၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (သြဂုတ်လ ၃ ရက်နေ့ မှ ၁ဝ ရက်နေ့အထိ)

blank
၁။ မိဿ      ရာသီဖွား (Aries)

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး အဆင်မပြေမှုလေးတွေ အနည်းငယ် ကြုံတွေ့ရတတ်ပါတယ်။ အဲဒီအဆင်မပြေမှုလေးတွေကြောင့် သင်နဲ့ သင့်ချစ်သူကြား ဆက်ဆံရေး ဝေးကွာသွားတာမျိုး မဖြစ်အောင် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ယုံကြည်နားလည်ပေးလိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။ အခုတစ်ပတ်အတွင်း မိသားစုအတွက် ကျန်းမာရေး စိုးရိမ်ရတတ်ပါတယ်။ အရေးမပါတဲ့ အရာတွေ အတွက် အချိန်တွေ ကုန်နေတတ်ပါတယ်။

ယတြာ- ဒီတစ်ပတ်အတွက် ကံကောင်းစေဖို့ လိမ္မော်ရောင် အသုံးအဆောင်ပစ္စည်း တစ်ခုခုဆောင်ထားလိုက်ပါ။

ကဲ ဘယ်လိုလဲ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သူငယ်ချင်းတွေ အတွက်လည်း မျှဝေလိုက်ပါအုံးနော်။

၂။ ပြိဿ      ရာသီဖွား (Taurus)

ဧပရယ် (၂ဝ) မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်မှာ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ကိုယ်မျှော်လင့်ထားသလောက် မဖြစ်လာလို့ စိတ်အနှောင့်အယှက် ဖြစ်ရတာမျိုးလေးတွေ ရှိပါမယ်။ ဒီလို စိတ်မကြည်လင်မှုလေးတွေက သင့်ရဲ့ရှေ့ဆက်ရမယ့် လမ်းတွေအတွက် အတားအဆီးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအခက်အခဲတွေကို မိဘတွေက ကူညီဖြေရှင်းပေးသွားပါလိမ့်မယ်။ ထိရှလွယ်တဲ့ ပစ္စည်းတွေ ကိုင်တွယ်တဲ့အခါ အထူးသတိထားဖို့လိုပါတယ်။ ခန္ဓာကိုယ်ကို မတော်တဆ ထိခိုက်တတ်လို့ပါ။  ဒီတစ်ပတ်အတွက် ကံကောင်းစေဖို့ စိမ်းပြာနဲ့ အပြာဖျော့ရောင် အသုံးအဆောင်ပစ္စည်း တစ်ခုခုဆောင်ထားလိုက်ပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပြိဿ     ရာသီဖွား သူငယ်ချင်း (၃) ယောက်နဲ့ ဒီစာစောင်ကို Share ဖို့ မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂ဝ) ရက် အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်မှာ သူများကိစ္စတွေ ကူညီရင်း အချိန်တွေ ကုန်နေတတ်ပါတယ်။ အဲဒီပရောဂတွေ အတွက်ကြောင့်ပဲ မိမိ ကိစ္စတွေကိုလည်း အာရုံမစူးစိုက်နိုင်ပဲ ဖြစ်နေတတ်ပါတယ်။ အလောင်းအစားဆန်တဲ့ ကိစ္စတွေ မပြုလုပ်တာအကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ- စကားနိုင်လုတာမျိုးဖြစ်ဖြစ်၊ အလုပ်ကိစ္စတစ်ခုကို တစ်ဖက်လူနဲ့ အပြိုင်လုပ်ဆောင်တာမျိုးဖြစ်ဖြစ် ဒီတစ်ပတ်မှာ မလုပ်သင့်သေးပါဘူး။ စိတ်အေးအေးနဲ့ ကြုံတွေ့လာသမျှ ဖြေရှင်းမယ်ဆို အားလုံး အဆင်ပြေသွားမှာပါ။

ယတြာ- ဒီတစ်ပတ်အတွက် အညိုရောင်နဲ့ အမဲရောင် လေးတွေသာ ဆောင်ထားလိုက်ပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။ မေထုန်ရာသီဖွားတွေ အတွက် ဒီဗေဒင်လေးကို မျှဝေလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်မှာ ဆွေမျိုးအသိုင်းအဝိုင်းရဲ့ ထောက်ပံ့ကူညီမှုတွေ အများဆုံးရမယ့် ကာလပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အချစ်ရေးနဲ့ပတ်သက်ပြီး သိပ်ကိုကောင်းမွန်နေပါတယ်။ ဒီတစ်ပတ်မှာ ဘဝသစ်တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ကြတဲ့ လက်ထပ်ကြမယ့် ချစ်သူတွေအတွက်တော့ တစ်သက်လုံးအတွက် ကောင်းမွန်တဲ့ ဘဝအခြေအနေတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ စိတ်အပန်းဖြေခရီး ထွက်ရင်း စိတ်တွေ လွတ်လပ်ပေါ့ပါးပြီး ဒီတစ်ပတ်မှာ သိပ်ကို ကြည်နူးပျော်ရွှင်နေမှာပါ။

ယတြာ – နက်ပြာရောင်က သင့်ကို ဒီတစ်ပတ်အတွက် အစစ အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့ မမေ့နဲ့နော်။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ စိတ်ရှုပ်နေရမယ့် အပတ်ပဲဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ကို အတတ်နိုင်ဆုံး လျှော့ထားပြီး သည်းခံလိုက်လျောရမယ့် အချိန်ပဲဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ကိုယ်ထင်ထားသလောက် ခရီးမရောက်နိုင်ဖြစ်နေတာမို့ စိတ်အနှောင့်အယှက်ဖြစ်နေရပါမယ်။ မစိုးရိမ်ပါနဲ့။ အခိုက်အတန့်ပါပဲ။ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားပြီး အရာရာသတိနဲ့ လုပ်ဆောင်ပါက အားလုံး အဆင်ပြေသွားမှာပါ။

ယတြာ- အပြာရောင်နဲ့ အစိမ်းရောင် အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေကို comment box မှာ tag လုပ်ပြီး အသိပေးဖို့လည်း မမေ့နဲ့နော်။

၆။ ကံရာသီဖွား (Virgo)

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကျန်းမာရေး အနည်းငယ် စိုးရိမ်စရာလေးတွေ ရှိတတ်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေလည်း မပြီးပြတ်ဘဲ ဖြစ်နေတတ်ပါတယ်။ ပေါ့ပေါ့ဆဆမနေဘဲ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ပြသပြီး အမြန်ပျောက်ကင်းအောင် ကုသလိုက်ပါ။ အိမ်ထောင်ရှိတဲ့သူတွေအဖို့ အိမ်ထောင်ဖက်နဲ့ အနည်းငယ် စိတ်ကတောက်ကဆလေးတွေ ဖြစ်ရတတ်ပါတယ်။

ရဲရဲတောက်နေတဲ့ အရောင်၊ အနီစတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

တူရာသီဖွားတွေအနေနဲ့ကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး သိပ်ကို စိတ်ချမ်းသာစရာကောင်းတဲ့ အခိုက်အတန့်လေးတွေကို ပိုင်ဆိုင်ရမှာပါ။ ကိုယ်အထင်ကြီးလေးစားရတဲ့ သူတွေနဲ့ ပိုမိုရင်းနီးနွေးထွေးတဲ့ ဆက်ဆံရေးလေးတွေလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ရက်သတ္တပတ် ရဲ့ အလယ်ရက်လောက်မှာတော့ စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေ ကြုံရတတ်ပါတယ်။ အားလပ်ရက်တွေမှာတောင် အနားယူလို့မရအောင် အလုပ်တွေ ပိနေပါလိမ့်မယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ စိမ်းပြာရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၅) ဦးကို tag လုပ်ဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

