၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇူလိုင် ၁၃ မှ ၁၉ ရက်နေ့အထိ)

blank
၁။ မိဿ      ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်မှာ ဘာပဲလုပ်လုပ် အားအင်တက်ကြွနေတယ်။ နောက်ဆုတ်မယ့် ခြေလှမ်းဆိုတာ မရှိသလောက် စိတ်အား ထက်သန်နေပါတယ်။ မိသားစုအရေးနဲ့ ပတ်သက်ပြီး အနည်းငယ် ခေါင်းခြောက်စရာ ရှိတတ်တာမို့ ဂရုတစိုက် နေထိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင် ပါဝင်ဖြေရှင်းရမယ့် အိမ်တွင်းရေး ပြဿနာလေးတွေ ရှိတတ်တာမို့ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီး ကြိုးစားဖြေရှင်းလိုက်ပါ။
မိဿ      ရာသီဖွား သူငယ်ချင်း (၃) ယောက်နဲ့ ဒီစာစောင်ကို Share လိုက်ပါ။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂ဝ ) မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပါတ်မှာတော့ ငွေကြေးနဲ့ ပတ်သက်ပြီး စိုးရိမ်သောက ရောက်နေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ ဖြစ်ဖြစ် အလုပ်မှာပဲဖြစ်ဖြစ် ငွေကြေးကိုင်တွယ်ရာမှာ ယိုပေါက်မရှိအောင် အထူးစီစစ်ဖို့ လိုအပ်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ့် အချိန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့်နှလုံးသားရေးကိစ္စတွေမှာပေါ့။ အကယ်၍ ကိုယ့်စိတ်ထဲမှာ တစ်ခုခုမတင်မကျဖြစ်နေခဲ့ရင် ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ရှေ့ဆက် လျှောက်လှမ်းလိုက်ပါ။

ပြိဿ     ရာသီဖွား သူငယ်ချင်းလေးတွေကို comment box မှာ tag လိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်း မွေးဖွားသူများ

အချစ်ရေးမှာ အမြင်မတူတာကြောင့် ပြဿနာလေးတွေ တက်ရတတ်ပါတယ်။ ဒါကြောင့် ပဋိပက္ခလေးတွေကို အဆင်ပြေပြေ ညှိနှိုင်း ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ ရက်သတ္တပတ်ကုန်ခါနီးလောက်မှာ ငွေကြေးနဲ့ ပတ်သက်ပြီး အနည်းငယ် ခေါင်းရှုပ်ရကိန်း ရှိပါတယ်။ အစစအရာရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီးမှ အောင်မြင်ရတတ်ပါတယ်။

မေထုန်ရာသီဖွားလေးတွေ အတွက် ဒီဗေဒင်လေးကို မျှဝေပေးလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

အလျှင်အမြန် တိုးတက်ဖို့အတွက် ကိုယ့်ဆီမှာ ရှိနေတဲ့ အကြံညဏ်တွေကို ဖြစ်ပါ့မလားဆိုပြီး ဒွိဟဖြစ်နေမှာထက် ချက်ချင်းအကောင်အထည် ဖော်လိုက်ပါ။ သင့်ရဲ့ကောင်းမွန်တဲ့ idea တွေကြောင့် သင်ကိုယ်တိုင်တောင် ထင်မှတ်မထားတဲ့ အောင်မြင်မှုမျိုး ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ခုတစ်လော ကျန်းမာရေး ကို ကောင်းကောင်း ဂရုမစိုက်နိုင်ဘဲ ဖြစ်နေတတ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ မလိုလားအပ်တဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

အရင်က ကြုံခဲ့ရတဲ့ အလုပ်ငွေကြေး စတာတွေအတွက် စိတ်ရှုပ်ရတာတွေ အားလုံး ပြီးဆုံး သွားပါပြီ။ ဒီတစ်ပတ်မှာ သင်ကိုယ်တိုင်လည်း စိတ်လက်တက်ကြွစွာနဲ့ အနာဂတ်အတွက် ခြေလှမ်းသစ်တွေ လျှောက်လှမ်းလိုက်ပါ။ အလုပ်မှာလည်း ရာထူးတိုးတာမျိုးဖြစ်ဖြစ်၊ အထက်လူကြီးတွေရဲ့ ချီးမြှောက်ခြင်းခံရတာမျိုး စတာတွေ ကြုံရတတ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ပတ်ဝန်းကျင်က မနာလိုဖြစ်တတ်တာမို့ အနေအထိုင် ဆင်ခြင်ဖို့လိုအပ်ပါတယ်။
ယတြာ-ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၅) ဦးကို tag လုပ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကံရာသီဖွားတွေအနေနဲ့ ငွေကြေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် မိသားစု နဲ့ ပတ်သက်ပြီးဖြစ်ဖြစ် ဒီတစ်ပတ်မှာ စိတ်ရှုပ်စရာတွေ အများကြီး ကြုံရမှာ ဖြစ်ပါတယ်။ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက်သာ ကြိုးစားဖြေရှင်းလိုက်ပါ။ သင် ရုတ်တရတ် ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ရဲရဲကြီး ယုံကြည်လိုက်ပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။

ဤစာစောင်လေးကို သူငယ်ချင်း (၄) ယောက်နဲ့ SHARE လုပ်လိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

