၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇွန်လ (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ကိုယ်ဘယ်လောက်ပဲ အလျှော့ပေးသည်းခံနေပါစေ ပတ်ဝန်းကျင်က ကိုယ့်အပေါ်အကောင်းမမြင်တဲ့ အချိန်ကာလလေးပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီ(၂) ပတ်လောက်အတွင်း ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး အတတ်နိုင်ဆုံး လူတွေနဲ့ အလိုက်အထိုက်ဆက်ဆံဖို့ လိုအပ်ပါတယ်။ စိတ်ရှုပ်စရာတွေအတွက် ကိုယ့်စိတ်ကိုပျော်ရွှင်စေမယ့် အရာတွေနဲ့ တစ်ဖက်မှာ ပြန်ကုစားလိုက်ပါ။ အလုပ်နဲ့ပတ်သက်ရင်တော့ မကြာခင်မှာ လုပ်ငန်းသစ်တစ်ခု စတင်ရကိန်းရှိပါတယ်။ အဓိက က ကိုယ့်တာဝန်ကိုယ်ကျေဖို့ပါပဲ။

ယတြာ – မိမိ စိတ်ပင်ပန်းရှုပ်ထွေးစရာတွေ ပျောက်ကင်းစေဖို့ အခြားသူတွေကိုလည်း တတ်နိုင်သလောက် ကူညီဖေးမပါ။ ဤစာစောင်ကို သူငယ်ချင်း (၅) ယောက်နဲ့ SHARE လိုက်ပါ။

၂။ ပြိဿ ရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်ဟာ သူတို့စိတ်ကူး အိမ်မက်တွေ အကောင်အထည်ပေါ်တော့မယ့် အခိုက်အတန့်လေးပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွနေတဲ့ အချိန်လေးဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း တစ်ယောက်ကိုတစ်ယောက်နားလည်မှု အပြည့်နဲ့ ကြည်နူးစရာအခိုက်အတန့်လေးတွေပဲ ဖြစ်ပါတယ်။ ကိုယ့်လုပ်ဆောင်မှုလေးတွေကို အတတ်နိုင်ဆုံး သတိလေးကပ်လုပ်ဆောင်သွားမယ်ဆို ဒီတစ်ပတ်ဟာ သင်တို့အတွက် ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။

ယတြာ – ကံကောင်းသထက်ကောင်းလာစေဖို့ မိမိစိတ်လေးကို တတ်နိုင်သမျှ ဖြူအောင်ထားပါ။ ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၃) ဦးကို tag လုပ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်းမွေးဖွားသူများ

လုပ်ငန်းကိုင်ခန်းတွေ အစစ နှောင့်နှေးကြန့်ကြာ တာမျိုးလေးတွေ ရှိနေတတ်ပါတယ်။ အလုပ်လုပ်ရတာတွေလည်း အချိန်ကြာသလောက် ရှေ့မရောက်ဘူး ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အားမလျှော့ပါနဲ့။ ဒီလိုအခြေအနေက သိပ်မကြာပါဘူး။ လလယ် ပတ်လောက်ဆို အားလုံး ပုံမှန်အတိုင်း အသားကျသွားမှာပါ။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကိုယ်ယုံကြည်စိတ်ချရတဲ့သူနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဖြေရှင်းလိုက်ပါ။ ဒီအချိန်မှာ စိတ်ပျက်အားငယ်နေလို့ မရပါဘူး။ စကားပြောဆိုရာမှာလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ယတြာ – အညံ့အခိုက်တွေ ပြေပျောက်စေဖို့ ဒုက္ခရောက်နေသူတွေကို ဂရုဏာစိတ်လေးနဲ့ ကူညီဖေးမပါ။ ဒီဗေဒင်လေးကို SHARE လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေ ကြုံရတတ်ပါတယ်။ ဒါပေမယ့်လည်း စိုးရိမ်စရာတော့ မရှိပါဘူး။ ကိုယ့်ဘက်က ဆက်ဆံရေးလေးတွေကို ဂရုတစိုက်နဲ့ ထိန်းမတ်သွားဖို့ပဲ လိုပါတယ်။ ကိုယ်ဆန္ဒလေးတွေ ပြည့်ဝဖို့ သူတို့ဆန္ဒလေးတွေ အရင်ဖြည့်ဆည်းပေးဖို့တော့ လိုတာပေါ့။ ချစ်သူ သို့မဟုတ် သူငယ်ချင်း စသည်တို့နဲ့ စိတ်အပန်းဖြေစရာလေးတွေ လုပ်သင့်တဲ့ ကာလလေးပါ။ သင့်စိတ်ကို အနည်းငယ် အနားပေးဖို့လိုအပ်နေပါတယ်။

ယတြာ – မိမိစိတ်ကို အကောင်းဆုံး ပြုပြင်ပြီး အတတ်နိုင်ဆုံး အကောင်းမြင်စိတ်လေးနဲ့ ရပ်တည်လိုက်ပါ။ ဒီဗေဒင်လေးကို SHARE လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွား တွေ အနေနဲ့ မိသားစုဝင်တွေက မထင်မှတ်ထားလောက်အောင်ကို အကူအညီအထောက်အပံ့တွေပေးနေတဲ့ ကာလဖြစ်ပါတယ်။ ငွေးကြေးရော စိတ်ခံစားမှုအပိုင်းတွေပါ ကိုယ့်စိတ်ကြိုက် နေထိုင်လို့ရတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဒီလောက်ကောင်းနေလို့ သူတို့အပေါ် သံသယမကင်းမဖြစ်ပါနဲ့။ တစ်ကယ် စစ်မှန်တဲ့စေတနာတွေနဲ့ပါ။ ကိုယ့်ဘက်က ယုံယုံ ကြည်ကြည် ပြန်ဆက်ဆံလိုက်တာနဲ့ အစစအဆင်ပြေပြီး သင်ဆန္ဒတွေ ပြည့်ဝမယ့် အခိုက်အတန့်လေးပဲ ဖြစ်ပါတယ်။

ယတြာ – အကောင်းဆုံး ယတြာကတော့ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ကြိုးစားလိုက်ဖို့ပါပဲ။ ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၃) ဦးကို tag လုပ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကံရာသီဖွားတွေအနေနဲ့ စိတ်ရှုပ်ထွေးစရာတွေနဲ့ ကြုံတွေ့နေကြမယ်ထင်ပါတယ်။ ဒီလိုအချိန်မှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကြုံလာသမျှ အခက်အခဲတွေကို ရင်ဆိုင်လိုက်ဖို့ပါပဲ။ ခန္ဓာကို ထိခိုက်ရှနာတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ အလုပ်မှာမမျှမတ ဆက်ဆံခံရတာမျိုးတွေ ကြုံရနိုင်တာမို့ အတတ်နိုင်ဆုံး သည်းခံလိုက်ပါ။ နောက်တစ်ပတ်စတာနဲ့ အဆိုးအညံ့တွေအားလုံး ပြီးဆုံးသွားမှာပါ။ စာချုပ်စာတမ်းတွေနဲ့ လုပ်ရမယ့်လုပ်ငန်းဆောင်တာတွေကို အတတ်နိုင်ဆုံး ရွှေ့ဆိုင်းထားသင့်ပါတယ်။ ငွေရှာလို့အဆင်ပြေမယ့် ကာလဖြစ်တာကြောင့် အမြဲတက်တက်ကြွကြွ လုပ်ဆောင်နေဖို့တော့ လိုအပ်ပါတယ်။ အခွင့်အရေးတွေ သင့်ဆီ တည့်တည့်ကြီးလာနေပါပြီ။

ယတြာ -အရေးကြီးဆုံး ကာလ ဖြစ်တာကြောင့် ဆုံးဖြတ်ချက်တွေကို အထူးဂ၇ုစိုက်ပါ။ ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

