၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (စက်တင်ဘာလ ၂၁ ရက် မှ ၂၇ ရက်နေ့အထိ)

blank
၁။ မိဿ      ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်း ကိုယ်တစ်ချိန်လုံး ပြောချင်နေပြီး ပြောမထွက်တဲ့ စကားတွေ ရုတ်တရက် ထွက်သွားတတ်ပါတယ်။ သင့်ဘဝမှာ အရေးပါတဲ့ relationship အတွက် အချိန်ပေး ရတာမျိုးလေးတွေ ရှိတတ်ပါတယ်။ ကိုယ့်အချိန်တွေကို လုပ်ဖော်ကိုင်ဖက်တွေ အကြောင်း ပြောဆို ဝေဖန်ရင်း အချိန်ကုန်တာမျိုး မဖြစ်ပါစေနဲ့။ သူ့လူကိုယ့်ဖက်သားတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာပါလိမ့်မယ်။

ယတြာ – လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ အချိန်မှီ ပြီးမြောက်ဖို့ ဘုရားမှာ ဖြစ်စေ၊ ဘုန်းကြီး ကျောင်းမှာ ဖြစ်စေ နာရီ လှူပေးပါ။ သို့မဟုတ် မရှိဆင်းရဲတဲ့ ကလေးကို သင့်နာရီအဟောင်း ပေးလိုက်ပါ။

ကဲ ဘယ်လိုလဲ တိုက်ဆိုင်နေတယ် ဆိုရင်တော့ ရာသီဖွားတူ သူငယ်ချင်းတွေ အတွက်လည်း Share လိုက်ပါအုံးနော်။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂ဝ ) မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

သင့်အတွက် ဒီအပတ် သူငယ်ချင်းက ပြောထားတဲ့ လျို့ဝှက်ချက်တစ်ခုကို မပေါက်ကြားအောင် ထိန်းသိမ်းရ ခက်ခဲနေတတ်တယ်။ အကြောင်းကတော့ တစ်ခုခုဆို လူတွေက သင့်ဆီပဲ ပြေးပြေးလာတတ်ကြတော့ သီတင်းထူးပြီဆို ကိုယ်ကပြောချင်နေတတ်တယ်လေ။ J ဒါပေမယ့် သူများအရှုပ်ထုပ်ကို လူလယ်မှာ ချပြတယ်ဆိုတာတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒီလို အခြေနေလေးတွေက သူငယ်ချင်းတွေကြား မမျှော်လင့်ဘဲ ပဋိပက္ခလေးတွေ ဖြစ်တတ်ပါတယ်။

ယတြာ – ဒီတစ်ပတ်အတွင်း အနက်ရောင် ဝတ်တိုင်း အချစ်ရေးကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် အနက်ရောင်ကို ရှောင်ပါ။
ပြိဿရာသီဖွား သူငယ်ချင်းတွေကို Share ပေးဖို့လည်း မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်း မွေးဖွားသူများ

သင်ထင်ထားတာနဲ့ မတူတဲ့ ပြောင်းလဲမှုမျိုး ကြုံတွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့ ကလေးဆန်တဲ့ အပြုအမူတွေအစား ရင့်ကျတ်မှုတွေ အစားထိုးရမယ့် အချိန်ရောက်နေပါပြီ။ ကံကြမ္မာ အညံ့ကြုံနေတဲ့ အခိုက်မို့ အခက်အခဲတွေ ကြုံလာရရင် ဘဝဆိုတာ အခက်အခဲတွေ ကင်းလို့မရဘူးဆိုတာ နှလုံးသွင်းလိုက်ပါ။ မုန်တိုင်းပြီးရင် လေပြည်လေး လာတော့မှာမို့ အားတင်းပြီး ကြုံလာသမျှတွေကို ရင်ဆိုင်လိုက်ပါ။

ယတြာ – ဒီတစ်ပတ်အတွင်းမှာ အတတ်နိုင်ဆုံး အမည်းရောင် ဝတ်တာ ရှောင်ကြဉ်ပေးပါ။

မေထုန်ရာသီဖွား သူငယ်ချင်းတွေ အတွက်လည် ဒီဗေဒင်လေးကို Share ပေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ
ဒီတစ်ပတ်မှာ ကိုယ်အရမ်းရင်းနီးရတဲ့ သူတစ်ယောက်က ဘာမှ မတိုင်ပင်ပဲ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ကိုယ့်အတွက် စဉ်းစားရတာတစ်မျိုး သူနဲ့ ညှိနှိုင်းရတာတစ်မျိုးကြောင့် သင့်စိတ်တွေ ရှုပ်ထွေးနေတတ်ပါတယ်။ ဘာအကြောင်းမှ မရှိဘဲ အားမရှိသလို ဖြစ်နေရင်လည်း မအံ့သြပါနဲ့၊ ခန္ဓာကိုယ်ထက် စိတ်က ပိုပြီး လေးလံနေတတ်တာမို့ပါ။ ဒါပေမယ့် အားလုံး ကောင်းသွားပြီး သူ့အလိုလိုပဲ ပြန်အဆင်ပြေသွားမှာပါ။

