နားရွက်အနေအထားလေးတွေက ပြောနေသော သင့်အကြောင်း

blank

လူအမျိုးမျိုးမှာ တူညီတဲ့ ကိုယ်အဂါင်္အစိတ်အပိုင်းလေးတွေ ရှိတတ်ကြပေမယ့် ပုံသဏ္ဍန်လေးတွေကတော့ ကွဲပြားတတ်ကြပါတယ်။ ဥပမာ – မျက်လုံးချင်းတူပေမယ့် အကျဉ်းအကျယ် ကွဲပြားသလိုပေါ့။

အခုတစ်ပတ်မှာတော့ ဂန္ထဝင်ပရိသတ်ကြီးအတွက် နားရွက်လေးတွေရဲ့ ပုံသဏ္ဍန်ကွဲပြားမှုအပေါ် မူတည်ပြီး ကွဲပြားသွားတဲ့ စရိုက်သဘာဝ၊ စိတ်နေစိတ်ထားလေးတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

၁။ ပုံ (A) မှာ ပြထားတဲ့ အတိုင်း သင့်နားရွက်အောက်ပိုင်းလေးက မျက်နှာဘက်အခြမ်းနဲ့ အနည်းငယ် ကွာဟနေမယ်ဆိုရင်တော့ သင်ဟာ အတွေးအခေါ် လွတ်လပ်တဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရဟိတစိတ် အရမ်းပြင်းထန်တာကြောင့် ဘာပဲလုပ်လုပ် အများကောင်းကျိုး အတွက် ရည်ရွယ်ပြီး လုပ်တတ်ပါတယ်။ ပေးဆပ်ခြင်းမှာ မွေ့လျော်သူတွေဆိုလည်း မမှားပါဘူး။ တစ်ခါတစ်လေ သူများအတွက် စဉ်းစားပေးရင်း ကိုယ့်အတွက်ကို မေ့နေတတ်ပါတယ်။

၂။ ပုံ (B) မှာ ပြထားတဲ့ အတိုင်း သင့်နားရွက်အောက်ပိုင်းလေးက မျက်နှာဘက်အခြမ်းနဲ့ တစ်ဆက်တည်း ရှိနေမယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်ပါတယ်။ ဘာပဲ လုပ်လုပ် အနာဂတ်အတွက် ရည်ရွယ်စဉ်းစားပြီးမှ သတိရှိရှိ လုပ်ဆောင် တတ်ကြသူတွေပါ။ တစ်ခါတစ်လေတော့လည်း ကိုယ်တွေးတာ၊ ကိုယ်လုပ်တာအမှန်ဆိုတဲ့ အစွဲလေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း လွန်ကျူးအောင်တော့ အစွန်းမရောက် တတ်ကြပါဘူး။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။