သင့်မျက်နှာက ပြောသော သင့်အကြောင်း

blank

သင့်ရဲ့ မျက်နှာအသွင်အပြင်ကနေ သင့်ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရနိုင်ပါ့မလား။ ရနိုင်ပါတယ်။ အကြောင်းကတော့ အင်္ဂရုပ် ကျွမ်းကျင်ပညာရှင်တွေက လူတွေရဲ့ မျက်နှာသွင်ပြင်ကို ကြည့်ပြီး သူတို့ရဲ့ စိတ်တွေ၊ အမူအကျင့်တွေကို အကဲခတ်နိုင်တဲ့ ပညာရပ်ကို မျှဝေထားခဲ့လို့ပါ။

အောက်ဖက်မှာတော့ မျက်နှာပေါ်က အစိတ်အပိုင်းလေးတွေရဲ့ ပုံသဏ္ဍန်အလိုက် လူတို့ရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်လေးတွေကို ဖော်ပြထားပါတယ်။

၁။ ဆံပင်

ဆံပင်တွေက လူတစ်ယောက်ရဲ့ ကြံ့ခိုင်မှုကို ကိုယ်စားပြုပါတယ်။

  • ပိုးသားလို ပျော့ပြောင်းတဲ့ ဆံကေသာပိုင်ရှင်တွေက အနေအထိုင် နူးညံ့သိမ်မွေ့ပြီး စိတ်ထိခိုက်လွယ်ပါတယ်။
  • ကြမ်းတမ်းတဲ့ ဆံသားပိုင်ရှင်တွေကတော့ ကိုယ့်ခန္ဓာ ကြံ့ခိုင်သန်စွမ်းပြီး တစ်ခုခုဖြစ်ရင်လည်း ပြန်ကောင်းဖို့ မြန်ဆန်ပါတယ်။
၂။ နဖူး

နဖူးရဲ့ အသွင်အပြင်တွေကလည်း လူတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေကို ဖေါ်ပြနေပါတယ်။

  • နဖူးပြောင်တဲ့ သူတွေဟာ ဥာဏ်ကောင်းကြပါတယ်။
  • နဖူးချိုင့်တဲ့ သူတွေကတော့ အသက်မွေးဝမ်းကြောင်းအလုပ်မှာ အတားအဆီးများ တတ်ကြပါတယ်။
  • နဖူးကျဉ်းတဲ့သူတွေကတော့ ဘဝမှာ ကန့်သတ်မှုတွေ များပြားကြပါတယ်။
  • မြင့်မြင့်ဝိုင်းဝိုင်း နဖူးပိုင်ရှင်တွေကတော့ အကြံကောင်းဥာဏ်ကောင်းတွေနဲ့ပြည့်နေတတ်ပါတယ်။
  • ပြေပြစ်တဲ့နဖူး ပိုင်ရှင်တွေကတော့ ရှေ့ရေးကို အမြဲ ကြိုတင် တွေးနေတတ်ပါတယ်။
  • နဖူးပေါ်မှာ အရစ်လေးတွေပါတဲ့ သူတွေကတော့ ဒေါသထွက်လွယ်ကြတယ်။ ပြီးတော့ တက်တက်ကြွကြွနေတတ်ပြီး ရည်ရွယ်ချက်ကြီး ကြတယ်။
  • နဖူးကျယ်တဲ့ သူတွေက ထက်မြက်ပြီး လက်တွေ့ဆန်တဲ့သူတွေ ဖြစ်ပါတယ်။
၃။ မျက်ခုံးများ

မျက်ခုံးတွေက လူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံနဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက် သဘာဝတွေကို ဖော်ပြနေပါတယ်။

  • မျက်ခုံးတစ်ဖက်နဲ့တစ်ဖက် နီးကပ်နေသူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းတတ်ပါတယ်။
  • မျက်ခုံးနှစ်ခု ထိကပ်နေတဲ့သူတွေက စိတ်မြန်လက်မြန်နဲ့ လုပ်စရာရှိတာကို ချက်ခြင်းထလုပ် တတ်ကြတယ်။
  • မျက်ခုံးတစ်ဖက်နဲ့ တစ်ဖက် အနည်းငယ်ကွာဝေးနေတဲ့ မျက်ခုံးပိုင်ရှင်တွေကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေတတ်ကြတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၎။ မျက်နှာကျ

