၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (သြဂုတ် ၁၇ မှ ၂၃ ရက်နေ့အထိ)

blank
၁။ မိဿ      ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

မိသားစုနဲ့ ပတ်သက်ပြီး ဝမ်းနည်းစရာ သတင်းတွေ ကြားရတတ်ပါတယ်။ ဒါပေမယ့် သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သင့်ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မိသားစုရဲ့ ယုံကြည်မှုတည်ဆောက်နိုင် ပါလိမ့်မယ်။ သင်ကိုယ်တိုင်ကတော့ လုပ်သမျှအကျိုးထူးနိုင်ပါတယ်။ သင်အနှစ်နှစ်အလလက မျှော်လင့်ထားတဲ့ သတင်းကောင်းတစ်ခု ကြားရတတ်ပါတယ်။

ယတြာ – ဒီတစ်ပတ်အတွင်း အစစအဆင်ပြေစေဖို့ အနီရောင် အဝတ်ဟောင်းတစုံကို မရှိဆင်းရဲသားတွေအတွက် လှူဒါန်းလိုက်ပါ။

ကဲ ဘယ်လိုလဲ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သူငယ်ချင်းတွေ အတွက်လည်း မျှဝေ လိုက်ပါအုံးနော်။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းထဲမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းက မျှော်မှန်းထားတာထက် ပိုပြီး အကျိုးအမြတ်ရနိုင်ပါတယ်။ အလုပ်နားတဲ့ အချိန်တွေမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခြင်းက နောင်အနာဂတ်မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေအတွက် အားအင်အသစ်တွေ ရရှိလာစေနိုင်ပါတယ်။ သတိရှိရှိနေတတ်ခြင်းက သင့်ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေကနေ ရှောင်လွှဲပြီးသားဖြစ်သွားပါလိမ့်မယ်။

ယတြာ – ဒီတစ်ပတ်အတွက် ယတြာ ကတော့ သင့်စိတ်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ပါပဲ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပြိဿ     ရာသီဖွား သူငယ်ချင်း (၃) ယောက်နဲ့ Share ပေးဖို့လည်း မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်း မွေးဖွားသူများ

စိတ်ကရှုပ်ထွေးလွန်းပြီး အနားယူချင်နေပေမယ့် ဦးနှောက်ကတော့ အနားယူဖို့ ခွင့်မပြုပါဘူး။ အချိန်ကို အကျိုးရှိရှိစီမံခန့်ခွဲနိုင်မယ်ဆိုရင်တော့ အားလုံး အဆင်ပြေ ချောမွေ့သွားပါလိမ့်မယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် ထားပြီး လုပ်စရာရှိတာတွေ အစီစဉ် တကျလုပ်ဆောင်လိုက်ပါ။ မျှော်လင့်ထားတဲ့ သတင်းကောင်းတွေ ကြားရပါလိမ့်မယ်။

ယတြာ- သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အစိမ်းနုရောင် အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

မေထုန်ရာသီဖွားတွေ အတွက် ဒီဗေဒင်လေးကို မျှဝေဖို့ မမေ့နဲ့နော်။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်အတွင်း ကရကဋ်ရာသီဖွားတွေဟာ ဘာပဲလုပ်လုပ် အရမ်းကို စိတ်အားထက်သန် နေတတ်ပါတယ်။ ချစ်သူနဲ့ ဆက်ဆံရေးမှာလည်း ကိုယ့်ဘက်က အရာရာ လိုက်လျောပေးဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။ လူမှုဆက်ဆံရေးမှာလည်း သင့်ရဲ့ လိုက်လျောအလျှော့ပေးမှုတွေကြောင့် အစစအဆင်ပြေနေတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ရင်တော့ အာရုံအပြည့်အဝစိုက်ပြီး လုပ်ဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ကိုယ်အာရုံစိုက်နိုင်တဲ့ အချိန်ထိ စောင့်ဆိုင်းပြီးမှလုပ်ဆောင်သင့်ပါတယ်။

ယတြာ – မွေးနေ့မှာ ငွေရောင်၊ အဖြူရောင်လေးတွေပါဝင်တဲ့ ဝတ်စုံလေးဝတ်ပြီး ကုသိုလ်ကောင်းမှု တစ်ခုခု လုပ်ပေးပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့ မမေ့နဲ့နော်။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်း လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး အနည်းငယ် အဆင်မပြေမှုလေးတွေ ကြုံရတတ်ပါတယ်။ သူငယ်ချင်းနဲ့ ဖြစ်တဲ့ပဋိပက္ခ ကနေ မီးခိုးကြွက်လျှောက် စိတ်တွေ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ ကိုယ်ဘယ်လိုမှ သည်းမခံနိုင်တဲ့ အမူအကျင့်ရှိတဲ့လူတစ်ယောက်ကိုလည်း သည်းခံပြီး ဆက်ဆံရတတ်ပါတယ်။ ဒါတွေအားလုံး ဘယ်လိုမှ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်စိတ်ကို အေးချမ်းအောင်ထားပြီး လုပ်ကိုင်ဆောင်ရွက်ပါက အားလုံးအဆင်ပြေသွားမှာပဲဖြစ်ပါတယ်။