တူရာသီဖွားတွေအနေနဲ့ ဒီတစ်ပတ်အတွက် အထူးသတိထားသင့်တာ လူမှုဆက်ဆံရေးပါ။ အလိုလိုနေရင်း စိတ်တွေ ဆတ်နေတာကြောင့် လူကြီးနဲ့ ဆက်ဆံဆက်ဆံ၊ ကလေးနဲ့ပဲ ဆက်ဆံဆက်ဆံ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း
ဆက်ဆံရေး မပြေပြစ်တာကြောင့်ပဲ အခက်အခဲလေးတွေ တွေ့ရတတ်တယ်။ ဒါကြောင့် စကားအပြောအဆို ဆင်ခြင်ဖို့ အထူးလိုအပ်ပါတယ်။ ဘာမှမပြောရသေးခင် သေချာစဉ်းစားဆင်ခြင်ပါ။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဗြိစ္ဆာရာသီဖွားတွေဟာ ကိုယ့်ကိုယ်ကို အပြည့်အဝ ယုံကြည်နေတာကြောင့် အရင်ကနဲ့မတူတဲ့ ဆွဲဆောင်မှုမျိုးတွေ ရှိနေပါတယ်။ လူအများပါဝင်တဲ့ အသင်းအဖွဲ့တစ်ခုမှာ စကားပြောရင်တောင် သင့်စကားကိုပဲ ဝိုင်းဝန်းထောက်ခံချင်လောက်အောင် သင့်မှာ လွှမ်းမိုးနိုင်စွမ်းတွေ ရှိနေပါတယ်။ သတင်းပတ် အလယ်လောက်မှာတော့ အခက်အခဲလေးတွေ မဆိုစလောက် ကြုံရတတ်ပါတယ်။ သို့ပေမယ့် သင်ကျော်လွှားနိုင်ပါတယ်။

comment box မှာ အခင်ဆုံး သူငယ်ချင်း (၃) ဦးကို tag လုပ်လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေ အနေနဲ့ကိုယ်ရှေ့ဆက် လျှောက်လှမ်းရမယ့် လမ်းအတွက် ကိုယ်ချစ်မြတ်နိုးရသူ တစ်ယောက်ရဲ့ အားပေးမလိုအပ်နေချိန် ဖြစ်ပါတယ်။ ကိုယ့်ချစ်သူကပါ ကိုယ့်အလုပ်ရဲ့ ရှေ့ဆက်မယ့် ခြေလှမ်းတွေကို ကူညီပေးမယ်ဆို ဘယ်သူမှ လိုက်မမှီနိုင်မယ့် အရှိန်မျိုးနဲ့ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ တက်ကြွတဲ့ အားအင်တွေနဲ့ ကိုယ့်ယုံကြည်မတွေ ပေါင်းစည်းလိုက်ပါ။ အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ဆောင်လိုက်ပါ။ အောင်မြင်ခြင်းတွေ သင့်နောက်က ထပ်ချပ်မကွာ လိုက်လာခဲ့ပါပြီ။ဲ

comment box မှာ အခင်ဆုံး သူငယ်ချင်း (၅) ဦးကို tag လုပ်လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မကာရ ရာသီဖွား တွေအနေနဲ့ ငွေကြေးကိစ္စတွေ ဆောင်ရွက်တဲ့ အခါ အထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ စိတ်ပူစရာတော့ မရှိပါဘူး။ အားလုံးပြီးသွားတဲ့ အချိန်မှာ သင့်အတွက် အကျိုးအမြတ် ကျန်ခဲ့မှာပါ။ စကားပြောတဲ့ အခါ စိတ်ထဲ ရှိတဲ့အတိုင်း ပြောခြင်းက လူမုန်းများစေပါတယ်။ ဒါကြောင့် စကားပြောဆိုတဲ့အခါ စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်ပြီးမှ ပြောဆိုတာ အကောင်းဆုံးပါ။

မကာရ ရာသီဖွား သူငယ်ချင်းတွေအတွက် (Share ) လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေ အနေနဲ့တော့ ဒီတစ်ပတ်မှာ စိတ်တွေအလိုမကျ ဖြစ်နေတတ်ပါတယ်။ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရတော့ စိတ်မကျေနပ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အလွယ်တကူ ဒေါသထွက်တတ်တာမို့ မိမိစိတ်မိမိ ထိန်းချုပ် နိုင်ဖို့ အရမ်း အရေးကြီးနေပါတယ်။ စိတ်လိုက်မာန်ပါဆောင်ရွက်ခြင်းက အလုပ်ခွင်မှာ အကြီးအကဲတွေနဲ့ ပြဿနာ ဖြစ်နိုင်တာမို့ အထက်လူကြီးတွေနဲ့ ဆက်ဆံတဲ့ အခါ အတတ်နိုင်ဆုံး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကုံရာသီဖွား သူငယ်ချင်းတွေ အတွက် (Share ) လိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်း မွေးဖွားသူများ

မိန်ရာသီဖွားတွေ အနေနဲ့ ဒီတစ်ပတ်မှာ အလုပ်နဲ့ ပတ်သက်ပြီး အဆင်မပြေမှုလေးတွေ ရှိတတ်တာကြောင့် ကိုယ့်စိတ်ခံစားမှုတွေကို အလုပ်ထဲမှာပဲ လုံးဝ နစ်မြှပ်ထားတာမျိုး မလုပ်မိဖို့ အရေးကြီးပါတယ်။ အခြားကိစ္စတွေပါ လစ်ဟင်းသွား နိုင်ပါတယ်။ ဒီတစ်ပတ်အတွင်း မှာ ကိုယ့်စိတ်ပျော်ရွှင်စေဖို့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အတူရှိနေဖို့လိုအပ်ပါတယ်။ စိတ်တွေ အနားပေးရင်း အနာဂတ်အတွက် မျှော်လင့်ချက်၊ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ တွေးတောနေလိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။