လူတစ်ယောက်ရဲ့ မျက်နှာကျပုံစံက သူ့ရဲ့ အကျင့်စရိုက်တော်တော်များများကို ယေဘုယျအားဖြင့် ဖေါ်ပြပေးနိုင်ပါတယ်။

  • မျက်နှာဝိုင်းတဲ့သူဟာ စိတ်ထိခိုက်ခံစားလွယ်ပြီး၊ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် ဖြစ်ပါတယ်။
  • လေးထောင့်ဆန်တဲ့ မျက်နှာပိုင်ရှင်တွေကတော့ အပြုအမူ ကြမ်းတမ်းပြီး ရည်မှန်းချက်ကြီး တတ်ကြတယ်။ သူတို့ပတ်ဝန်းကျင်ကလူတွေကို လွှမ်းမိုးနိုင်သူတွေပါ။ စိတ်ဆိုးလွယ်သလို ခဏလေးနဲ့ စိတ်ပြန်ပြေတတ်ကြပါတယ်။
  • မျက်နှာရှည်တဲ့ သူတွေကတော့ ဘဝကို လက်တွေ့ဆန်ဆန်နဲ့ နည်းစနစ်တကျ ဖြတ်သန်းကြပါတယ်။ ဒါပေမယ့် တစ်ချိန်လုံး အလုပ်တွေ ပိနေတတ်ကြတယ်။
  • ဘဲဥပုံမျက်နှာ ပိုင်ရှင်တွေကတော့ ဘယ်အလုပ်မဆို တက်တက်ကြွကြွ လုပ်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် ဖွဲမီးလို ခဏပဲလောင်ကျွမ်းပြီး ရေရှည်မခံတတ်ကြပါဘူး။
၅။ မျက်လုံးများ

လူတစ်ယောက်ရဲ့ မျက်လုံး အရွယ်အစားက သူ့ရဲ့ အလေ့အထကို ပြသနေပါတယ်။

  • မျက်လုံးကျဉ်းကျဉ်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူတွေက လူ့ကန့်လန့်တွေ ဖြစ်ကြပါတယ်။
  • အနေတော် မျက်လုံးပိုင်ရှင်တွေကတော့ ဥာဏ်ရည် အသင့်အတင့် ရှိသူတွေ ဖြစ်ကြပါတယ်။
  • မျက်လုံးကျယ်တဲ့ သူတွေကတော့ ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ခံစားလွယ်ကြပါတယ်။ ပြီးတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေ ဖြစ်ကြပါတယ်။
၆။ နှာခေါင်း

နှာခေါင်းရဲ့ ပုံသဏ္ဍာန်က လူတစ်ယောက်ရဲ့ ငွေကြေးအခြေအနေနဲ့ အကျင့်စရိုက်တွေကို ဖေါ်ပြနေပါတယ်။

  • နှာခေါင်းသေးသေးချွန်ချွန်လေးတွေ ရှိတဲ့ သူတွေ ဆိုရင် သူတို့လက်ထဲမှာ ငွေ ဘယ်တော့မှ မမြဲတတ်ပါဘူး။
  • နှာတံစင်းစင်းလေးတွေ ပိုင်ဆိုင်ထားတဲ့သူတွေက အောင်မြင်မှုကို အရမ်း နှစ်သက်တတ်ကြပါတယ်။
  • နှာခေါင်းရှည်တဲ့ သူတွေကတော့ ရှေးရိုးဆန်ပြီးတော့ မျှတတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။
  • ရောမသားတွေလို နှာခေါင်းလှတဲ့သူတွေကတော့ လက်ဖြောင့်သနတ် သမားတစ်ယောက်လိုပဲ အကြောက်အလန့်မရှိတဲ့ ပုံစံဖြစ်ပါတယ်။
၇။ နားရွက်

