သင့်လက်ညိုးပုံစံလေးတွေက ဖော်ပြနေသော သင့်အကြောင်း

blank
၁။ သင့်လက်ညိုးက ပုံ(၁)မှာ ပြထားတဲ့ လက်ညိုးပုံစံလေးနဲ့ တူနေတယ်ဆိုရင်

သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာတွေနဲ့ လိုက်လျော ညီထွေနေထိုင်တတ်တယ်။ သင်က သင့်ဘဝမှာ ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတာကို သိထားသူဖြစ်ပြီး ထိုသို့အောင်မြင်အောင်လည်း သင်အမြဲကြိုးပမ်းလေ့ရှိတယ်။ သင်က ဇွဲလုံ့လနဲ့ အားကြိုးမာန်တက်ကြိုးစားသလို ကြိုးစားသမျှကလည်း သေချာပေါက် အောင်မြင်မှာပါ။

၂။ သင့်လက်ညိုးက ပုံ(၂)မှာ ပြထားတဲ့လက်ညိုးပုံစံလေးနဲ့တူနေတယ်ဆိုရင်

သင်က ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ လူမျိုး ဖြစ်တယ်။ ဒါ့အပြင် သင်က သင်လိုချင်တဲ့ ပန်းတိုင်ရအောင် အားကြိုးမာန်တတ် ကြိုးစားတဲ့သူလည်း ဖြစ်တယ်။

၃။ သင့်လက်ညိုးက ပုံ(၃)မှာ ပြထားတဲ့ လက်ညိုးပုံစံလေးနဲ့ တူနေတယ်ဆိုရင်

သင်က လူတွေကို ဦးဆောင်နိုင်စွမ်းရှိတယ်။ အုပ်စုတစ်ခုမှာဆိုရင် သင်က ထင်ရှားပြီး

လူတွေကို ဦးစီးလမ်းပြပေးတတ်တယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၎။ သင့်လက်ညိုးက ပုံ(၄)မှာ ပြထားတဲ့ လက်ညိုးပုံစံလေးနဲ့ တူနေတယ်ဆိုရင်

သင်က စိတ်ဓါတ်ပျော့ပျောင်းတဲ့သူ ဖြစ်သလို အတိတ်က အကြောင်းတွေကို စဉ်းစားပြီး စိတ်ညစ်လေ့ရှိတယ်။ ပြီးတော့ သင်က လူမှုဆက်ဆံရေး ကောင်းမွန်တဲ့သူလည်း ဖြစ်ပါတယ်။

၅။ သင့်လက်ညိုးက ပုံ(၅)မှာ ပြထားတဲ့ လက်ညိုးပုံစံလေးနဲ့ တူနေတယ်ဆိုရင်

သင်က စိတ်ခံစားလွယ်တဲ့ လူမျိုးဖြစ်ပါတယ်။ သူများတွေ မစဉ်းစားတဲ့ အသစ်အဆန်းတွေကိုလည်း စဉ်းစားတတ်တယ်။ ပြီးတော့ သင့်မှာ အရည်အသွေး အစစ်အမှန်တွေရှိတယ်။

တိုက်ဆိုင်နေတယ်ဆိုရင် သူငယ်ချင်းတွေကို Share ပေးပါ။