သင့် ဆယ်လ်ဖီ(selfie) ဓာတ်ပုံက ပြောနေသော သင့်အကြောင်း

blank

“ဓါတ်ပုံတစ်ပုံဟာ အဓိပ္ပါယ်အမျိုးမျိုးပေးဆောင်နေပါတယ်” ဆိုတဲ့အတိုင်း ဆယ်လ်ဖီ(selfie)ရိုက်ခြင်းက သင်ရဲ့ အကြောင်းကို ဖော်ပြပေးနေတယ်ဆိုတာ သင်သိပါသလား။

ဆယ်လ်ဖီရိုက်နေချိန်မှာ ပြုမူတတ် သင့်မျက်နှာအနေအထားပေါ်မှာ မူတည်ပြီးတော့ သင့်စိတ်နေစိတ်ထားလေးတွေကို လေ့လာကြည့်နိုင်ပါတယ်။

A: သင်က မျက်နှာကို အမြဲ ညာဘက် လှည့်ပြီး ဓာတ်ပုံရိုက်တတ်သူ ဆိုရင် သင်ဟာ စွန့်စားရဲတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ပြိုင်ဆိုင်မှုတွေကိုလည်း လိုလားသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ အချုပ်အနှောင်တွေကနေ လွတ်မြောက်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ အသစ်အဆန်းတွေကို လေ့လာချင်သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်ရံ မရောင်ရဲနိုင်တဲ့ စိတ်က သင့်ကို ဒုက္ခပေးနေတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

B: သင်ဟာ ကင်မရာဘက်ကို တည့်တည့် ကြည့်ပြီး ဓာတ်ပုံရိုက်တတ်သူ ဆိုပါက သင် ကိုယ့်ကိုကိုယ် ဂရုစိုက်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။ သင်ဟာ ပြတ်သားပြီး စည်းကမ်းရှိတယ် ဆိုတာ ကလည်း ထင်ရှားနေပါတယ်။ သင့်ကို ထောက်ပံ့ပေးမယ့် မိသားစုမျိုးကို သင်လိုလားတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဟာ အတားအဆီးတွေနဲ့ ကြုံတွေ့ခဲ့ရင်လည်း အဲ့ဒီအတားအဆီးတွေကို ကျော်လွှားဖို့ အမြဲအဆင်သင့် ဖြစ်နေသူပါ။

C: သင့်မျက်နှာကို အမြဲတမ်း ဘယ်ဘက်လှည့်ပြီး ဆယ်လ်ဖီရိုက်တတ်သူသာ ဆိုရင် သင်ဟာ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းလိုသူ တစ်ယောက်ဖြစ်ပါတယ်။ သင့်နေ့ရက်တွေကို ပန်းခြံမှာ လမ်းလျှောက်သလို သာသာယာယာ ဖြောင့်ဖြောင့်ဖြူးဖြူး ဖြတ်သန်းတတ်သူပါ။ သင်ဟာ သင့်စိတ်ကိုသင် ပိုင်ပိုင်နိုင်နိုင် ထိမ်းချုပ်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ပေါင်းရလွယ်တဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ အရာရာအဆင်ပြေသွားမှာဆိုပြီး အမြဲ ယုံကြည်နေတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်တာပေါ့။ သင်ဟာ ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်နဲ့ ချလေ့မရှိပါဘူး။ အရာရာကို သေချာ စဉ်းစားပြီးမှ လုပ်ဆောင်လေ့ရှိတယ်။ စိတ်ရှည်ပြီး သည်းခံတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Happy selfie-snapping!

သင်တစ်ခုခု ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။