၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (သြဂုတ် ၁ဝ မှ ၁၆ ရက်နေ့အထိ)

blank
၁။ မိဿ      ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်း အချစ်ရေးနဲ့ ပတ်သက်ပြီး အရမ်းကို အဆင်ပြေချောမွေ့နေပါလိမ့်မယ်။ အလုပ်အကိုင်နဲ့ပတ်သက်ရင်တော့ ကိုယ်အရမ်းမျှော်လင့်ထားတဲ့ အလုပ်တစ်ခုကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရဘဲ စိတ်တွေ ရှုပ်ထွေးနေတတ်ပါတယ်။ ဒါပေမယ့် စိတ်ကို တည်တည်ငြိမ်ငြိမ်လေးထားပြီး ဂရုတစိုက်လုပ်ဆောင်မယ်ဆိုရင်တော့ အရာအားလုံး အဆင်ပြေသွားမှာပါ။ သင့်အတွက် ကောင်းမွန်တဲ့ အချိန်တွေ မကြာခင်ရောက်ရှိလာပါလိမ့်မယ်။ သင့်ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေနဲ့ အခြားသူတွေရဲ့ ဘဝအခြေအနေတွေကို သိသိသာသာ ကူညီနိုင်ပါလိမ့်မယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အနီရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ကဲ ဘယ်လိုလဲ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သူငယ်ချင်းတွေ အတွက်လည်း မျှဝေ လိုက်ပါအုံးနော်။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်သောကတွေ အားလုံး စုပြုံနေမယ့် သီတင်းပတ်တစ်ခု ဖြစ်တာကြောင့် အထူးသတိထားဖို့ လိုအပ်ပါတယ်။ သင်ဟာ ဒီတစ်ပတ်လုံး လုပ်သင့်တာတွေကိုမလုပ်ဘဲ လုပ်ချင်တာတွေကို ဇွတ်တရွတ် လုပ်နေတတ်ပါတယ်။ ဒါကြောင့်လည်း စိတ်တွေရှုပ်ထွေးပြီး လုပ်သမျှ အရာ မထင်ဘဲ ဖြစ်နေတတ်ပါတယ်။ လတ်တလော လုပ်ရပ်တွေက နောင်တစ်ချိန်ကိုယ့်ကို အကြီး အကျယ် နောင်တရတာမျိုး မဖြစ်ရအောင် အထူးသတိထားဖို့ လိုအပ်ပါတယ်။

ယတြာ- သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အဖြူရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ပြိဿရာသီဖွား သူငယ်ချင်း (၃) ယောက်နဲ့ Share ပေးဖို့လည်း မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်း မွေးဖွားသူများ

ကိုယ်မလုပ်နိုင်ဘဲနဲ့ တာဝန်ယူမိတာတွေကြောင့် နာမည်ပျက်ရကိန်း ကြုံတတ်ပါတယ်။ ဒါကြောင့် ကိုယ့်တာဝန်မယူနိင်တဲ့ အရာတွေအတွက် ငြင်းပယ်သင့်ရင် ငြင်းပယ်လိုက်ပါ။ တာဝန်ယူပြီးသွားရင်တော့ ပြီးပြတ်အောင် တာဝန်ယူလုပ်ဆောင်လိုက်ပါ။ ကိုယ်ထင်ရာကိုယ် စွတ်လုပ်တတ်တဲ့ အကျင့်ကို ဒီတစ်ပတ်အတွင်း လက်ကိုင်မထားဘဲ လုပ်သင့်တာတွေလုပ်ခြင်းက သင့်မျှော်လင့်ထားတဲ့ အရာတွေဆီ အရောက်ပို့ပေးပါလိမ့်မယ်။ ငွေကြေးနဲ့ အချစ်ရေးတွေမှာ ပြဿနာ အနည်းငယ် ရှိတတ်တာမို့ အထူး ဂရုစိုက်ကိုင်တွယ်တတ်ဖို့ လိုအပ်ပါတယ်။

ယတြာ- အစိမ်းနုရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

မေထုန်ရာသီဖွားတွေ အတွက် ဒီဗေဒင်လေးကို မျှဝေလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ကရကဋ်ရာသီဖွားတွေအတွက် အတိတ်က အချိန်တွေကို လွမ်းဆွတ်နေတာတွေ ရပ်လိုက်ဖို့ သင့်တဲ့ကာလဖြစ်နေပါပြီ။ ဒွိဟဖြစ်နေတာတွေ အားလုံးကို မေ့လိုက်ပါ။ သင်ဟာ အရင်နှစ်တွေကနဲ့စာရင် အများကြီး တိုးတက်ပြောင်းလဲနေ ခဲ့ပါပြီ။ ဒါကြောင့် အနာဂတ်အတွက် ခြေလှမ်းသစ်တွေ စတင်လိုက်ပါတော့။ အခုချိန်ဟာ စွန့်စားမှုတွေ ပြုလုပ်ဖို့အတွက် အကောင်းဆုံး အချိန်ပဲဖြစ်ပါတယ်။ ဘယ်ကိစ္စမဆို မလိုအပ်ဘဲ အကျယ်ချဲ့တာမျိုးတွေ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ စိတ်တွေကို အတတ်နိုင်ဆုံး လွတ်လပ်ပေါ့ပါးစွာနဲ့ လုပ်ဆောင်ပါက ငွေကြေးရော အလုပ်အကိုင်တွေပါ ထင်မှတ်မထားလောက်အောင် ကောင်းမွန်လာပါလိမ့်မယ်။

