သင့် Facebook ပရိုဖိုင်း (profile) ပုံက ပြောနေသော သင့်အကြောင်း

blank
၁။ ဆယ်လ်ဖီ( ကင်မရာဘက်ကို ရှေ့တည့်တည့်ကြည့်ခြင်း)

သင်က ကိုယ့်ကိုယ်ကို အကောင်းဆုံးမြင်ချင်တယ်။ သင်က စည်းကမ်း တိကျပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတတ်ပြီး လူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံရတာကို ကြိုက်တယ်။

၂။ ဆယ်လ်ဖီ (ကင်မရာကို မကြည့်ပဲ တစ်ခြားဘက်ကို ကြည့်နေတယ်ဆိုရင်)

သင့်ကို ယုံကြည်တဲ့ သူတွေကို သင်ဘယ်တော့မှ သစ္စာမဖောက်တတ်ဘူး။ သင်က သင့်မှာ ရှိတာတွေကို တန်ဖိုးထားတတ်တယ်။

၃။ အခြားသူတွေရိုက်ပေးထားတဲ့ပုံဆိုရင်

သင်က တစ်ခြားသူတွေကို ယုံကြည်စိတ်ချတယ်။ သူတစ်ပါးနဲ့ ပျော်ရွှင်တဲ့ဆက်ဆံရေး ထူထောင်ရတာကို ကြိုက်တယ်။ သင်က ကံကြမ္မာဆိုတာကို ယုံကြည်ပြီး မိတ်ဆွေတွေကို မြတ်နိုးခင်မင်တတ်တယ်။

၎။ သင်လေးစားအားကျရတဲ့ သူရဲ့ ပုံဆိုရင်

သင်ဟာ တစ်ယောက်ယောက်ကို လေးစားမိပြီ ဆိုတာနဲ့ တစ်ခြားဘယ်သူ့ကိုမှ မမြင်တော့ဘဲ သူမှ သူပဲ ဖြစ်နေတတ်တယ်။ သင်နဲ့ ဝါသနာချင်းတူတဲ့ သူနဲ့ဆိုရင် ပေါင်းသင်းရတာ အရမ်းအဆင်ပြေနေတတ်တယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၅။ ခရီးထွက်တဲ့ပုံတွေဆိုရင်

လူတွေက သင့်ကို အကောင်းမြင်မယ်ဆိုပြီး သင်က ထင်နေတတ်တယ်။ သင်က သူငယ်ချင်းတွေနဲ့ နေရတာကိုလည်း ကြိုက်တယ်။

၆။ သင့် ပုံကို ခဏခဏပြောင်းနေတယ်ဆိုရင်

သင်က တစ်ကိုယ်တည်း ဖြစ်သလိုခံစားနေရလို့ လူတွေသင့်ကို သတိပြုမိလာအောင် ခဏခဏ ပြောင်းနေတာပါ။ သင် Facebook မှာ တင်နေတဲ့ ပုံတွေနဲ့ အပြင်က နေထိုင်မှုပုံစံနဲ့အရမ်းကွာနေတတ်တယ်။ သင့်စိတ်ဖိစီးမှုတွေကို ဖော်ပြချင်လို့ ပြောင်းနေတာလည်း ဖြစ်ကောင်း ဖြစ်မှာပါ။

၇။ ပုံအသစ်ရိုက်ပြီးတိုင်း ပြောင်းတယ်ဆိုရင်

သင်က စိတ်ကူးပေါက်သလို လုပ်တတ်တယ်။ သင်က လူတွေရဲ့ စိတ် အကောင်း အဆိုးကိုလည်း ခွဲခြားနိုင်တယ်။

၈။ မြင်ကွင်းပုံတွေ ဆိုရင်

သင်က သူတစ်ပါးကို ဦးစားပေးပြီး ဂရုစိုက်လေ့ရှိတယ်။ သင်က သင့်ကိုယ်သင် စည်းကမ်းတွေနဲ့ တည်းကျပ်လေ့ရှိတယ်။ ပြီးတော့ သင်က လူအများအကြားမှာ ထင်ပေါ် ကျော်ကြားရတာကို ကြိုက်တယ်။

သူငယ်ချင်းများကို Share ဖို့မမေ့ပါနဲ့။