ရေခွက်ကိုင်တဲ့ သင့်လက်အနေအထားကပြောနေတဲ့ သင့်အကြောင်း

blank

၁။ ရေသောက်တဲ့အခါ ပုံ(၁) မှာ ပြထားတဲ့အတိုင်း လက်နှစ်ဖက် ကိုင်ပြီးသောက်တတ်တဲ့သူတွေဟာ အရာရာကို အမြဲသတိနဲ့ နေထိုင်တတ်သူတွေ ဖြစ်ကြပါတယ်။ ရှက်ကိုးရှက်ကန်းအမူအရာလေးတွေကြောင့် ဘေးကကြည့်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးလို့ ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါတယ်။ တစ်ခုခုဆို မှားမှာ ကြောက်တဲ့အတွက် ဘာပဲလုပ်လုပ် ဂရုတစိုက်နဲ့ စနစ်တကျ လုပ်ဆောင်ကြသူတွေ ဖြစ်ပါတယ်။

၂။ ရေသောက်တဲ့အခါ ပုံ (၂) မှာ ပြထားသလို ရေခွက်ထိပ်ဖက်ကနေ ကိုင်တွယ် သောက်တတ်တဲ့ သူတွေဟာ ရည်မှန်းချက်ကြီးပြီး အမြင်အာရုံ စူးရှသူတွေ ဖြစ်ကြပါတယ်။ တစ်ခါတစ်လေတော့ ကိုယ့်ကိုယ်ကို အားမလို အားမရတွေဖြစ်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းတွေ ပြန်ထုတ်နေတတ်တယ်။ အလှအပနဲ့ပတ်သက်ပြီး ပါရမီထူးချွန်သူတွေ ဖြစ်ကြပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ရေသောက်တဲ့အခါ ပုံ(၃) မှာ ပြထားတဲ့အတိုင်း ဖန်ခွက်နဲ့ဝေးဝေးအနေအထားနဲ့ ကိုင်တွယ်တတ်တဲ့ လူတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူတွေပါ။ ဒါ့အပြင် တည်ငြိမ်ရင့်ကျတ်မှုအပြည့်ရှိသူတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း မာန်မာနတော့ မရှိကြပါဘူး။ တစ်ခါတစ်လေ ကိုယ့်စိတ်ကို အလိုလိုက်တတ်ပြီး ခေါင်းမာတတ်ကြပါသေးတယ်။

၎။ ရေသောက်တဲ့အခါ ပုံ (၄)မှာ ပြထားတဲ့အတိုင်း လက်သန်းတစ်ဖက် မြှောက်ပြီး သောက်တတ်တဲ့ သူတွေကတော့ ကိုယ့်ကိစ္စကိုယ်ပဲ စိတ်ဝင်စားတတ်ကြပါတယ်။ ဝမ်းနည်း အားငယ်ပြီး အထီးကျန်တတ်တာကြောင့် အပေါင်းအသင်း ခင်တွယ်တတ်ကြပါတယ်။ ကိုယ်တစ်ကယ်ခင်ရတဲ့ အပေါင်းအသင်း တစ်ယောက်လောက်များ ရှိလို့ကတော့ လောကကြီးတောင် မေ့နေပါလိမ့်မယ်။ ဒါ့အပြင် တိရိစ္ဆာန်လေးတွေကိုလည်း သနားကြင်နာတတ် ကြပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။