ယတြာ – ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ ငွေရောင်၊ အဖြူရောင်လေးတွေပါဝင်တဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့ မမေ့နဲ့နော်။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

ကိုယ်ပြောင်းလဲချင်တဲ့အရာတစ်ခုကို အကောင်အထည် ဖော်လို့မရဘဲ ကြန့်ကြာနေတတ်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။ အဲဒီအဆိုးတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေအားလုံး သြဂုတ်လ (၁၂)ရက်ကျော်တာနဲ့ အားလုံး အဆင်ပြေချောမွေ့သွားပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်အပေါ် အဖျက်သဘောဆောင်တဲ့ ဝေဖန်မှုမျိုးတွေ ကြုံတွေ့လာရတတ်ပါတယ်။ အဲဒီအချိန်မှာ စိတ်ကိုလျှော့ချပြီး အကောင်းမွန်ဆုံး တုန့်ပြန်လိုက်ပါ။ သင့်ရဲ့ ကောင်းမှုဆိုးမှုတွေ အားလုံး သင့်လုပ်ဆောင်မှုတွေအပေါ်မှာပဲ မူတည်နေတယ်ဆိုတာ သတိရပါ။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ ရွှေရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေကို comment box မှာ tag လုပ်ပြီး အသိပေးဖို့လည်း မမေ့နဲ့နော်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ
အခုအချိန်မှာ မလိုအပ်တဲ့ အပေါ်ယံ အလုပ်တွေလျှော့ချပြီး အရေးကြီးတဲ့ အရာတွေကို အာရုံစိုက် လုပ်ဆောင်ရတော့မှာပါ။ စိတ်အလိုကို မလိုက်ဖို့ သိပ်ကို အရေးကြီးပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာစရာတွေ ဆက်တိုက်ကြုံရတော့မှာပါ။ ဒီတစ်ပတ်လုံး စိတ်လက်ကြည်လင်ပြီး အရာအားလုံးက သာယာလှပနေသလို ခံစားနေရပါလိမ့်မယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က လူတွေရဲ့ အဆိုးမြင်စိတ်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ မိသားစုနဲ့ ပတ်သက်ပြီး လည်း အနည်းငယ်စိတ်ရှုပ် ရတတ်ပါတယ်။ မမျှော်လင့်ဘဲ အထင်လွဲမှုတွေ ဖြစ်တတ်တာကြောင့် စကားပြောတဲ့အခါ သေချာစဉ်းစားသုံးသပ်ပြီးမှ ပြောဖို့ လိုအပ်ပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အစိမ်းရင့်ရောင် အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

တူရာသီဖွားတွေအနေနဲ့ကတော့ ဒီတစ်ပတ်အတွင်း ငွေကြေးနဲ့ ပတ်သက်ပြီး အထူး သတိထားရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ ကိုယ်တတ်နိုင်တာထက် ပိုတာဝန်ယူမိတာမျိုးတွေ မလုပ်မိဖို့ အထူး အရေးကြီး ပါတယ်။ ကိုယ်အရမ်းတွေ့ချင်နေတဲ့ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်နဲ့ အခမ်းအနားတစ်ခုမှာ ပြန်ဆုံတွေ့ရတတ်ပါတယ်။ ဒီလို ပွဲတွေတက်ရင်းပဲ ထင်မှတ်မထားတဲ့ သတင်းကောင်းတွေ ကြားရတတ်ပါတယ်။ သင့်ပတ်ဝန်းကျင်က ဒေါသကြီးပြီး စိတ်ခက်ထန်တဲ့သူတွေကြောင့် အနှောင့်အယှက်တွေ ကြုံရတတ်ပါတယ်။ ကိုယ်တိုင်အဲဒီထဲ ပါမသွားအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ စိမ်းပြာရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၅) ဦးကို tag လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကဲ ဒီတစ်ပတ်ကတော့ အချစ်ရေးမှာ ကိုယ့်ခံစားချက်တွေ ဖွင့်မပြောရဲလို့ အကြံအိုက်နေသူတွေအတွက် အကောင်းဆုံးသီတင်းပတ်လေးပဲ ဖြစ်ပါတယ်။ ဘာမှ ထွေထွေထူးထူး အစီအစဉ်တွေတောင် ဆွဲနေစရာမလိုဘဲ အဆင်ပြေသွားမယ့် အချိန်ဖြစ်တာမို့ ချက်ချင်းသာ အကောင်အထည်ဖော်လိုက်ပေတော့။ အလုပ်နဲ့ ပတ်သက်ရင်တော့ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ပန်းတိုင်နဲ့ အနည်းငယ် အလှမ်းဝေးနေသလို ခံစားနေရပါလိမ့်မယ်။ ဒါပေမယ့် ယုံကြည်မှုအပြည့်နဲ့ရှေ့ဆက်လိုက်ပါ ရွှေရောင် အနာဂတ်တွေ ရောက်လာပါတော့မယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ လိမ္မော်ရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေအနေနဲ့ အခုတစ်လော အချစ်ရေးနဲ့ ပတ်သက်ပြီး ပေါ့ပေါ့တန်တန် သဘောမထားသင့်တဲ့ အချိန်ကာလဖြစ်ပါတယ်။ ကိုယ့်အပေါ် အလေးအနက်မထားတဲ့ သူမျိုးနဲ့ ဆုံစည်းရတာမျိုး၊ ကိုယ်တိုင်ကလည်း အခြားသူတစ်ယောက်ကို စိတ်မပါဘဲ စိတ်ကစားမိတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီတစ်ပတ်လုံး ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်အတွက်ပါ စိတ်ရှုပ်ထွေးနေရမှာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတတ်တာကြောင့် ဘာမှမပြောခင် ကိုယ့်စကားတွေကို အထူး ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အဝါရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) လိုက်ဖို့ မမေ့နဲ့နော်။

