အေဘီသွေးသမားတွေရဲ့ ပင်ကိုယ်အရည်အသွေးများ

အေဘီသွေးသမားတွေရဲ့ အားသာချက်တွေကတော့ –
  • တစ်ခုခုဆို ကျိုးကြောင်းဆင်ခြင်မှုအားကောင်းကြတယ်။
  • သူများအပေါ်မှာလည်း စာနာစိတ်ရှိကြတယ်။
  • ဆွဲဆောင်မှုရှိပြီး လူအများကြား ထင်ပေါ် ကျော်ကြားကြတယ်။
  • အမြဲ လုပ်တဲ့အလုပ်ကို စိတ်အားထက်သန်စွာ လုပ်တတ်ကြတယ်။
  • အသေးအဖွဲ ကိစ္စလေးတွေအတွက် အချိန်မကုန်တတ်ကြပါဘူး။
  • သူငယ်ချင်းတွေအပေါ် အနစ်နာ ခံတတ်ကြတာကြောင့် အားလုံးရဲ့ ချစ်ခြင်းကို ခံရတတ်တယ်။
  • သပ်သပ် ရပ်ရပ် နေထိုင်ရတာကို နှစ်သက်ကြတယ်။
အေဘီသွေးသမားတွေမှာ ဖြစ်တတ်တဲ့ အားနည်းချက်လေးတွေကတော့
  • တစ်ကိုယ်တည်း သီးသီးသန့်သန့် နေထိုင်တတ်တော့ အထီးကျန်သလို ဖြစ်နေကြတာပါပဲ။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှ တင်ဆက်ပါသည်။
  • တစ်ဖက်လူအပေါ် စိတ်နာသွားပြီဆို ခွင့်လွှတ်ဖို့ သိပ်ကို ခဲယဉ်းတတ်ပါတယ်။
  • တစ်ခုခုဆုံးဖြတ်တော့မယ်ဆို ဒွိဟတွေ ဖြစ်နေတတ်တယ်။
  • စိတ်ဖိစီး မှုတွေကိုလည်း ခံနိုင်ရည် မရှိကြပါဘူး။
  • တစ်ခါတစ်လေ တိတ်ဆိတ်လွန်းလို့ သူငယ်ချင်းတွေက နားမလည် နိုင်အောင် ဖြစ်ရပါသေးတယ်။
  • တစ်ခုခု မွန်းကြပ်နေပြီဆို အဲဒီအခြေအနေက ထွက်ပြေးဖို့ စဉ်းစားတတ်ကြတယ်။
  • မကြာခဏ ကိုယ့်ကိုယ့်ကိုလည်း အကျဉ်းကျနေသလို ခံစာနေရတတ်တယ်။

အေဘီသွေးသမားတွေ အနေနဲ့ ရွေးချယ်သင့်တဲ့ လက်တွဲဖော်တွေကတော့ အေဘီသွေးသမားအချင်းချင်း ၊ ဘီသွေးသမားတွေ၊ အေသွေးသမားတွေ၊ အိုသွေးသမားတွေပဲ ဖြစ်ပါတယ်။

တိုက်ဆိုင်နေတယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါ။