၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇွန်လ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်မှာ အလုပ်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ အများကြီး ကြုံရပါလိမ့်မယ်။ ကိုယ်အစွမ်းအစ ရှိသလောက် ကြိုးစားပါက ထိပ်ဆုံးထိ ရောက်မယ့် ကာလဖြစ်ပါတယ်။ စကားအပြောအဆို ဆင်ခြင်ဖို့ အထူးလိုအပ်ပါတယ်။ ကိုယ်က စေတနာနဲ့ပြောလိုက်ပေမယ့် တစ်ဖက်လူကို ဝေဒနာပေးလိုက်သလို ဖြစ်သွားတတ်ပါတယ်။ သူငယ်ချင်းတွေကတစ်ဆင့် သိရတဲ့ ကိုယ့်ကို အကျိုးပြုမယ့် မိတ်ဆွေသစ်တွေ ထပ်ရလာပါလိမ့်မယ်။

ယတြာ-ကိုယ့်လုပ်ရပ်တွေက ကိုယ့်ကံကြမ္မာပဲဆိုတာ နှလုံးသွင်းထားရင် လုံလောက်ပါတယ်။ ဤစာစောင်လေးကို သူငယ်ချင်း (၃) ယောက်နဲ့ SHARE လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

 ၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

ကိုယ်နဲ့ အရမ်းရင်းနီးရတဲ့သူတွေက ကိုယ့်အပေါ်ဆက်ဆံရေးတွေ ပြောင်းလဲ နေတတ်ပါတယ်။ ကိုယ်ဟာ ဘဝကို ရည်ရွယ်ချက်ကြီးကြီး နဲ့ လျှောက်လှမ်းနေချိန် ဖြစ်တာကြောင့် ဖြစ်ချင်စိတ်တွေကြောင့် ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားသလို မလွတ်မလပ် ဖြစ်နေတတ်ပါတယ်။ တစ်ဖက်ကလည်း သူငယ်ချင်းတွေနဲ့ စိတ်ပေါ့ပါးစေမယ့် ပျော်စရာလေးတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ငွေရေးကြေးရေး၊ စာချုပ်စာတမ်းတွေနဲ့ လုပ်ကိုင်ရတဲ့ အလုပ်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်လွဲမှုတွေ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်ဘယ်လောက်ရှင်းပြရှင်းပြ အရာမထင်ဘူး ဖြစ်နေတတ်ပါတယ်။ စိတ်မပူပါနဲ့ ကံတရားက သင့်ဘက်မှာပါ။ ဒီတစ်ပတ်ပြီးတာနဲ့ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။

ယတြာ – စိတ်ရှုပ်ထွေးမှုတွေပြေပျောက်ဖို့ တရားအားထုတ်တာမျိုး၊ တစ်ယောက်ထဲအေးအေးဆေးဆေး အနားယူတာမျိုးလေးတွေ ပြုလုပ်ပါ။ ဤစာစောင်လေးကို သူငယ်ချင်း (၃) ယောက်နဲ့ SHARE လိုက်ပါ။

 ၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်မှာ ရင်းနီးရတဲ့သူငယ်ချင်းတွေရဲ့ ပစ်ပယ်တာကို ခံရတတ်ပါတယ်။ ဥပမာ- အတူတူသွားဖို့ စီစဉ်ထားတဲ့ ခရီးတစ်ခုကို ကိုယ်မပါဘဲ ထွက်သွားကြတာမျိုးပေါ့။ ဒါပေမယ့် သင့်အနားမှာ သင့်အပေါ်တကယ်ခင်တဲ့ သူငယ်ချင်းတစ်ယောက် အသင့် ရှိနေပါလိမ့်မယ်။ စိတ်ရှုပ်စရာတွေ ခဏမေ့ထားလိုက်ပြီး လက်ရှိဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။ အလုပ်အကိုင်၊ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကံကောင်းခြင်းတွေ နဲ့ ကြုံရပါလိမ့်မယ်။

ယတြာ – ကံကောင်းနေတဲ့ အခိုက်အတန့်ဖြစ်တာကြောင့် လှုပ်ရှားပြောင်းလဲစရာတွေကို တဟုန်ထိုးသာ လုပ်ဆောင်လိုက်ပါတော့။ မေထုန်ရာသီဖွား သူငယ်ချင်းတွေအတွက် စာစောင်ကို မျှဝေလိုက်ပါ ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

အခုတစ်လော ဘာကိုမှ အာရုံ စိုက်လို့ မရဘဲ စိတ်တွေ ရှုပ်ထွေးနေတတ်တယ်။ ဒီလိုဖြစ်စေတာက ကိုယ်မျှော်လင့်နေတဲ့ သူတစ်ယောက်ဆီက အဆက်သွယ် မရလို့ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ကပဲ စဆက်သွယ်လိုက်ပါ။ သင်သူ့ကို အရေးတကြီး လိုအပ်နေကြောင်း ဖော်ပြလိုက်ပါ။ ကိုယ်ယုံကြည်ရတဲ့ လူတစ်ယောက်ရဲ့ မထင်မှတ်ထားတဲ့ အပြုအမူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ အယုံမလွယ်ဖို့ အရေးကြီးပါတယ်။ လျှို့ဝှက်သင့်တဲ့ ကိစ္စတွေကို အတတ်နိုင်ဆုံး နှုတ်လုံဖို့ ဂရုစိုက်ပါ။

ယတြာ – ဒီတစ်ပတ်အတွက် အကောင်းဆုံးယတြာကတော့ ခေါင်းမာနေတဲ့အရာတွေ အနည်းငယ် ပြေလျော့လိုက်ဖို့ပါပဲ။ ကရက်ရာသီဖွား သူငယ်ချင်းတွေအတွက်လည်း စာစောင်ကို မျှဝေလိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

အခုတစ်ပတ်မှာ တစ်ယောက်ထဲ အေးအေးဆေးဆေးနေပြီး အနားယူခြင်းကနေ ကောင်းမွန်တဲ့ အကြံညဏ်ကောင်းတွေ ရလာတတ်ပါတယ်။ အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ တစ်ယောက်တည်း ဆုံးဖြတ်တာပိုပြီး မှန်ကန်ပါလိမ့်မယ်။ ကိုယ့်လျှောက်နေတဲ့လမ်းမှာ ဝေဖန် အပြစ်တင်မှုတွေ ကြုံလာခဲ့ရင် အာရုံမများဘဲ ကိုယ့်လမ်းကိုယ် ဆက်လျှောက်လိုက်ပါ။ ကိုယ်စွမ်းညဏ်စွမ်း ရှိသလောက် ကြိုးစားလိုက်ပါ။ ရလာဒ်ကောင်းတွေ အဆင်သင့်စောင့်နေပါလိမ့်မယ်။

ယတြာ – ဘယ်လောက်ပဲ စိတ်ရှုပ်စရာတွေရှိ နေပါစေ အပြုံလေးတွေ ပန်ဆင်ထားဖို့ မမေ့ပါနဲ့။ comment box မှာ အခင်ဆုံး သူငယ်ချင်း (၅) ဦးကို tag လုပ်လိုက်ပါ။

 

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

လတ်တလော သာယာမှုလေးတွေကြောင့် ရေရှည်သွားရမယ့် အစီအစဉ်တွေ ထိခိုက်တတ်ပါတယ်။ လုပ်ချင်တာထက် လုပ်သင့်တာကို ပိုဦးစားပေးရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ သင့်ကိုတန်ဖိုးထားပြီး သင့်အပေါ် တစ်ကယ် ကောင်းစေချင်တဲ့ သူတွေနဲ့ပဲ လက်တွဲလုပ်ဆောင်ပါ။ အရင်က မကြည်မလင်ဖြစ်နေတဲ့ စိတ်ခံစားမှုတွေကို အကောင်းဘက်ကို ပြောင်းလဲပစ်ရမယ့် အချိန်ရောက်နေပါပြီ။ ကိုယ့်ရဲ့ တီထွင် ဖန်တီးနိုင်စွမ်းတွေနဲ့ ကောင်းမွန်တဲ့ စိတ်ထားလေးတွေကြောင့် အလုပ်မှာ သူမတူတဲ့ အခွင့်အလမ်းတွေ ရလာပါလိမ့်မယ်။ ချစ်သူအတွက် အချိန်မပေးနိုင်တဲ့ ပြဿ  နာလေးတွေလည်း ကြုံရတတ်တာကြောင့် အတတ်နိုင်ဆုံး ညှိနှိုင်းနေထိုင်တတ်ဖို့ လိုအပ်နေပါတယ်။
ယတြာ – အကောင်းဆုံး ယတြာကတော့ ကိုယ်စွမ်းညဏ်စွမ်း ရှိသလောက် ကြိုးစားလိုက်ဖို့ပါပဲ။ ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၃) ဦးကို tag လုပ်ဖို့လည်း မမေ့နဲ့နော်။

 

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

ဒီအတွက်တော့ ကိုယ်အရမ်းစိတ်ဝင်စားတဲ့ လုပ်ငန်းသစ်လုပ်ဆောင်ဖို့အတွက် သိဟ်ရာသီဖွားမိတ်ဆွေတစ်ယောက်ရဲ့ ကူညီထောက်ပံ့မှုတွေ အများကြီး ရလာတတ်ပါတယ်။ ဒီတစ်ပတ်အတွင်း ငွေကြေးအရှုပ်အထွေးတွေ ရှိနိုင်တာကြောင့် သတိရှိရှိ လုပ်ဆောင်မှ တော်ကာကျမှာ ဖြစ်ပါတယ်။ ငွေအချေးအငှားနဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေနဲ့ မိတ်ပျက်စရာတွေ ကြုံရတတ်ပါတယ်။ လူမှုဆက်ဆံရေးလည်း အဆင်မပြေမှုလေးတွေနဲ့ ကြုံရတတ်ပါတယ်။

ယတြာ -အရေးကြီးဆုံး ကာလ ဖြစ်တာကြောင့် ဆုံးဖြတ်ချက်တွေကို အထူးဂ၇ုစိုက်ပါ။ ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကိုယ့်မာနကြောင့်မို့ အခြားသူတွေရဲ့ အကူအညီကို မယူခဲ့တဲ့ အကျင့်ကြောင့် အလုပ်ခွင်မှာ အခက်ကြုံရတတ်ပါတယ်။ အရင်ကခေါင်းမာမှုတွေ ခဏထားပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနှိုင်းတိုင်ပင် လုပ်ဆောင်လိုက်ပါ။ ခုတစ်ပတ်အတွင်း စိတ်ထဲမှာ မြိုသိပ်နေရတာတွေများနေပြီး စိတ်ဖိစီးမှုတွေ များနေပါလိမ့်မယ်။ အလိမ္မာသုံးပြီး ကိုယ်ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ပါတယ်။ စိန်ခေါ်မှုတွေ အရမ်းများနေတာကြောင့် အလုပ်လုပ်တဲ့အခါ အတတ်နိုင်ဆုံး သတိကပ်လုပ်ဆောင်ပါ။
ယတြာ – မိမိ စိတ်ပင်ပန်းရှုပ်ထွေးစရာတွေ ပျောက်ကင်းစေဖို့ အခြားသူတွေကိုလည်း တတ်နိုင်သလောက် ကူညီဖေးမပါ။ ဤစာစောင်ကို သူငယ်ချင်း (၄) ယောက်နဲ့ SHARE လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အချစ်ရေးမှာ အထူးသတိထားသင့်တဲ့ ကာလပဲဖြစ်ပါတယ်။ ဖြေရှင်းစရာရှိတာတွေကို အချိန်မဆွဲဘဲ ဖြေရှင်းလိုက်ပါ။ မဟုတ်ရင် မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက် အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေ တတ်နိုင်သမျှ အလွှမ်းမိုးမခံပါနဲ့။ ကိုယ့်အားကိုယ်မကိုးဘူးဆိုရင် ကိုယ့်ဆန္ဒမျှော်လင့်ချက်တွေ သွေဖယ်သွားနိုင်ပါတယ်။ အခုတစ်ပတ်မှာ ကိုယ်ထင်ထားသလောက် ခရီးမရောက်တာမျိုးလေးတွေလည်း ကြုံရတတ်ပါတယ်။ အလုပ်လုပ်တဲ့အခါ အပေါ်ယံကိစ္စတွေအပေါ် သိပ်အာရုံမထားဘဲ အရေးကြီးတဲ့ အပိုင်းတွေကို ဂရုတစိုက် လုပ်ဆောင်သင့်ပါတယ်။

ယတြာ – မိမိစိတ်ကို အကောင်းဆုံး ပြုပြင်ပြီး အတတ်နိုင်ဆုံး အကောင်းမြင်စိတ်လေးနဲ့ ရပ်တည်လိုက်ပါ။ ဒီဗေဒင်လေးကို SHARE လုပ်ဖို့လည်း မမေ့နဲ့နော်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

အလုပ်နဲ့ ပတ်သက်ပြီး ထင်ထားသလောက် မဖြစ်လာတော့ စိတ်ဓါတ်တွေ ကျနေပါလိမ့်မယ်။ သို့ပေမယ့်အားမလျှော့ပါနဲ့ ။အတတ်နိုင်ဆုံး ကိုယ်စွမ်းနိုင်သလောက် အားစိုက်လုပ်ဆောင်လိုပါ။ မိသားစုအရေးကလည်း စိတ်ရှုပ်စရာတွေ ကြုံနေတတ်တာကြောင့် ယုံကြည်ရတဲ့သူ တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီး ညှိနှိုင်း ဖြေရှင်းလိုက်ပါ။ အရေးကြီးတာကတော့ ဘာပဲလုပ်လုပ် ကိုယ့်တာဝန်ကို ယူတတ်ပြီး ဟာကွက်မရှိအောင် လုပ်ဆောင်သွားဖို့ပါပဲ။ မကြာခင် အားလုံး အဆင်ပြေသွားမှာပါ။

ယတြာ – အညံ့အခိုက်တွေ ပြေပျောက်စေဖို့ ဒုက္ခရောက်နေသူတွေကို ဂရုဏာစိတ်လေးနဲ့ ကူညီဖေးမပါ။ ဒီဗေဒင်လေးကို SHARE လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ယခုတစ်ပတ်မှာ ဖြေရှင်းစရာ ရှိတဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံး အလျှင်အမြန်ဖြေရှင်းလိုက်ပါ။ မဟုတ်ရင် ထင်ထားတာထက် ပိုဆိုးသွားနိုင်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး အနည်းငယ် စိတ်ရှုပ်စရာလေးတွေ ဖြစ်တတ်ပါတယ်။ အလုပ်မှာရော၊ ပေါင်းသင်းဆက်ဆံရေးမှာပါ သည်းခံစိတ်လေးနဲ့ မေတ္တာတရား လက်ကိုင်ထားပြီး ဆက်ဆံဖို့ လိုအပ်ပါတယ်။ အားလုံး အဆင်ပြေသွားမှာပါ။ ဘယ်လောက်ပဲ ဆိုးရွားတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ် ကိုယ့်စိတ်သဘောထားလေး တစ်ချက်ပြောင်းလိုက်ရုံနဲ့ အခြေအနေတွေအားလုံး အကောင်းဘက်ကို ဦးတည်လာပါလိမ့်မယ်။
ယတြာ – မိမိ စိတ်ပင်ပန်းရှုပ်ထွေးစရာတွေ ပျောက်ကင်းစေဖို့ အခြားသူတွေကိုလည်း တတ်နိုင်သလောက် ကူညီဖေးမပါ။ ဤစာစောင်ကို သူငယ်ချင်း (၅) ယောက်နဲ့ SHARE လိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်းမွေးဖွားသူများ

သူငယ်ချင်းမိတ်ဆွေတွေရဲ့ လျို့ဝှက်ချက်တွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းပေးထားပါ။ အကြောင်းတစ်ခုခုကြောင့် ပေါက်ကြာသွားရင် ကိုယ့်အပေါ် မဲကျလာနိုင်ပါတယ်။ ကြာသာပတေးနဲ့ သောကြာနေ့တွေက သင့်အတွက် ရွှေရောင်နေ့ရက်လေးတွေပါပဲ။ ဆေးစက်ကျရာ အရုပ်ထင်တဲ့ ကာလလေးပဲဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ အများကြီး ကြုံရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကံတရားက ကိုယ့်ဘက်မှာရှိနေပါတယ်။ ဘာကိုမှ မကြောက်ရွံ့ဘဲ အကောင်းဆုံး ရင်ဆိုင်လိုက်ပါ။ သင့်အတွက် ရလာဒ်ကောင်းတွေက ရှိနေပြီးသားပါ

ယတြာ – ကံကောင်းသထက်ကောင်းလာစေဖို့ မိမိစိတ်လေးကို တတ်နိုင်သမျှ ဖြူအောင်ထားပါ။ ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၃) ဦးကို tag လုပ်လိုက်ပါ။