မွေးချင်းထဲမှာ ဘယ်နှယောက်မြောက် ဖြစ်တယ်ဆိုတာက ပြောနေသော သင့်အကြောင်း

blank
၁။ သင်က မောင်နှမတွေထဲမှာ အကြီးဆုံးသာဆိုရင်

သင်ဟာ ရင့်ကျပ်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သင့်လက်အောက်က မောင်နှမတွေကို ရှေ့ဆောင်လမ်းပြ ပေးနေတတ်တယ်။ အဲ့ဒါကြောင့် ဘယ်သူကမှ မပြောရင်တောင် ကိုယ့်တာဝန်ကိုယ်သိပြီး အောက်က မောင်ငယ်၊ ညီမငယ်တွေ အတုယူဖွယ်ရာဖြစ်အောင် အမြဲကြိုးစား နေတတ်သူပါ။ ပြီးတော့ သင်ဟာ အောင်မြင်မှုကို မက်မောတတ်တယ်။ တာဝန်ယူစိတ် ရှိတယ်။ သူတစ်ပါးကို ပျော်ရွှင်အောင် ထားရတာကိုလည်း နှစ်သက်တယ်။ မိသားစုမှာ သင့်ထက်အငယ်ရှိလာပြီး သင့်ကို သိပ်ပြီး ဂရုမစိုက်တော့ဘူး ဆိုရင်တော့ သင်က မနာလိုတတ်တယ်။

၂။ သင်က မောင်နှမတွေထဲမှာ အလတ်သာဆိုရင်

သင်ဟာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းတတ်ပြီး လူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်းသင်းတတ်သူပါ။ သင်က တစ်ခြားမောင်နှမတွေထက် ပိုပြီး ဆိုးတတ်တယ်။ ကိုယ့်လမ်းကိုယ်ဖောက်ပြီး အဲ့ဒီလမ်းကို ရောက်ဖို့ ဘယ်လိုနည်းနဲ့ မဆိုသွားတတ်တယ်။ ဘယ်အခြေအနေမျိုးမှာမဆို အဆင်ပြေအောင်လည်း နေထိုင်တတ်တယ်။ ပြီးတော့ သင်ဟာ မိသားစုက ပြဿနာတွေကိုလည်း ကူပြီး ဖြေရှင်းပေးတတ်တယ်။ မျှမျှတတ နေထိုင်ရတာကို ကြိုက်နှစ်သက်သူဖြစ်ပြီး တစ်ခြားမောင်နှမတွေမှာ မရှိတဲ့ တမူထူးခြားတဲ့ အရည်အသွေးတွေ ရှိနေတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၃။ သင်က မောင်နှမတွေထဲမှာ အငယ်ဆုံးသာဆိုရင်

သင်ဟာ နည်းနည်း ဆိုးသွမ်းပြီး အမြဲ ငြီးတွားနေတတ်သူပါ။ ဂျစ်တူးလေးပေါ့။ ပြီးတော့ သင်က စိတ်မရှည်တတ်ဘူး။ သွက်သွက်လတ်လတ် နေထိုင်တတ်သူလည်း ဖြစ်တယ်။ သူများတွေက ကိုယ့်ကို ခိုင်းတာကိုလည်း မကြိုက်တတ်ဘူး။ တစ်ခြား မောင်နှမတွေဆီမှာ မရှိတဲ့ အရည်အသွေးတွေ သင့်ဆီမှာရှိတယ်။ သင်က အိမ်မှာဆိုရင် ကလေးငယ်လေးလိုပဲ နေထိုင်ပြီး အကြီးတွေကပဲ သင့်ကိစ္စတွေ ကူညီဖြေရှင်း ပေးနေတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတဲ့ နေရာတို့၊ တာဝန်ယူတဲ့ နေရာတို့မှာဆို အခက်အခဲတွေ ကြုံတွေ့ရလေ့ရှိတယ်။

၎။ သင်က တစ်ဦးတည်းသော သား၊သမီးဆိုရင်

သင်က အကြီးဆုံးကလေးနဲ့ အများအားဖြင့်တူပါတယ်။ သင်က တစ်ဦးတည်း ဖြစ်တာကြောင့် သင့်ကို မိသားစုဝင်တွေက အမြဲဂရုစိုက်နေတော့ နေရာတိုင်းမှာလည်း သင်က အဲ့ဒီလိုပဲ ဂရုစိုက်မှုတွေ ခံချင်တယ်။ ပြီးတော့ သင်က တာဝန်ယူတတ်တယ်။ ကိုယ့်ကိုယ် ယုံကြည်မှုရှိတယ်။ ဒါပေမယ့် သူတစ်ပါးကို သိပ်ပြီး မဝေဖန်တတ်ဘူး။ သင်က အိမ်မှာဆိုရင် တစ်ဦးတည်းသော ကလေးတွေ အများစုလို ဝေမျှညှိနှိုင်းနေထိုင်စရာ မလိုတာ့ သင့် မောင်နှမဝမ်းကွဲတွေနဲ့ တွေ့တဲ့အခါ၊ ဆက်ဆံတဲ့ အခါတွေမှာ သိပ်အဆင်မပြေတော့ပဲ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်သွားတတ်တယ်။

တိုက်ဆိုင်နေတယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share လိုက်ပါ။