ယတြာ – အညံ့အခိုက်တွေ ပြေပျောက်စေဖို့ မနက်တိုင်း ခုနှစ်ရက်သားသမီး အန္တရာယ်ကင်း မေတ္တာပို့သပေးပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေကို comment box မှာ tag လုပ်ပြီး အသိပေးဖို့လည်း မမေ့နဲ့နော်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ
ဒီတစ်ပတ်အတွင်း သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိသားစုအရေးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပေးရတာတွေနဲ့ သင့်အချိန်တွေ ကုန်ဆုံးသွားပါလိမ့်မယ်။ ကိုယ့်အပေါ် ပုတ်ခတ်ဝေဖန်လာတဲ့ ဝေဖန်မှုတွေကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ဒီလိုအရေးမပါတဲ့ အရာတွေကြောင့် အရမ်းအရေးကြီးတဲ့ အရာတွေအားလုံးကို လက်လွှတ်လိုက်ရပါလိမ့်မယ်။ ဒါပေမယ့် သိပ်စိတ်ပူစရာတော့ မရှိပါဘူး။ ဘာမှ ဆိုးဆိုးဝါးဝါး သက်ရောက်သွားမှာ မဟုတ်ပါဘူး။

ယတြာ- ဘာပဲလုပ်လုပ် သတိလေးကပ် လုပ်ဆောင်ပြီး သည်းခံစိတ်မွေးထားပါ။ ဒီတစ်ပတ်အတွက် အစစအဆင်ပြေစေမယ့် အကောင်းဆုံး ယတြာလေးပါပဲ။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

အလုပ်အပေါ်မှာပဲ အာရုံတွေများနေတတ်တာကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးမှာ အားနည်းလာတတ်ပါတယ်။ သင်အလုပ်ကို အရမ်းအလေးအနက်ထားတာ မှန်ပေမယ့် ဒီတစ်ပတ်အတွင်းမှာတော့ အတတ်နိုင်ဆုံး စိတ်ရောလူပါ အနားယူပေးသင့်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူက လိုတာထက်ပိုပြီး ဂရုစိုက်တာလေးတွေ ကြုံရတတ်ပါတယ်။ ဒါကို သွေးရိုးသားရိုးဟုတ်ရဲ့ လားဆို သင်တွေးနေတတ်ပါလိမ့်မယ်။ ဘာမှမစိုးရိမ်ဘဲ သူနဲ့အတူ ခံစားကြည်နူးလိုက်ပါ။

ယတြာ- ကံကောင်းသထက် ကောင်းအောင် စိတ်ထားလေး ဖြူစင်နေဖို့ပဲ လိုပါတော့တယ်။

ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၅) ဦးကို tag လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဘာကိုလိုချင်လို့ လိုချင်မှန်းမသိလောက်အောင် ဒွိဟတွေဖြစ်နေတတ်တယ်။ ဒီအချိန်မှာ ဆက်ပြီး လေနေမယ်ဆိုရင်တော့ ရည်မှန်းချက်တွေ အားလုံးလွဲချော်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လျှောက်မယ့်လမ်းကို တစိုက်မတ်မတ်နဲ့ စနစ်တကျ လျှောက်လှမ်းလိုက်ပါ။ သင့်ကံကြမ္မာက သင့်ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်နေပါတယ်။

ယတြာ- ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ လိမ္မော်ရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ကိုယ်ဂရုမစိုက်မိတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေကို ပြန်လည် အချိန်ပေးရတော့မယ့် ကာလလေးပဲဖြစ်ပါတယ်။ အခုအချိန်ဟာ မသင့်မြတ်တဲ့ ဆက်ဆံရေးတွေအားလုံး ပြန်လည်တည်ဆောက်ဖို့အကောင်းဆုံး အချိန်လေး ဖြစ်နေတာကြောင့်ပါ။ သင့်အပေါ် တကယ် စစ်မှန်တဲ့သူတွေကတော့ သင့်ရဲ့အခြေအနေတွေအားလုံးကိုနားလည် ပြီး သင့်ကို အရင်အတိုင်းပဲ ချစ်ချစ်ခင်ခင် ပြန်ဆက်ဆံလာပါလိမ့်မယ်။ ရုတ်တရက်ကြားရတဲ့ သတင်းတစ်ခုက ကိုယ်တိုင်တောင် မယုံနိုင်လောက်အောင် ဘဝကို ပြောင်းလဲသွားစေပါလိမ့်မယ်။
ယတြာ- မိမိဘဝအချိုးအကွေ့တွေ အဆင်ပြေချောမွေ့စေဖို့ ပတ်ဝန်းကျင်က လူတွေကိုလည်း တတ်နိုင်သလောက် ကူညီဖေးမပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) လိုက်ဖို့ မမေ့နဲ့နော်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မကာရရာသီဖွားတို့အနေနဲ့