နားရွက်ပုံသဏ္ဍန်လေးတွေကလည်း လူတစ်ယောက်ရဲ့ အမူအကျင့်တွေကို ဖော်ပြနေပါသေးတယ်။

  • နားရွက်ကြီးတဲ့သူတွေက ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်ကြတယ်။
  • နားရွက်ရှည်ရှည်လေးတွေ ပိုင်ဆိုင်ထားတဲ့သူတွေကတော့ အသိဥာဏ်ကြွယ်ဝပြီး ကိုယ်ကျင့်တရား ကောင်းကြသူတွေ ဖြစ်ကြပါတယ်။
  • နားရွက်ဝိုင်းတဲ့သူတွေကတော့ အနုပညာကို ဝါသနာထုံ တတ်ကြပါတယ်။ ဒါ့အပြင် ဒီလိုနားရွက်ပိုင်ရှင်တွေကို ယုံကြည်စိတ်ချစွာနဲ့ အစစအရာရာ တိုင်ပင်နှီးနှောလို့ ရပါတယ်။ ဒီလိုအရည်အချင်းတွေကြောင့်လည်း လူချစ်လူခင်သိပ်ကို များတတ်ကြသူတွေပါ။
  • နားရွက်အောက်ပိုင်းလေး ရှည်တွဲနေတဲ့ သူတွေကတော့ စိတ်ဓါတ်ခိုင်မာပြီး ကိုယ့်အားကိုယ်ကိုး တတ်ကြသူတွေပါ။ ဘာကိုမှ လွယ်လွယ်နဲ့ အလျှော့မပေး တတ်ကြပါဘူး။
၈။ ပါးစပ်

နှုတ်ခမ်းတွေက လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ကိုယ်စားပြုပါတယ်။ ပြီးတော့လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်ကိုလည်း ထင်ဟပ်စေပါတယ်။

  • ခြောက်သွေ့ပြီး ဖျော့တော့တော့ နှုတ်ခမ်းမျိုး ပိုင်ဆိုင်ထားတဲ့သူတွေကတော့ စိတ်ခံစားမှု အားနည်းတတ်ကြပါတယ်။
  • နှင်းဆီရောင် နှုတ်ခမ်းပိုင်ရှင်တွေကတော့ နွေးထွေးစွာ ပေါင်းသင်းဆက်ဆံတတ်ကြပါတယ်။
  • နှုတ်ခမ်းပါးပိုင်ရှင်လေးတွေကတော့ လေ့လာအားကောင်းတဲ့သူတွေ ဖြစ်ပါတယ်။
  • နှုတ်ခမ်းထောင့်လေးတွေ အောက်ကိုကွေးနေတဲ့ သူတွေက မရောင့်ရဲတတ်ကြပါဘူး။
  • နှုတ်ခမ်းကြီးတဲ့သူတွေက အစစအရာရာ ထိန်းထိန်းသိမ်းသိမ်း နေထိုင်တတ်ကြပါတယ်။
  • ပုံမှန်နှုတ်ခမ်းပိုင်ရှင်တွေက ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ကြပါတယ်။
  • နှုတ်ခမ်းကျဉ်းကျဉ်းလေးတွေ ပိုင်ဆိုင်ထားတဲ့သူတွေက စိတ်ခံစားချက်ကို ရှေ့တန်းမတင်တတ်ကြပါဘူး။
  • အပေါ်ကိုကွေးနေတဲ့ နှုတ်ခမ်းပိုင်ရှင် တွေက အကောင်းမြင်စိတ်ရှိပြီး ကံကောင်းတတ်ကြပါတယ်။
၉။ ပါးများ
  • ပါးဖေါင်းဖေါင်းလေးတွေ ကိုပိုင်ဆိုင်ထားသူတွေကတော့ နွေးထွေးကြင်နာတတ်ပြီး လူမှုဆက်ဆံရေး ကောင်းမွန်သူတွေ ဖြစ်ကြပါတယ်။
  • ပါးရိုးကားတဲ့ သူတွေကတော့ အရာရာကို ဦးစီးဦးဆောင်လုပ်ချင်ကြတယ်။
  • သွယ်လျတဲ့ ပါးရိုးပိုင်ရှင် တွေကတော့ ငွေကြေးအစုအဆောင်းကောင်းလွန်းလို့ အများကတောင် ကပ်စေးနည်း တယ်လို့ထင်တတ်ကြတယ်။
၁၀။ မေးရိုး

မေးရိုးတွေက လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုတွေကို ပြသနေပါတယ်။

  • အနည်းငယ် ရှေ့ထွက်နေတဲ့ မေးရိုးပိုင်ရှင်တွေကတော့ ဆုံးဖြတ်ချက်ပြတ်သားပြီး ကိုယ့်အားကိုယ် ကိုးတတ်ကြတယ်။
  • မေးရိုးအနည်းငယ် နောက်ရောက်နေတဲ့ သူတွေက စိတ်ထိခိုက်လွယ်ကြပါတယ်။

ကဲ ဂန္တဝင် ပရိတ်သတ်ကြီးရော တိုက်ဆိုင်တယ်ဆိုရင် comment ဝင်ရေးဖို့မမေ့ကြနဲ့ဦးနော်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။