ယတြာ – စိတ်ကူးယဉ်ထားပေမယ့် အကောင်အထည် မဖေါ်ဖြစ်သေးတဲ့ ခရီးမျိုး သွားလိုက်ပါ။ သင့်စိတ်တွေ ကြည်လင် လန်းဆန်းလာပါလိမ့်မယ်။

ကရကဋ်ရာသီဖွား သူငယ်ချင်းတွေ အတွက်လည် ဒီဗေဒင်လေးကို Share ပေးပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

အလုပ်မှာ မလိုလားအပ်တဲ့ ပြဿနာလေးတွေ တတ်တတ်ပါတယ်။ အဓိကကတော့ ကိုယ်ဘာမှ ရေရေရာရာ မသိဘဲဝင်ရောက်ပြောဆိုတာတွေ သတိထားရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ကိုယ်က မိတ်ဆွေလို့ ထင်ပြီး ရင်းရင်းနီနီး ပေါင်းသင်းနေတဲ့ သူတွေက ကိုယ့်အတွက် တော့ မြွေပွေးခါးပိုက်ပိုက်ထားသလို ဖြစ်နေတတ်ပါတယ်။

ယတြာ – ဘုရားမှာ ရေသပ္ပါယ်ရင်း သူငယ်ချင်းတွေကို comment box မှာ tag လုပ်ပြီး အသိပေးဖို့လည်း မမေ့နဲ့နော်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ဒီကာလကတော့ သင့်အတွက် ကိုယ်မျှော်လင့်ထားတဲ့ ပန်းတိုင်တစ်ခုကို ရောက်ဖို့ အပြင်းအထန် ကြိုးစားရမယ့် အချိန်တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်ယုံကြည်ထားတဲ့ လူယုံတွေက ကိုယ့်ကိစ္စတွေကို အတွင်းကျကျ သိသွားတဲ့ အခါ အကောက်ကြံတာမျိုး၊ ကိုယ့်အပေါ် မနာလိုဖြစ်လာတာမျိုးလေးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် သိုသိုသိပ်သိပ်နဲ့ သတိထား လုပ်ဆောင်ဖို့ လိုပါတယ်။ သူ့ဖက်ကိုယ့်ဖက် မျှတဖို့တော့ မမေ့နဲ့ပေါ့။

ယတြာ- သင့်အိမ် ဘုရားစင်မှာ ထမင်းဖြူ ဆီဆမ်း နေ့စဉ်လှူပေးပါ။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

ကိုယ့်ဘဝရဲ့ အရေးပါတဲ့ ကိစ္စရပ်တွေကိုပါ ဝင်ရောက် စွက်ဖက်ချင်တဲ့ သူတွေကို အရမ်းကြီး မျက်နှာသာပေးလို့ မရပါဘူး။ အချိန်ကြာလာတဲ့အခါမှ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရလာတတ်လို့ပါ။ တစ်ကယ်လို့ ကိုယ့်ဘဝလမ်းကြောင်းအတွက် တစ်စုံတစ်ယောက်ရဲ့ အကြံဥာဏ်တွေ လိုအပ်လာပြီဆိုရင်တော့ ကိုယ့်တစ်ကယ် လေးစားယုံကြည်ရတဲ့ သူကိုပဲသူနဲ့ လေးလေးနက်နက် တိုင်ပင်လိုက်ပါ။ ဒါမှ သင့်အတွက် ကောင်းမွန်တဲ့ အဖြေထွက်လာမှာ ဖြစ်ပါတယ်။

ယတြာ – ဒီတစ်ပတ်မှာတော့ အရောင်ရင့်တွေ ဝတ်တာ ရှောင်ပါ။ မီးခိုးရောင်က ဒီအပတ်အတွက် သင့်ကို ကံကောင်းစေမယ့် အရောင်ပါ။

ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံး သူငယ်ချင်း (၅) ဦးကို tag လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဆေးစက်ကျရာ အရုပ်ထင်မယ့် ကာလပါပဲ။ ကိုယ်လုပ်သမျှကိုလည်း စိတ်ဝင်တစားနဲ့ အာရုံစိုက်လာနိုင်တာကြောင့် လုပ်သမျှ အောင်မြင်ပြီး စိတ်ချမ်းသာရမယ့် ကာလဲလေးပဲ ဖြစ်ပါတယ်။ လတ်တစ်လော ကြုံတွေ့ရမယ့် မိတ်ဆွေတွေကလည်း ကိုယ့်အနာဂတ်လမ်းကြောင်းလေး ဖြောင့်ဖြူးစေဖို့ တစ်နည်းတစ်ဖုံ အကျိုးပြုမှာ မလွဲပါပဲ။ ငွေကြေးနဲ့ ပတ်သက်ပြီး အလွဲအမှားလေးတွေ ဖြစ်တတ်တာမို့ ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။