ကိုယ်လတ်တစ်လော လုပ်ဆောင်လိုက်တဲ့ အားစိုက်ထုတ်မှုတွေက ဘဝမှာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာစေနိုင်ပါတယ်။ ကိုယ့်ရဲ့ တိုးတက်ပြောင်းလဲလာမှုက ကိုယ်တိုင်တောင် မမျှော်လင့်ထားတာကြောင့် ကိုယ်ဘေးကလူတွေအနေနဲ့ နားမလည်နိုင်လောက် အောင် ဖြစ်နေပါလိမ့်မယ်။ တစ်ဖက်ကလည်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ လည်းထားရှိဖို့လိုအပ်ပါတယ်။ ဒါဟာ အလကား အချိန်ဖြုန်းနေတာ မဟုတ်ပါဘူး။ ရှေ့ဆက်မယ့် ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေကို လျှောက်လှမ်းဖို့ စိတ်တွေဆေးကြောသန့်စင်နေတာပဲ ဖြစ်ပါတယ်။

ယတြာ- ဘာသာရေးကို အထူးအလေးပေးလုပ်ဆောင်ပါ။ သင့်ကံတွေ ထူးထူးခြားခြား ကောင်းမွန်လာပါလိမ့်မယ်။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေ အနေနဲ့တော့ ဒီတစ်ပတ်မှာ

အရင်က မတည်ငြိမ်ခဲ့တဲ့ အခြေအနေတွေအားလုံး အဆင်ပြေသွားတော့မယ့် အချိန်လေးပဲဖြစ်ပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး.မှာရော အလုပ်မှာပါ တတ်နိုင်သမျှ ကိုယ့်ဘက်က လိုက်လျောအလျှော့ပေးလိုက်ပါ။ တစ်ခါတစ်လေ ကိုယ့်ရဲ့ခေါင်းမာတတ်တဲ့ အကျင့်က ကိုယ့်ကို ပြန်ဒုက္ခပေးတတ်ပါတယ်။ အခုအချိန်မှာ ဘဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ မသင့်တော်သေးပါဘူး။ လတ်တစ်လောမှာ မိသားစုအရေးကြောင့် ခေါင်းမီးတောက်ရကိန်းရှိပါတယ်။ ဖြေးဖြေး မှန်မှန်လုပ်ဆောင်ခြင်းက သင့်ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ အထောက်အကူပြုနေပါလိမ့်မယ်။

ယတြာ- မွေးနေ့မှာ မွေးနံထောင့်မှာ ထိုင်ပြီး ကြုံတွေ့နေတဲ့ အခက်အခဲတွေပြေပျောက်စေဖို့ မေတ္တာပို့ ဆုတောင်းပါ။ အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ကုံရာသီဖွားသူငယ်ချင်းတွေအတွက်လည်း share ပေးဖို့မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေးက ဒီတပတ်အတွက်တော့ အချိုပေါ် သကာထပ်ပါပဲ။ ပဋိပက္ခတွေအားလုံး လွန်မြောက်ပြီးလို့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ အနာဂတ်အတွက်အားမာန်တွေ ပြည့်နေချိန်ဆိုလည်း မမှားပါဘူး။ ခဏခဏ ကတောက်ကဆ ဖြစ်တတ်တဲ့ ချစ်သူတွေတောင် ခုတစ်လော အဆင်ပြေနေတတ်ပါတယ်။အလုပ်နဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့စွမ်းဆောင်မှုတွေရဲ့ အကြီးမားဆုံး ရလာဒ်တွေ ပိုင်ဆိုင်ရတော့မယ့် အချိန်ပဲဖြစ်ပါတယ်။

ယတြာ- ကံကောင်းနေတဲ့ သင့်အတွက် ယတြာမလိုပါဘူး။ အရေးကြီးတာက ဘာပဲလုပ်လုပ် ကိုယ့်စိတ်ကိုယ် သတိရှိရှိနဲ့ သုံးသပ်နေဖို့ပဲပါပဲ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။