၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇွန်လ (၁၅) ရက်နေ့မှ (၂၁) ရက်နေ့အထိ)

blank
၁။ မိဿ      ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

အခုတစ်ပတ် စကားအပြောအဆို ဆင်ခြင်ဖို့ သိပ်ကိုအရေးကြီး နေပါတယ်။ ကိုယ့်အပြောအဆိုတွေ၊ လုပ်ရပ်တွေကြောင့် လမ်းလွဲရောက်သွားနိုင်တာမို့ ဘာမှ မပြောခင်၊ မလုပ်ခင် အရင်စဉ်းစားဆင်ခြင်ပါ။ အလုပ်အတွက် အဆက်အသွယ်ကောင်းတွေ ရရှိနိုင်မယ့် ကာလဖြစ်ပါတယ်။ အခွင့်အလမ်းကောင်းတွေက အသင့် စောင့်ကြိုနေပါတယ်။ ခရီးထွက်ရင်း မိတ်ဆွေကောင်းတွေနဲ့ အခွင့်အလမ်းသစ်တွေ ရလာတတ်ပါတယ်။ အခွင့်အလမ်းတွေနဲ့ အတူ စိန်ခေါ်မှုတွေလည်း ကပ်လျက်ပါ နေပါတယ်။

ယတြာ – ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်လျှောက်ခြင်းကသာ အရာရာ အဆင်ပြေမှုအတွက် အကောင်းဆုံး ယတြာ။ ဒီဗေဒင်လေးကို SHARE လိုက်ပါ။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂ဝ) မှ မေလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်ဟာ အခြားသူတွေရဲ့ အလိုဆန္ဒတွေ ဖြည့်ဆည်းပေးရင်း ကိုယ့်အတွက် ကောင်းမွန်တဲ့ ရလာဒ်တွေ ထွက်လာမယ့် ကာလဖြစ်ပါတယ်။ ဒီတစ်ပါတ်အတွင်းမှာ စက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စိတ်ညစ်ရတတ်ပါတယ်။ ပစ္စည်းဝယ်တာတွေ၊ ရေပိုက်ပြင်ဆင်တာတွေ စတာတွေအတွက် ကုန်ကျစားရိတ်တွေ များနေမယ်။ အချစ်ရေးကတော့ စိတ်ရှည်သည်းခံပြီး ပါးနပ်စွာ ရပ်တည်ရမယ့် ကာလပဲ ဖြစ်ပါတယ်။ စကားအပြောအဆို အထူးဂရုစိုက် ဆင်ခြင်ဖို့ လိုပါတယ်။ ဒုက္ခရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်အတွက် အချိန်ရော လူပါ အားစိုက် ကူညီရပါလိမ့်မယ်။

ယတြာ – စိတ်ကောင်း စေတနာကောင်းလေးနဲ့ တစ်ပတ်လုံး အမျာအကျိုး ဆောင်ရွက်ခြင်းက သင့်အတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာပါလိမ့်မယ်။ စာစောင်လေးကို SHARE လိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂ဝ) ရက် အတွင်းမွေးဖွားသူများ

ဘာပဲလုပ်လုပ် မိသားစုနဲ့ စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင် လုပ်သင့်တဲ့ ကာလဖြစ်ပါတယ်။ စိတ်တွေ မွန်းကြပ်နေခဲ့ရင် စိတ်ပြေလက်ပျောက် ခရီးလေး ဘာလေး ထွက်ပေးသင့်ပါတယ်။ အချစ်ရေးကတော့ ဘာမှ ပြောစရာ မရှိအောင် ကောင်းနေပါတယ်။ အလုပ်အတွက် အရေးကြီးတဲ့ သတင်းအချက်အလတ်တွေကို သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ရရှိလာပါလိမ့်မယ်။ တစ်ခုသတိထားသင့်တာကတော့ အကြီးအကဲတွေနဲ့ စကားပြောတဲ့အခါ အထူးဂရုစိုက်ဖို့ပါပဲ။

