သွားပုံစံလေးတွေက ပြောနေသော သင့်အကြောင်း

blank
၁။ သင့်သွားလေးတွေက စတုရန်းပုံ ညီညီလေး ဆိုရင်

သင်က တည်တည်ငြိမ်ငြိမ် နေတတ်ပြီး ငွေကြေး စုဆောင်းတတ်တဲ့ လူမျိုးဖြစ်ပါတယ်။ သင့်ရဲ့ ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာကိုလည်း ကျွမ်းကျင် ပါတယ်။ သင်က လိမ္မာပါးနပ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးတော့ ရည်မှန်းချက်ကြီးပြီး တတ်ပြီး စီးပွားရေးအတွက်ဆိုလည်း စွန့်စားရဲတဲ့ သူတစ်ယောက် ဖြစ်တယ်။

၂။ သင့်သွားလေးတွေက ဘဲဥပုံစံလေးဆိုရင်

သင်က အဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့နေရာမှာ ကျွမ်းကျင်ပြီး အနုပညာဘက်မှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ်။ သင်က အရှက်ကြီးသလို စိတ်ထိခိုက်လွယ်ပြီး စိတ်အားငယ်တတ်တဲ့ သူမျိုးလည်း ဖြစ်တယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၃။ သင့်သွားလေးတွေက တြိဂံ ပုံစံလေးဆိုရင်

သင်က လူတိုင်းအပေါ်မှာ အကောင်းမြင်တတ်ပြီး တက်တက်ကြွကြွ ရှိတဲ့သူလည်း ဖြစ်ပါတယ်။ သင်က လွတ်လွတ်လပ်လပ် နေတတ်တဲ့သူ ၊ စကားပြော ကောင်းတဲ့သူ၊ စိတ်ကူးယဉ်ဆန်တဲ့သူ၊ ပြီးတော့ အကြံကောင်း ဥာဏ်ကောင်းတွေ အမြဲ တွေးတတ်တဲ့သူပဲ ဖြစ်ပါတယ်။

၎။ သင့်သွားလေးတွေက ထောင့်မှန်စတုဂံ ပုံစံလေးဆိုရင်

သင်က စိတ်ဆိုးလွယ်ပြီး သန်မာထွားကြိုင်းတဲ့ လူမျိုး ဖြစ်ပါတယ်။ သင်က ရည်မှန်းချက် ကြီးမားပေမယ့် သင့်ရည်မှန်းချက်တွေက ခဏခဏ ပြောင်းနေတတ်ပါတယ်။ သင်က အစီအစဉ်တွေ ဆွဲပြီး အလုပ်လုပ်ရတာကို ကြိုက်သလို သင့်အစီအစဉ်တွေအတိုင်း လက်တွေ့လုပ်ကိုင်တတ်တဲ့ သူလည်း ဖြစ်တယ်။ ပြီးတော့ သင်က သင့်ပြဿနာတွေကို ကိုယ်တိုင်ပဲ ရအောင် ဖြေရှင်းတတ်တယ်။

သူငယ်ချင်းများကို Share ဖို့မမေ့ပါနဲ့။