၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (စက်တင်ဘာလ ၁၄ မှ ၂ဝ ရက်နေ့အထိ)

blank
၁။ မိဿ     ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

အခုအချိန်ဟာ ကိုယ့်ရဲ့ကံကြမ္မာဆိုးတွေကို တိုက်စားသွားတော့မယ့် အချိန်ကောင်းလေးပဲ ဖြစ်ပါတယ်။ တစ်ချိန်က အလွန်အမင်း စိုးရိမ်ခဲ့တဲ့ အရာတွေက တစ်ကယ်တော့ ဘဝအတွက် ရေရှည်ကောင်းဖို့ ဖြစ်လာခဲ့တာပါလားဆိုတာ သိသွားပြီး စိတ်တွေ လွတ်လပ်ပေါ့ပါးသွားပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ ဒီတစ်ပတ်အတွင်း သင့်ကို ကံကြမ္မာက ကောင်းကောင်း မျက်နှာသာပေးနေမှာမို့ လုပ်သမျှ အောင်မြင်မှုတွေနဲ့ အဆုံးသတ်ဖို့ သေချာနေပါတယ်။

ယတြာ- အိမ်မှာ မုန့်တစ်ခုခု လုပ်စားရင်း အိမ်နီးနားချင်းတွေကို ဝေမျှလိုက်ပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ကဲ ဘယ်လိုလဲ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သူငယ်ချင်းတွေ အတွက်လည်း မျှဝေပေးလိုက်ပါအုံးနော်။

၂။ ပြိဿ     ရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

မိသားစုဝင်တွေ ၊ သူငယ်ချင်းမိတ်ဆွေတွေအတွက် တတ်နိုင်သမျှ အချိန်ပေးနိုင်အောင်ကြိုးစားပါ။ သင့်ရဲ့ မအားလပ်မှုတွေက သူတို့သင့်ကို တစ်မျိုးမြင်စေဖို့ အထောက်အပံ့ဖြစ်နေခဲ့တာ ကြာနေပြီဖြစ်ပါတယ်။ သူတို့ အရမ်းလိုအပ်နေချိန်မှာတောင် သင်က လျစ်လျူရှုတယ်ဆိုပြီး တွေးထင်နေတဲ့ သူတွေအတွက် ဒီတစ်ပတ်ကတော့ သူတို့ရင်ထဲမှာ ရှိနေတဲ့ အထင်လွဲမှုတွေကို ဖြေဖျောက်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ရတော့မယ့် အချိန်လေးပဲ ဖြစ်ပါတယ်။ သင့်စေတနာတွေက ရောက်ပြန်ဟပ်မှာမို့ ထွေထွေထူးထူးတွေးပူနေစရာ မလိုတော့ပါဘူး။

ယတြာ- အိမ်မှာ ရှိတဲ့ အဝတ်အထည်ဟောင်း တစ်စုံလောက်ု စွန့်ပစ်လိုက်ပါ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ပြိဿရာသီဖွား သူငယ်ချင်း (၃) ယောက်နဲ့ Share ပေးဖို့လည်း မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်း မွေးဖွားသူများ

သင်ဖြစ်ချင်တဲ့ အရာတွေ ဖြစ်မလာလို့ စိတ်တိုင်းမကျ ဖြစ်နေပြီလား။ တကယ်တော့ အဲဒါတွေပိုင်ဆိုင်ရဖို့က သင့်အပေါ်မှာပဲ မူတည်နေတာပါ။ သင်စိတ်ထဲမှာ ဖြစ်နေတဲ့ အရာတွေကို သင့်ပတ်ဝန်းကျင်ကလူတွေကို ဖွင့်ဟပြောဆိုဖို့ ဝန်လေးမနေပါနဲ့။ သင်ထင်ထားသလောက်လည်း ခက်ခဲနေတာမျိုး မဟုတ်ပါဘူး။ သူတို့အားလုံးက သင့်အတွက် အမြဲ အသင့်ရှိနေတဲ့သူတွေ ဖြစ်တယ်ဆိုတာ သတိရလိုက်ပါ။ သင့်စိတ်တွေ လွတ်လပ်ပေါ့ပါးလာပါလိမ့်မယ်။

ယတြာ- သင့်အိမ် ဘုရားစင်မှာ ပန်းအဖြူရောင် လှူပေးပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

မေထုန်ရာသီဖွားတွေ အတွက် ဒီဗေဒင်လေးကို မျှဝေပေးလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