တူရာသီဖွားတွေအနေနဲ့ သင့်ကံကြမ္မာရဲ့ လှည့်စားခြင်းကိုခံနေရတဲ့ အချိန်မို့ မိသားစုနဲ့ပတ်သက်ပြီး အရှုပ်အရှင်းလေးတွေ ရင်ဆိုင်ရတာမျိုး ကြုံတွေ့ရပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း ဒီအကြပ်အတည်းကို သည်းမခံနိုင်တော့ပဲ တစ်ခုခု ထွက်ပေါက်အနေနဲ့ လုပ်ပစ်ချင်လာပါလိမ့်မယ်။ ခဏလောက် သည်းခံလိုက်ပါ။ အလုပ်နဲ့ ပတ်သက်ပြီး ပြောင်ရွှေ့ရကိန်း မြင်ပါတယ်။ ဒါကြောင့် အခြားစိတ်ရှုပ်စရာတွေ မေ့ထားပြီး အလုပ်ကိုပဲ အတတ်နိုင်ဆုံး အာရုံစိုက်လုပ်ဆောင်ပါ။

ယတြာ – စိတ်ရှုပ်ထွေးမှုတွေပြေပျောက်ဖို့ တရားအားထုတ်တာမျိုး၊ တစ်ယောက်ထဲအေးအေးဆေးဆေး အနားယူတာမျိုးလေးတွေ ပြုလုပ်ပါ။ ဤစာစောင်လေးကို သူငယ်ချင်း (၃) ယောက်နဲ့ SHARE လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဗြိစ္ဆာရာသီဖွားတို့ရေ ဒီတစ်ပတ်ကတော့ သင်ကိုယ်တိုင်တောင် မယုံကြည်လောက်အောင် သင့်လုပ်ဆောင်မှုတွေရဲ့ အကျိုးဆက်တွေကို ခံစားရမယ့် အချိန်ကာလဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကြား မျက်နှာပွင့်လန်းရမယ့် အချိန်ပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒါတွေအပေါ်သာယာနေလို့ မရပါဘူး။ ဒါဟာ နောက်ထပ်လှမ်းရမယ့် ခြေလှမ်းသစ်တွေအတွက် အားအင်တွေပါ။ ဒီအောင်မြင်မှုတွေကနေတစ်ဆင့် ကိုယ့်ဘဝတက်လမ်းအတွက် စတင်လိုက်ဖို့ အချိန်ကောင်းလေးပဲ ဖြစ်ပါတယ်။

ယတြာ – ကံကောင်းနေတဲ့ အခိုက်အတန့်ဖြစ်တာကြောင့် လှုပ်ရှားပြောင်းလဲစရာတွေကို တဟုန်ထိုးသာ လုပ်ဆောင်လိုက်ပါတော့။ ဗြိစ္ဆာရာသီဖွား သူငယ်ချင်းတွေအတွက်လည်း မျှဝေလိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေ အနေနလက်ရှိကာလကတော့ ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ရပ်တွေကို အမြဲသတိရှိရှိနဲ့ သုံးသပ်နေဖို့ပဲ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံလာခဲ့ရင်လည်း လျစ်လျူရှုပြီး ကိုယ်သွားရမယ့် ခရီးလမ်းကိုပဲ တည့်တည်ဆက်လျှောက်လိုက်ပါ။ ရှေ့ဆက်ရမယ့် ဘဝခရီးလမ်း သာယာလှပဖို့ ပြောင်းလဲသင့်တာလေးတွေလည်း ပြောင်းလဲဖို့လိုအပ်ပါတယ်။ ဒါဆိုရင်တော့ အောင်မြင်မှုတွေဟာ သင်နဲ့ လက်တစ်ကမ်းမှာပဲ ရှိနေပါလိမ့်မယ်။