ယတြာ – ကိုယ့်လုပ်ရပ်တွေကို အထူးဂရုစိုက်လုပ်ဆောင်ခြင်းနဲ့ အဆိုး အညံ့တွေကို ပယ်ဖျောက်လိုက်ပါ။ စာစောင်မှာ အခင်ဆုံး သူငယ်ချင်း (၃)ယောက်ကို tag လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

အလုပ်နဲ့ ပတ်သက်ပြီး အဆင်မပြေမှုလေးတွေ ကြုံတွေ့ရမယ့် ကာလပါ။ စိတ်တွေ ရှုပ်ထွေးနေပြီး ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေအတွက် အကြီးအကျယ် ခံစားနေရတာမျိုး ကြုံရတတ်ပါတယ်။ အစစအရာရာ လိမ္မာပါးနပ်စွာ ရပ်တည်နိုင်မှ တော်ကာကျမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်ဘူးထင်ပြီး သဘောထားကွဲလွဲတာမျိုးလေးတွေ ဖြစ်တတ်ပါတယ်။ အချိန်မရွေး စိတ်မတည်မငြိမ် ဖြစ်နေတတ်တာကြောင့် လုပ်စရာရှိတဲ့ အလုပ်တွေကို အချိန်မဆွဲပဲ လုပ်ထားသင့်ပါတယ်။ အထက်အရာရှိက အပြစ်ရှာနေတတ်တာကြောင့် အစစ အပြစ်လွတ်အောင် သတိထား လုပ်ဆောင်သင့်ပါတယ်။

ယတြာ – အဆိုးအညံ့တွေ ပြေပျောက်ဖို့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အဆင်မပြေတဲ့သူတွေကို တတ်နိုင်သလောက် ကူညီဖေးမပါ။ စာစောင်ကို timeline မှာ SHARE လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွား တွေ အတွက်ကတော့ ယခုအချိန်က လုပ်သမျှ အဆင်ပြေနေမယ့် ကာလဖြစ်နေပါတယ်။ သင့်ရဲ့ လုပ်ဆောင်မှုတွေ အပေါ် မူတည်ပြီး ရေရှည် အကျိုးဖြစ်ထွန်းမှုတွေ ရရှိလာနိုင်ပါတယ်။ မလိုလားအပ်တဲ့ အထင်လွဲမှုတွေ ရှိလာနိုင်တာကြောင့် လက်အောက်ငယ်သားတွေနဲ့၊ လုပ်ဖော်ကိုင်ဖက်တွေကို မျှမျှတတ ဆက်ဆံဖို့လိုအပ်ပါတယ်။ ကိုယ်ဝါသနာပါတဲ့အရာတွေ လုပ်ဆောင်ရင်းက အပေါင်းအသင်းအသစ်တွေ ရလာတတ်ပါတယ်။ အလုပ်ခွင်မှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို အသေးစိတ် စစ်ဆေးဖို့ လိုအပ်ပါတယ်။

ယတြာ – ကံကောင်းသထက်ကောင်းလာစေဖို့ မိမိစိတ်လေးကို တတ်နိုင်သမျှ ဖြူအောင်ထားပါ။ ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၅) ဦးကို tag လုပ်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကိုယ့်စိတ်အားထက်သန်တဲ့ အရာတွေကို အထူးအလေးပေး လုပ်ဆောင်သင့်ပါတယ်။ မလိုလားအပ်တဲ့ အမှားအယွင်းလေးတွေ ရှိလာတတ်တာမို့ အစစ အရာရာ သတိနဲ့ လုပ်ဆောင်သင့်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူကို အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံပေးပါ။ သူစိတ်တွေ ရှုပ်ထွေးနေတတ်ပါတယ်။ အခန့်မသင့်ရင် ပြနာက ကိုယ့်ဆီ ဦးတည်လာတတ်တာမို့ ချစ်သူနဲ့ ဆက်ဆံရေး အထူးဂရုစိုက်ပါ။ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေနဲ့ မိတ်ဆွေကောင်းတွေ တွေ့ကြုံရမယ့် ကာလဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်ရင်တော့ အထူးဂရုစိုက် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဘာပဲလုပ်လုပ် အထပ်ထပ် စစ်ဆေးလုပ်ဆောင်ပါ။

ယတြာ – ကိုယ့်လုပ်ရပ်တွေက ကိုယ့်ကံကြမ္မာပဲဆိုတာ နှလုံးသွင်းထားရင် လုံလောက်ပါတယ်။ ဤစာစောင်လေးကို သူငယ်ချင်း (၄) ယောက်နဲ့ SHARE ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

အခုတစ်လော ကိုယ်တစ်ခုခုလုပ်ဖို့အတွက် မိသားစုဆီက ခွင်ပြုမိန့်ရဖို့ သိပ်ခက်ခဲနေပါလိမ့်မယ်။ ဆုံးဖြတ်ချက်ချပြီးမှ ပြန်ပြင်ချင်တာမျိုးလေးတွေ ကြုံရတတ်ပါတယ်။ ဘယ်ကိစ္စမဆို အရမ်းအရေးမကြီးသေးဘူးဆိုရင် အချိန်အနည်းငယ်ယူပြီးမှ ဆုံဖြတ်လုပ်ကိုင်သင့်ပါတယ်။ အထက်အကြီးအကဲတွေက အခွင့်အလမ်းကောင်းတွေပေးဖို့ သင့်ကို မျက်စိကျနေချိန်ဖြစ်ပါတယ်။ ကိုယ့်အလုပ်တာဝန်တွေကို အတတ်နိုင်ဆုံး တာဝန်ကျေကျေနဲ့ သေသေသပ်သပ် လုပ်ဆောင်ရမယ့် ကာလဖြစ်နေပါတယ်။

ယတြာ -အရေးကြီးဆုံး ကာလ ဖြစ်တာကြောင့် ဆုံးဖြတ်ချက်တွေကို အထူးဂ၇ုစိုက်ပါ။ ဤစာစောင်မှာ ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅) ဦးကို tag လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဗြိစ္ဆာရာသီဖွားတို့ရေ အခုတစ်လော စိတ်ရှုပ်စရာ ပဋိပက္ခလေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် သည်းခံခြင်းနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်သွားပါ။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ကိစ္စတွေ လိုက်ဖြေရှင်းရတတ်ပါတယ်။ ချစ်သူမရှိသူတို့အတွက် အခုတစ်ပတ်ထဲမှာ ကိုယ့်ဘဝတစ်လျှောက်လုံး လက်တွဲလို့ရနိုင်မယ့်သူနဲ့ တွေ့လာနိုင်ပါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး အကူအညီပေးမယ့်သူတွေနဲ့ တွေ့ရတတ်ပါတယ်။ အရေးကြီးတဲ့ တွေ့ဆုံမတွေ ရှိလာတတ်တယ်။

ယတြာ – ကိုယ်အစွမ်းအစ ရှိသလောက် ကြိုးစားလိုက်ပါ။ ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၃) ဦးကို tag လုပ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေ အနေနဲ့အရင်ကလုပ်ခဲ့တဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး သတင်းကောင်းတွေ ကြားရမယ့် ကာလပဲဖြစ်ပါတယ်။ ကိုယ်လိုအပ်နေချိန်မှာ သူငယ်ချင်းတွေ က အကောင်းဆုံး အကူအညီပေးပါလိမ့်မယ်။ ချစ်သူက ကိုယ့်အတွက် အသစ်အဆန်းဖြစ်စေမယ့် တစ်ခုခု ဖန်တီးလာခဲ့ရင် အသိအမှတ်ပြုပေးလိုက်ပါ။ သင်ကိုယ်တိုင်လည်း သူ့အတွက် တစ်ခုခု အမှတ်တရ ဖန်တီးပေးလိုက်ပါ။ အထက်အရာရှိတွေထံက အကူအညီကောင်းတွေ ရရှိပါလိမ့်မယ်။ သို့ပေမယ့် ထိုက်တန်တဲ့ ပေးဆပ်မှုတစ်ခုတော့ ပြန်ပေးရတတ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်နဲ့ အလုပ်တွဲလုပ်တော့မယ်ဆို သူရဲ့ နောက်ကြောင်းသမိုင်းကို အရင် လေ့လာဖို့ လိုအပ်ပါတယ်။

ယတြာ – ဘယ်လောက်ပဲ စိတ်ရှုပ်စရာတွေ ရှိနေပါစေ အပြုံလေးတွေ ပန်ဆင်ထားဖို့ မမေ့ပါနဲ့။ comment box မှာ အခင်ဆုံး သူငယ်ချင်း (၅) ဦးကို tag လုပ်လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

အခုတစ်ပတ်ကတော့ သူများကိစ္စတွေနဲ့ အချိန်ကုန်ရမယ့် ကာလဖြစ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေက ကိုယ့်ရဲ့ နှစ်သိမ့်အားပေးမှုကို အထူးလိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ မိမိချစ်သူကလည်း မိမိကို အထူးလိုအပ်နေချိန်ဖြစ်ပါတယ်။ သူလည်း စိတ်တွေမွန်းကြပ်နေတာမို့ သူ့အနားမှာ မားမားမတ်မတ် ရပ်တည်ပေးဖို့လိုအပ်ပါတယ်။ ပြောရရင်တော့ ကိုယ့်အကြံညဏ်တွေက အခြားသူတွေအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတဲ့ ကာလပေါ့။

ယတြာ – ထွေထွေထူးထူး လုပ်စရာမရှိပါဘူး။ သူတစ်ပါးကို ကူညီပေးတဲ့ သင့်အတွက် ကံကောင်းခြင်းတွေက ဆီးကြိုနေပါပြီ။ မကာရ ရာသီဖွား သူငယ်ချင်းတွေအတွက် (Share ) ပေးလိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂ဝ) ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေအတွက်တော့ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပါက အောင်မြင်မယ့် အချိန်ပဲဖြစ်ပါတယ်။ ချစ်သူဟောင်းက ကိုယ့်ပတ်ဝန်းကျင်ကို တစ်နည်းနည်းနဲ့ ပြန်ဝင်လာနိုင်တာမို့ အလိုက်အထိုက် ဆက်ဆံတတ်ဖို့ အရေးကြီးနေပါတယ်။ လုပ်ချင်တာထက် လုပ်သင့်တာကို ပိုဦးစားပေးရမယ့်အချိန်ပါ။ စိတ်ခံစားမှုရဲ့ အလိုသိပ်မလိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အပေါ် အထက်စီးက ဆက်ဆံတတ်တဲ့သူတွေများနေတာမို့ သူတို့ကို အကောင်းဆုံး တုန့်ပြန်ရမယ့်နည်းလမ်းကတော့ သူတို့ထက် ခြေတစ်လှမ်းသာအောင် ကြိုးစားထားဖို့ပါပဲ။

ယတြာ – ဘယ်သူမကောင်းကောင်း ကိုယ်ကောင်းအောင်နေလိုက်ပါ။ အချိန်တန်တော့ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ကုံရာသီဖွား သူငယ်ချင်းတွေ အတွက် စာစောင်ကို (Share ) ပေးဖို့လည်း မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်းမွေးဖွားသူများ

အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာရမယ့် အချိန်လေးတွေပါပဲ။ ချစ်သူမရှိသေးသူများအတွက်လည်း အထူး ဆန်းပွင့်နေပါလိမ့်မယ်။ အခြားသူတွေကိုယ့်ကို ဘယ်လောက် မြှောက်ပြောနေနေ ကိုယ့်အရှိကို အရှိအတိုင်းဝေဖန်မယ့် သူငယ်ချင်းတွေ ရှိနေပါတယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီးပဲဖြစ်ဖြစ်၊ အလုပ်နဲ့ ပတ်သက်ပြီးပဲ ဖြစ်ဖြစ် ကိုယ်ပြောသမျှ အဆင်ပြေနေပါလိမ့်မယ်။ ဒီတစ်ပါတ်အတွင်း အလုပ်နဲ့ပတ်သက်တဲ့ သတင်းကောင်းတစ်ခု ကြားရပါလိမ့်မယ်။

ယတြာ- ကံကောင်းနေတဲ့ ကာလဖြစ်တာကြောင့် စိတ်စေတနာလေး ကောင်းဖို့ ဂရုစိုက်လိုက်ပါ။ ရွှေရောင်နေ့ရက်လေးတွေ လာပါတော့မယ်။သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) လိုက်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။