သင့်ကို ကူညီဖေးမမယ့်သူတွေ အများကြီး ရှိနေတာမို့ ဘာဖြစ်ဖြစ် မပွင့်လင်းတတ်တဲ့ သင့်အကျင့်ကို ခဏလောက် ဖျောက်ထားပြီး လိုအပ်နေတာတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ တိုင်ပင်လိုက်ပါ။ သင့်ပတ်ဝန်ကျင်က သင့်ကို အရင်ကထက်ပိုပြီး ဂရုတစိုက်ရှိနေတတ်ပါတယ်။ အချစ်ရေးကတော့ ပဋိပက္ခတွေ ရှိလာရင်တောင် နှစ်ဦးသား ပြေပြေလည်လည် ညှိနှိုင်းလိုက်ကြရင် အားလုံး အဆင်ပြေသွားမှာပါ။ သင်တို့နှစ်ဦးကြားက ပြသနာကို အပြင်သယ်မသွားမိဖို့တော့ အရေးကြီးပါတယ်။ ယတြာ- ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ ငွေရောင်၊ အဖြူရောင်လေးတွေပါဝင်တဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့ မမေ့နဲ့နော်။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

အလုပ်နဲ့ ပတ်သက်ပြီး အစုရှယ်ယာနဲ့ လုပ်တဲ့ လုပ်ငန်းတွေနဲ့ စပ်တူလုပ်ငန်းတွေက သင့်အတွက် ကောင်းကောင်းကြီး အကျိုးပေးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလုပ်စကားပြောတဲ့ အခါမှာတော့ အခြားသူတွေပြောတိုင်း ခေါင်းညိတ်သဘောတူတာမျိုးထက် ကိုယ်တိုင် စဉ်းစား ဆုံးဖြတ်ဖို့လိုအပ်ပါတယ်။ နောက်ဆုံး အချိန်ကျမှ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်လေးတွေက ထင်မှတ်မထားတဲ့ အောင်မြင်မှုမျိုး တွေ ပိုင်ဆိုင်ရဖို့ သေချာနေပါတယ်။

ယတြာ- သင့်အိမ် ဘုရားစင်မှာ ငွေစက္ကူလှူပေးပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေကို comment box မှာ tag လုပ်ပြီး အသိပေးဖို့လည်း မမေ့နဲ့နော်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

လတ်တစ်လောမှာ ဘဝအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ကြုံရတော့မှာပါ။ စိန်ခေါ်မှုတွေလည်း ပြည့်နှက်နေတာမို့ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြည့်တင်းထားဖို့ လိုအပ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေအတွက် စနစ်တကျ အစီအစဉ်ချပြီး လုပ်သင့်တဲ့ကာလဖြစ်ပါတယ်။ ဘာမှ စိုးရိမ်စရာတော့ မရှိပါဘူး။ ကံကြမ္မာက သင့်ဘက်မှာ အပြည့်အဝ ရှိနေပြီးသားပါ။

ယတြာ- မီးခိုးရောင်က ဒီအပတ်အတွက် သင့်ကို ကံကောင်းစေမယ့် အရောင်ပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

ကိုယ့်အပေါ် တစ်ခုခုမျှော်လင့်နေတဲ့ မိတ်ဆွေရှိခဲ့ရင် ကိုယ်တာဝန်မယူနိုင်ဘူးဆို ပွင့်ပွင့်လင်းလင်း ငြင်းဆိုလိုက်ပါ။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့ကို မျှော်လင့်ချက်ထပ်ပေးသလိုဖြစ်ပြီး ကိုယ်ဂုဏ်သိက္ခာထိခိုက်တဲ့ အထိ ဖြစ်လာတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးအတွက် ခြွေမှ ရံမယ်ဆိုတဲ့ စကားကို ခဏမေ့ထားလိုက်ပါ။ ငွေသုံးတိုင်း လမှုဆက်ဆံရေး အဆင်ပြေမယ်ဆိုတာ အမြဲ မမှန်နိုင်ပါဘူး။ မိမိစိတ်ရင်းအတိုင်း ဆက်ဆံလိုက်ရင် အရာအားလုံး အဆင်ပြေသွာမှာပါ။

ယတြာ- ဒီတစ်ပတ်မှာတော့ အရောင်ရင့်တွေ ဝတ်တာ ရှောင်ပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၅) ဦးကို tag လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကိုယ့်ချစ်သူကို အခြားတစ်ယောက်နဲ့ သဝန်တိုပြီး တစ်ယောက်တည်း ဒုက္ခများနေတတ်ပါတယ်။ သင်ထင်ထားသလောက် စိုးရိမ်စရာမရှိပါဘူး။ သင့်စိတ်ကို ဆိုးရွားအောင် ခံစားစေတာ သင်ပါပဲ။ သင်ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်ဆောင်ခဲ့တာကြောင့် အဲဒီရလာဒ်တွေကို ပြန်ခံစားရတော့မယ့် အချိန်လည်း ဖြစ်ပါတယ်။

ယတြာ- ယတြာ- ဒီတစ်ပတ်အတွင်း အတတ်နိုင်ဆုံး အနီရောင်ဝတ်တာဖြစ်စေ၊ အနီရောင် ပစ္စည်းဆောင်တာ ဖြစ်စေ လုပ်ဆောင်ပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်ကတော့ ပြဿ     နာပေါင်း သောင်းခြောက်ထောင်နဲ့ ကြုံတွေ့ရမယ့် ကာလပဲဖြစ်ပါတယ်။ သင်အကောင်းဆုံးဖြေရှင်းနိုင်မလားဆိုတာတောင် ပြောရခက်လောက်အောင်ပါပဲ။ ဒါပေမယ့် သင့်ရဲ့ ပင်ကိုယ်ဥာဏ်ရည်ဥာဏ်သွေးနဲ့ သင့်ရဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းတွေ ပေါင်းစပ်လိုက်မယ်ဆို ပြဿနာတွေဟာ သင့်လက်ထဲမှာ သင်ကြိုးဆွဲရာ ကမယ့် ရုပ်သေးရုပ်လေးတွေ ဖြစ်လာနိုင်ပါတယ်။

ယတြာ- သင်နဲ့ သင့်သူငယ်ချင်းတွေ စိတ်ကူးယဉ်ပြီး အကောင်အထည် မဖေါ်ဖြစ်သေးတဲ့ ဘုရားဖူး ခရီးမျိုး သွားလိုက်ပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၁၀။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

ပြီးဆုံးသွားပြီိလို့ ထင်ရတဲ့ ပြသနာတွေက တစ်ဖန်ပြန်ပေါ်လာပြီး စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်နေရတတ်ပါတယ်။ သင့်ရဲ့ လူအားရော အချိန်တော်တော်များများကိုပါ ဒီလုပ်ငန်းဆောင်တာတွေအတွက် ပေးဆပ်နေရတတ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းတွေနဲ့ ပြသနာတွေကို အကောင်းဆုံး စီမံခန့်ခွဲနိုင်မှာ သေချာပါတယ်။

ယတြာ- ဖြစ်ချင်တာတွေ အချိန်မှီ ပြီးမြောက်ဖို့ မရှိဆင်းရဲတဲ့ ကလေးကို သင့်ဝတ်စုံအဟောင်း ပေးလိုက်ပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကိုယ့်ဘဝထဲကို မကြာခင်ကမှ ဝင်ရောက်လာတဲ့ သူတွေအတွက် အတွေးတွေများနေတတ်တယ်။ သင်ဘယ်လိုသဘောထားမျိုးနဲ့ နေထိုင်ဆက်ဆံမလဲဆိုတာ စဉ်းစားသင့်တဲ့ အချိန်ရောက်နေပါပြီ။ တစ်ခါတစ်လေ ကိုယ့်စိတ်တွေ အရမ်းရှုပ်ထွေးလာရင် သူငယ်ချင်းတွေကို တိုင်ပင်တတ်တာ သင့်အကျင့်မှန်ပါတယ်။ သို့ပေမယ့်လည်း သူတို့ ပေးတဲ့ အကြံက အမှန်တကယ်ကိုယ်နဲ့ ကိုယက်ညီရဲ့လား စဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ သင့်အတွက် အရေးကြီးဆုံး အချိန်ရောက်နေလို့ပါ။

ယတြာ- မိဘတွေကို စိတ်ချမ်းသာစေမယ့် အရာတွေ လုပ်ဆောင်ပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ကုံရာသီဖွားသူငယ်ချင်းတွေအတွက်လည်း share ပေးဖို့မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်း မွေးဖွားသူများ

သင်အချိန်ကြာကြာ မျှော်လင့်ထားခဲ့ရတဲ့ အရာတွေကို လက်ဝယ်ပိုင်ဆိုင်ရတော့မယ့် အချိန်ပဲ ဖြစ်ပါတယ်။ သင့်ကို ကံကြမ္မာ မျက်နှာသာ ပေးနေတာမို့ ဘာပဲလုပ်လုပ် အားစိုက်စရာမလိုဘဲကို အောင်မြင်နေတတ်ပါတယ်။ အလုပ်မှာ အရင်ကလောက် တက်ကြွမှုမရှိဘဲ ငြီးငွေ့နေတတ်ပါတယ်။ အဓိကကတော့ ကိုယ့်အချိန်တွေ သူများအတွက်ပဲ ကုန်နေတယ်လို့ ထင်နေတတ်တာကြောင့် ကိုယ့်ဘဝကို စိတ်ပျက်နေတတ်တဲ့ အချိန်ဖြစ်နေတာပါ။

ယတြာ- ဒီတစ်ပတ်အတွင်း အဖြူရောင် ဝတ်တိုင်း သင့်ကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် အဖြူ ရှောင်ပါ။

သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။