၁၀။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မကာရရာသီဖွားတို့အနေနဲ့

ကိုယ်အရမ်းရင်းနီးရတဲ့ မိတ်ဆွေတစ်ယောက်အတွက် ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကိုတောင် ဖျက်ပြီး အကူအညီပေးရတတ်ပါတယ်။ ဒါပေမယ့် အဲဒါ အချည်းနှီးမဖြစ်ပါဘူး။ သင်လိုအပ်လာတဲ့ အချိန်မှာလည်း သူ့ဘက်က ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ပြန်ကူညီလာပါလိမ့်မယ်။ အချစ်ရေးနဲ့ အခြားပေါင်းသင်းဆက်ဆံရေးတွေမှာ အဆင်မပြေတာလေးတွေ ကြုံရတတ်ပါတယ်။ အကောင်းဆုံးကတော့ သင့်ဘက်က အလံဖြူပြထားလိုက်ဖို့ပါပဲ။ တတ်နိုင်သမျှ ညှနှိုင်းဆောင်ရွက်ခြင်းက အရာအားလုံးကို အဆင်ပြေချောမွေ့စေမှာပါ။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ ခရမ်းရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေ အနေနဲ့တော့ ဒီတစ်ပတ်မှာ

အချစ်ရေး ပဋိပက္ခတွေ ရှိနေခဲ့ရင်တောင် အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ပြဿနာတစ်ခုဖြစ်လာရင် သေချာ မဖြေရှင်းတတ်တဲ့ အကျင့်ကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ အလုပ်မှာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို စနစ်တကျမှတ်သားထားဖို့ လိုအပ်ပါတယ်။ ကိုယ်အပေါ် မနာလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချောက်ချမှုကြောင့် အထက်လူကြီးရဲ့ အပြစ်တင်ကြိမ်းမောင်းတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်က အချဉ်မဟုတ်ပေမယ့်လည်း အထူးသတိချပ်နေမှ တော်ကာကျမှာဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးလေးတွေကလွဲရင် ဒီတစ်ပတ်အတွင်း အခြား အခက်အခဲ ကြီးကြီးမားမား မရှိနိုင်ပါဘူး။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ မီးခိုးရောင်၊ အမဲရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ကုံရာသီဖွားသူငယ်ချင်းတွေအတွက်လည်း share ပေးဖို့မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်း မွေးဖွားသူများ

စိတ်ဖိစီးမှုတွေ အားလုံး ဖြေဖျောက်နိုင်ဖို့ ဒီတစ်ပတ်အတွင်း ကိုယ်ပိုင်အချိန်လေးတွေထားရှိဖို့ လိုအပ်နေပါတယ်။ ကိုယ်ဘက်ကသာ ရိုးသားမယ်ဆို အချစ်ရေးကတော့ အချိုပေါ် သကာစမ်း ဆိုတဲ့ကိန်းပါပဲ။ ကိုယ်အချိန်များစွာ စောင့်ဆိုင်းခဲ့ရတဲ့ သတင်းထူးတစ်ခု မကြာခင် ကြားရတော့မှာပါ။ ဒီတစ်ပတ်အတွင်း အလုပ်မှာရော အိမ်မှာပါ အနည်းငယ် စိတ်မကောင်းစရာလေးတွေ ကြုံရတတ်ပါတယ်။ သင်က ခံစားမှုကို အရမ်းအလေးပေးတတ်တဲ့ သူဖြစ်တာကြောင့် အခြားသူတွေပြောတဲ့ စကားတိုင်းကို လိုက်မခံစားမိဖို့ အထူး ဂရုစိုက်ပါ။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အဝါရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။