဆက်ဆံရေး အပိုင်းနဲ့ ပတ်သက်ပြီး ကသိကအောင့် ဖြစ်နေတာ ကိုယ့်ရဲ့ မဆင်ခြင်မှုတွေကြောင့် တော့ ထပ်ပြီး ပဋိပက္ခတွေ မဖန်တီး သင့်တော့ပါဘူး။ အချစ်ရေးနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်တိုင်းကျ ဖြစ်မလာတာမျိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးလေးတွေလည်း ကြုံရတတ်ပါတယ်။

ယတြာ- ဒီတစ်ပတ်မှာတော့ အရောင်ရင့်တွေ ဝတ်တာ ရှောင်ပါ။ မီးခိုးရောင်က ဒီအပတ်အတွက် သင့်ကို ကံကောင်းစေမယ့် အရောင်ပါ။ ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံး သူငယ်ချင်း (၅) ဦးကို tag လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပါတ်အတွင်း အချစ်ရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး စိတ်ညစ်ရတတ်ပါတယ်။ အလွယ်လမ်းလိုက်ပြီး လမ်းမှားရောက်မိတာကြောင့် ကိုယ့်ခြေလှမ်းတွေကို အမြဲ သုံးသပ်နေဖို့ လိုအပ်ပါတယ်။ ဖြေးဖြေးနဲ့ မှန်မှန် ကြိုးစားခြင်းက အောင်မြင်မှုရဲ့ သော့ချက်ပဲ ဖြစ်တယ်ဆိုတာ သတိရလိုက်ပါ။ ငွေကြေးနဲ့ ပတ်သက်ပြီး အလွဲအမှားလေးတွေ ဖြစ်တတ်တာမို့ ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။

ယတြာ- အိမ်မှာ ရှိတဲ့ အဝတ်အစား ဟောင်း တစ်စုံလောက် စွန့်ကြဲလိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

သတင်းကောင်းတွေနဲ့ အလုပ်မှာ ရရှိလာမယ့် အောင်မြင်မှုတွေက သင့်မျက်နှာကို အပြုံးပန်းတွေ ပွင့်ဖူးပေးဖို့ အသင့်စောင့်နေပါတယ်။ သင့်ရဲ့ ကြီးကျယ်ခမ်းနာတဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်မယ့် အနာဂါတ်တစ်ခု ဖြစ်လာဖို့ နီးစပ်နေပါပြီ။ စိတ်ခံစားမှုတွေကြောင့် ရှေ့မရောက်တော့အောင် ပိတ်မိနေတတ်တာမျိုးလေးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ခံစားမှုကို အလိုမလိုက်မိအောင် ထိန်းချုပ် သင့်ပါတယ်။

ယတြာ- မိဘတွေကို အဝတ်အစားဖြစ်စေ၊ အသုံးဝင်တဲ့ ပစ္စည်းလေးတွေ ဖြစ်စေ ကန်တော့လိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) လိုက်ဖို့ မမေ့နဲ့နော်။

၁၀။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ရတဲ့ တိုးတက်ပြောင်းလဲမှုကြီးကို သင့်ရဲ့ ပြင်းထန်တဲ့ စိတ်ဓါတ်ရယ် စိတ်အားထက်သန်မှုတွေရယ်ကြောင့် မကြာခင် လက်ဝယ်ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်စိတ်ထဲမှာ လုပ်ချင်နေတဲ့ အရာမှန်သမျှကို လက်မတွန့်ဘဲ လုပ်ဖြစ်အောင် လုပ်လိုက်ပါတော့။ သင့်ရဲ့ လူမှုဆက်ဆံရေးတွေကတော့ သင်ဘာမှ အားစိုက်ထုတ်စရာ မလိုဘဲကို သူမတူအောင် ထူးခြားကောင်းမွန်နေပါလိမ့်မယ်။

ယတြာ- ဒီအပတ်အတွက် အရောင်နုနုလေးတွေ ဝတ်ဆင်ခြင်းက သင့်ကို ကံကောင်းစေဖို့ ကူညီပေးပါလိမ့်မယ်။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ပြီးခဲ့တဲ့ အပါတ် က ပြီးခဲ့ပြီထင်ခဲ့တဲ့ ငွေးကြေးကိစ္စတွေက ဒီအပါတ်မှာ ပြန်ပြီး ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် စိတ်တည်တည်ငြိမ်နဲ့ ဖြေရှင်းမယ်ဆိုရင်တော့ ရေရှည်အတွက် ပါ အဆင်ပြေချောမွေ့သွားမှာပါ။ သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး မပြေလည်ထားတဲ့ ဆက်ဆံရေးတွေကို ပြန်လည်ကုစားဖို့ အချိန်ယူသင့်တဲ့ ကာလပဲဖြစ်ပါတယ်။ ချစ်သူကိုလည်း တစ်ချိန်က လုပ်ရပ်တွေအတွက် ပြန်လည် ကုစားရမယ့် အချိန်ပဲ ဖြစ်ပါတယ်။

ယတြာ- အဝတ်အစားဟောင်းတွေ၊ ပစ္စည်းအဟောင်းတွေ ၊ သင်မသုံးတော့တာတွေကို သူများတွေဆီ စွန့်ကျဲလိုက်ပါ။

ကုံရာသီဖွားသူငယ်ချင်းတွေအတွက်လည်း share ပေးဖို့မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်း မွေးဖွားသူများ

အခုအပတ်က အပြောင်းအလဲ တွေပြုလုပ်ဖို့ အတွက် အရမ်းသင့်တော်တဲ့ အချိန်ဖြစ်တာကြောင့် ကိုယ့်ချစ်သူနဲ့ ဖြစ်ဖြစ် ကိုယ့်ဘဝလမ်းကြောင်းအတွက် ပဲ ဖြစ်ဖြစ် ဆုံးဖြတ်စရာရှိတာတွေကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်ပါ။ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တဲ့ အလုပ်တွေမှာ ကိုယ်မထင်မှတ်ထားလောက်တဲ့ ရလာဒ်တွေ ရလာပါလိမ့်မယ်။ သင့်ရဲ့ အကောင်းမြင်စိတ်လေးကြောင့် သင့်အနာဂတ်တွေ သာယာလှပတော့မယ့် အချိန်လေးပဲ ဖြစ်ပါတယ်။

ယတြာ- ကလေးငယ် တစ်ယောက်ယောက်ကို သူစားချင်တဲ့ အစားအသောက်တစ်ခု ဝယ်ကျွေးပြီး ကုသိုလ် ယူလိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။