ယတြာ – ဒီတစ်ပတ်အတွက် အကောင်းဆုံးယတြာကတော့ ခေါင်းမာနေတဲ့အရာတွေ အနည်းငယ်ပြေလျော့လိုက်ဖို့ပါပဲ။ ဓနုရာသီဖွား သူငယ်ချင်းတွေအတွက်လည်း မျှဝေလိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မကာရ ရာသီဖွား တွေအနေနဲ့ အလုပ်နဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေမယ့် ကာလဖြစ်ပါတယ်။ ခုချိန်ဟာ တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ့် အချိန်ရောက်နေပါပြီ။ ကြုံတွေ့လာမယ့် အနှောင့်အယှက်တွေကြောင့် အာရုံများပြီး ခြေလှမ်းတွေရပ်တန့်လိုက်လို့ မရပါဘူး။ ကိုယ့်လျှောက်နေတဲ့ လမ်းကြောင်းတွေ သွေဖယ်သွားနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးအနေနဲ့တော့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စိတ်ကြည်နူးပျော်ရွှင်စရာလေးတွေ ပျော်ရွှင်ခံစားဖို့မမေ့ပါနဲ့။

ယတြာ – ဘယ်လောက်ပဲ စိတ်ရှုပ်စရာတွေရှိ နေပါစေ အပြုံလေးတွေ ပန်ဆင်ထားဖို့ မမေ့ပါနဲ့။ comment box မှာ အခင်ဆုံး သူငယ်ချင်း (၅) ဦးကို tag လုပ်လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေအတွက်တော့ ခြေလှမ်သစ်တွေ စတင်လှမ်းရတော့မယ့် ကာလဖြစ်ပါတယ်။ အန္တရာယ်တွေနဲ့လည်း ကြုံရတာတွေ ရှိလာပါလိမ့်မယ်။ ဒီလိုအချိန်မှာ ကိုယ့်ဆုံးဖြတ်ချက်တွေ မလွဲမှားသွားဖို့ အရေးကြီးပါတယ်။ တစ်ခါတစ်လေ ကိုယ်ထင်ထားတာတွေက လက်တွေ့ကျကျလုပ်ဆောင်လို့ မဖြစ်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတဲ့ အရာတွေအပေါ် အတတ်နိုင်ဆုံး အာရုံစူးစိုက်ပြီး ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ရုန်းကန်ရတော့မယ့်အချိန်ပါ။ ကဲ အတောက်ပဆုံးဘဝတွေ ဖန်တီးလိုက်ကြပါစို့။

ယတြာ – ကိုယ့်လုပ်ရပ်တွေက ကိုယ့်ကံကြမ္မာပဲဆိုတာ နှလုံးသွင်းထားရင် လုံလောက်ပါတယ်။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်းမွေးဖွားသူများ

မိန်ရာသီဖွားတွေ အနေနဲ့ အလုပ်နဲ့ပတ်သက်ပြီး အောင်မြင်မှုအထွဋ်အထိပ်ကို ရောက်ရှိတော့မယ့် ကာလဖြစ်ပါတယ်။ ကိုယ်လုပ်သလောက် အကျိုးဖြစ်ထွန်းနေမယ့် အချိန်ပဲ ဖြစ်ပါတယ်။ အခွင့်အလမ်း အသစ်တွေလည်း အများကြီး ရောက်ရှိလာပါလိမ့်မယ်။ တစ်ခုအရေးကြီးတာက ကိုယ်တစ်ကယ် စိတ်ဝင်စားတဲ့ လမ်းကြောင်းကနေ သွေဖယ်မသွားဖို့ပါပဲ။ ဆုံးဖြတ်ချက်တွေကို အလောတကြီး မချမိဖို့ လိုအပ်ပါတယ်။ တစ်ခုခုကို ရွေးချယ်တော့မယ်ဆို အကောင်းအဆိုး၊ အကျိုးအပြစ်တွေကို သေချာဝေဖန်သုံးသပ်ပြီးမှ ရွေးချယ်ဖို့သင့်ပါတယ်။

ယတြာ- ဒီတစ်ပတ်အတွက် အကောင်းဆုံး ယတြာကတော့ ကိုယ့်လုပ်ဆောင်ချက်တွေကို အတတ်နိုင်ဆုံး သတိကပ်လုပ်ဆောင်ဖို့ပါပဲ။ comment box မှာ အခင်ဆုံး သူငယ်ချင်း (၃) ဦးကို tag လုပ်လိုက်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။