ယတြာ- အိမ်မှာ ရှိတဲ့ အဝတ်အစား ဟောင်း တစ်စုံလောက် စွန့်ကြဲလိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ကိုယ်ရော ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရော မျှော်လင့်ခဲ့ရတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အောင်မြင်မှုတစ်ခုက ကိုယ့်လက်ထဲမှာမူတည်နေပါတယ်။ ဒါကြောင့် ကိုယ့်မှာ ရှိသမျှ အစွမ်းအစတွေနဲ့ ကိုယ့်အဖွဲ့အစည်းကိုလည်း တတ်နိုင်သမျှ အားပေးကူညီဖို့ လိုအပ်ပါတယ်။ ဒီတစ်ပတ်အတွင်း လက်ထဲ ငွေမကပ်တာကြောင့် စိတ်ပူရတတ်ပါတယ်။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဒီတစ်ပတ်ကျော်တာနဲ့ ငွေတွေ အလုံးအရင်းနဲ့ ရလာပါလိမ့်မယ်။

ယတြာ- မိဘတွေကို အဝတ်အစားဖြစ်စေ၊ အသုံးဝင်တဲ့ ပစ္စည်းလေးတွေ ဖြစ်စေ ကန်တော့လိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) လိုက်ဖို့ မမေ့နဲ့နော်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

ကိုယ့်အချိန်တော်တော်များများက တစ်စုံတစ်ယောက်အတွက် ပူပန်နေရတာနဲ့ ကုန်ဆုံးရတတ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ဘဝအတွက် တစ်ကယ်အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ဖို့ ပျက်ကွက်သွားတတ်ပါတယ်။ ဒါပေမယ့် သင်ကိုယ်သင်သာ အားမရနေတာ သင့်မျှော်လင့်ချက် အိမ်မက်တွေက သင့်နဲ့ တစ်ဖြည်းဖြည်း နီးကပ်လာနေပါပြီ။ ကိုယ်တတ်နိုင်တဲ့ ဘက်ကသာ အားကုန်ကြိုးစားလိုက်ဖို့ လိုတော့တာပါ။

ယတြာ- ဒီအပတ်အတွက် အရောင်နုနုလေးတွေ ဝတ်ဆင်ခြင်းက သင့်ကို ကံကောင်းစေဖို့ ကူညီပေးပါလိမ့်မယ်။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကိုယ်နဲ့ အရမ်းရင်းနီးပြီး ကိုယ်ယုံကြည်ရတဲ့ သူတစ်ယောက်က ကိုယ့်အကြောင်း ကွယ်ရာမှာ ပြောတာမျိုး။ ကိုယ့်သဘောမပါဘဲ တစ်ခုခုကို ဝင်ရောက်ဆုံးဖြတ်တာမျိုး ကြုံရတတ်ပါတယ်။ အတတ်နိုင်ဆုံး ဒေါသတွေ ထိန်းချုပ်ဖို့ လိုပါတယ်။ တစ်ကယ်တော့ အဲဒီသူငယ်ချင်းတွေက ကိုယ့်ကောင်းကျိုးကို တစ်လျှောက်လုံး လိုလားခဲ့တဲ့သူတွေပါ။ အကြောင်း တိုက်ဆိုင်လို့ မှားသွားခဲ့တဲ့ အမှားတစ်ခုအတွက် ဗွေမယူသင့်ပါဘူး။

ယတြာ- အဝတ်အစားဟောင်းတွေ၊ ပစ္စည်းအဟောင်းတွေ ၊ သင်မသုံးတော့တာတွေကို သူများတွေဆီ စွန့်ကျဲလိုက်ပါ။

ကုံရာသီဖွားသူငယ်ချင်းတွေအတွက်လည်း share ပေးဖို့မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်း မွေးဖွားသူများ

အလုပ်မှာ ဘာမှ အထင်ကြီးဆရာ မရှိတဲ့ လူတစ်ယော်က အလုပ်မှာ နာမည်ကောင်း ရတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရတွေ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။ မကြာခင် သင့်အလှည့်ရောက်တော့မှာပါ။ သင်ဘက်က တစ်စိုက်မတ်မတ်နဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားလိုက်ဖို့ပါပဲ။ အောင်မြင်မှုက သင်နဲ့လက်တစ်ကမ်းအကွာမှာပဲ ရှိပါတယ်။

ယတြာ- ကလေးငယ် တစ်ယောက်ယောက်ကို သူစားချင်တဲ့ အစားအသောက်တစ်ခု ဝယ်ကျွေးပြီး ကုသိုလ် ယူလိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။