အရင်က မလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေအားလုံးကို တပြိုင်တည်း ပြီးမြောက်အောင် စွမ်းဆောင်နိုင်မယ့် ကာလလေးပဲဖြစ်ပါတယ်။ ကိုယ်ရည်မှန်းထားတဲ့ အနာဂတ်အစီအစဉ်တွေကိုလည်း စနစ်တကျ အကောင်အထည် ဖော်နိုင်မယ့် မှာဖြစ်ပါတယ်။ ကိုယ်ပိုင် အကြံဥာဏ်တွေနဲ့ အောင်မြင်မှုအသီးအပွင့်တွေကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

ယတြာ – မြစိမ်းရောင် အသုံးအဆောင် တစ်ခုခုဆောင်ထားလိုက်ပါ။ အစစ အဆင်ပြေချောမွေ့သွားပါလိမ့်မယ်။

ဤစာစောင်လေးကို သူငယ်ချင်း (၄) ယောက်နဲ့ SHARE လုပ်ဖို့ မမေ့နဲ့နော်။

 ၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဒီလအတွက် အကောင်းဆုံး သီတင်းပတ်လေးပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာလည်း စိတ်ပျော်ရွှင်စွာနဲ့ လုပ်ဆောင်ရပါမယ်။ ဆေးစက်ကျရာအရုပ်ထင်မယ့် ကာလလေးပဲဖြစ်ပါတယ်။ ကိုယ့်ဘဝအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ်စေမယ့် လူကြီးလူကောင်းတွေနဲ့ ဆုံတွေ့ရတတ်ပါတယ်။

ယတြာ – အရောင်မှိုင်းမှိုင်းလေးတွေ ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ဖို့ မမေ့နဲ့နော်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်နေမယ့် သီတင်းပတ်လေးပဲဖြစ်ပါတယ်။ တည်ငြိမ်မှုနဲ့ ရင့်ကျတ်တဲ့ အပြုအမူလေးတွေက လုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့စေဖို့ အထောက်အပံ့ဖြစ်လာပါလိမ့်မယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အကျိုးပေးတဲ့ ကာလပဲဖြစ်ပါတယ်။ အလုပ်တာဝန်တွေကြောင့် ချစ်သူကို လျစ်လျူရှုထားသလို ဖြစ်တတ်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ ကိုယ်ကိုယ်တိုင်တောင် မယုံကြည်နိုင်လောက်အောင် အကျိုးအမြတ်တွေ ခံစား ရမှာ ဖြစ်ပါတယ်။

လိမ္မော်ရောင် နဲ့ အဝါရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

စီးပွားရေးနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေထက်ပိုအောင်မြင်စေမယ့် အခွင့်အလမ်းကောင်းတွေ ရလာပါလိမ့်မယ်။ ဒီတစ်ပတ်အတွင်း လေ့လာစူးစမ်းစရာ ကိစ္စရပ်တွေ လုပ်ကိုင်ပါက ကိုယ်မျှော်လင့်ထားသလောက် ခရီးရောက်နိုင်ပါတယ်။ ဒီတစ်ပတ်ကတော့ သင့်အတွက်ကံကောင်းခြင်းတွေ သယ်ဆောင်လာမယ့် ရက်သတ္တပတ်လေး ဆိုလည်း မမှားပါဘူး။

ယတြာ – ငွေရောင်နဲ့ အဖြူရောင်က ဒီတစ်ပတ်အတွင်း သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ကုံရာသီဖွားသူငယ်ချင်းတွေအတွက်လည်း share ပေးဖို့မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

သင်မျှော်လင့်ထားခဲ့တဲ့ စိတ်အပန်းပြေစေမယ့် လှုပ်ရှားမှုလေးတွေ ဒီတစ်ပတ်အတွင်း အထမြောက်လာပါလိမ့်မယ်။ သင့်ရဲ့တန်ဖိုးရှိလှတဲ့ အချိန်လေးတွေကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် ဖြုန်းတီးမိသလို ဖြစ်သွားတတ်ပါတယ်။ ပညာရှာနေသူတွေအတွက်တော့ ဒီတစ်ပတ်လုံး ကျောင်းစာတွေလေ့လာနေတာနဲ့ပဲ ဘယ်လိုကုန်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။

ယတြာ- ခရမ်းနုရောင် ၊ အမဲရောင် အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ဖို့ မမေ့နဲ့နော်။