၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (မေလ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့အထိ)

blank
၁။ မိဿ      ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်မှာ မိဿရာသီဖွားတွေအနေနဲ့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး အထူးဂရုစိုက်ရမယ့် ကာလပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ကိုယ်ချင်းစာစိတ်လေးနဲ့ မေတ္တာရှေ့ထားပြီး ပြောဆိုနေထိုင်ပါ။ အားလုံးအဆင်ပြေ သွားပါလိမ့်မယ်။ သူများအလိုလိုက်ဖြည့်ရင်း မနိုင်ဝန်ထမ်းသလို ဖြစ်ပြီး ကိုယ်တိုင် အကြပ်အတည်းကြုံရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်တစ်ကယ် စိတ်ပါဝင်စားစွာ တာဝန်ယူလုပ်ဆောင်နိုင်မှသာ လုပ်ဆောင်ဖို့သင့်ပါတယ်။ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေက အထူးကောင်းကျိုးပေးမယ့် ကာလဖြစ်ပါတယ်။

ယတြာ – လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ သူတစ်ယောက်ကို ကူညီဖေးမလိုက်ပါ။ မိဿရာသီဖွား သူငယ်ချင်းတွေ အတွက် စာစောင်ကို Share လိုက်ပါ။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

မေလအစပိုင်းမှာ ကိုယ့်ကိုယ်ကိုတောင် ဘာလုပ်လို့လုပ်နေမှန်းမသိ စိတ်တွေရှုပ်ထွေး နေခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ အကောင်းဆုံးပြန်တည်ဆောက်ပြီး အားလုံး တည်ငြိမ်စပြုနေပါပြီ။ အရေးမကြီးတဲ့ ကိစ္စလေးတွေကို စိတ်ထဲက ဖယ်ထုတ်ပြီး လုပ်သမျှ အာရုံစူးစိုက်လုပ်ဆောင်ပါက အစစ အဆင်ပြေချောမွေ့သွားပါလိမ့်မယ်။

ယတြာ – အကောင်းမြင်စိတ်လေးနဲ့ တစ်ပတ်လုံး ရပ်တည်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ (၅) ယောက်ကိုလည်း comment box မှာ tag လုပ်လိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်းမွေးဖွားသူများ

မေထုန်ရာသီဖွားတွေအနေနဲ့ လူသစ်၊ ပတ်ဝန်းကျင်အသစ်တွေနဲ့ ထိတွေ့ဆက်ဆံရမယ့် ကာလပါ။ အပျော်ခရီးသွားတာမျိုး၊ ခရီးတိုထွက်တာမျိုးတွေကနေ အဆက်အသွယ်ကောင်းတွေရပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နိုင်တဲ့ ကာလပါ။ ဒီတော့ အခြားအာရုံများစရာတွေကို နည်းနည်းလျှော့ပြီး ကြုံတွေ့လာတဲ့ အခွင့်အလမ်းတွေကို လက်လွှတ်မခံဘဲ ကိုယ့်ဘဝတက်လမ်းအတွက် တစိုက်မတ်မတ် ကြိုးစားရမယ့် ကာလဖြစ်ပါတယ်။

ယတြာ- စိတ်သစ်လူသစ်ဖြစ်သွားအောင် အသုံးအဆောင် သစ်လေးတွေ သုံးစွဲလိုက်ပါ။ ဒီစာစောင်လေးကို သူငယ်ချင်း (၄) ယောက်နဲ့ Share လုပ်ဖို့လည်း မမေ့ပါနဲ့။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ကရကဋ်ရာသီဖွား တွေအနေနဲ့ ဒီတစ်ပတ်မှာ အိမ်တွင်းရေးပြသနာလေးတွေ ရှိနိုင်ပါတယ်။ အိမ်သားတွေက မိမိအပေါ်မျှော်လင့်တာမျိုး၊ တောင်းဆိုတာမျိုးလေးတွေ များနေတတ်ပါတယ်။ အကယ်၍ ကိုယ့်အတွက် အပန်းမကြီးဘူးဆိုရင် ဖြည့်ဆည်းပေးလိုက်ပါ။ သင့်လတ်တလော အဆင်ပြေမှုက သင့်ရဲ့ နားလည်မှုနဲ့ ညှိုနှိုင်းဆောင်ရွက်မှုတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။

ယတြာ – ကိုယ့်လုပ်ရပ်လေးတွေကို အမြဲသတိရှိရှိ လုပ်ဆောင်ခြင်းက အကောင်းဆုံး ယကြာ ပါပဲ။ ဒီဗေဒင်လေးကို သူငယ်ချင်း (၅) ယောက်နဲ့ SHARE လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွား တွေ အတွက်ကတော့ ချစ်သူနဲ့ ကိုယ်ကအဆင်ပြေတယ်လို့ ထင်ထားပေမယ့် သူ့ဘက်က အလိုမကျတာမျိုးလေးတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ကိုလျှော့ပြီး သာယာအေးချမ်းတဲ့ အခြေအနေလေးကို ထိန်းမတ်ထားဖို့ လိုအပ်ပါတယ်။ လူသစ်တွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ လတ်တလောအဆင်ပြေမှုထက် ရေရှည်ပေါင်းသင်းဆက်ဆံရေးကိုပဲ ကြည့်ပြီး အတတ်နိုင်ဆုံး အလျှော့ပေး ဆက်ဆံလိုက်ပါ။ ဒီတစ်ပတ်တာကို အကောင်းဆုံး ကျော်ဖြတ်နိုင်သွားမှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ – လူတစ်ကာနဲ့ စိတ်ရှည်သည်းခံပြီး ပေါင်းသင်းခြင်းဟာ ဆက်ဆံရေး ချောမွေ့မှုအတွက် အကောင်းဆုံး ယတြာပါ။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကံရာသီဖွားတွေအနေနဲ့ ဒီတစ်ပတ်ကတော့ ကံကောင်းတဲ့ကာလလို့ ဆိုရမလားပဲ။ ဆေးစက်ကျရာ အရုပ်ထင်မယ့် အခိုက်အတန့်လေးပဲ ဖြစ်ပါတယ်။ အချစ်ရေးမှာတော့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေ ကြုံရတတ်ပါတယ်။ ဘယ်လောက်ပဲ ချစ်ရတဲ့ ချစ်သူပဲဖြစ်နေပါစေ သူ့အပေါ်အရမ်းကြီး မှီခိုသွားတာမျိုး မဖြစ်သင့်ပါဘူး။

ယကြာ – ပတ်ဝန်းကျင်မှာရှိတဲ့ ဝမ်းနည်းအားငယ်နေသူတွေကို ကူညီဖေးမလိုက်ပါ။ ဒီဗေဒင်လေးကို သူငယ်ချင်းတွေအတွက်လည်း SHARE လိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်မှာ စိတ်ရှုပ်ထွေးရတာလေးတွေ အနည်းငယ် ရှိတတ်ပါတယ်။ ဒါကြောင့် အစစအရာရာ ဖြေးဖြေးမှန်မှန်လေးနဲ့ သတိတရားလက်ကိုင်ထားပြီး လျှောက်လှမ်းရမယ့် ကာလပဲ ဖြစ်ပါတယ်။ အခွင့်အလမ်း အသစ်တွေ ရရှိလာနိုင်တာမို့ အထူး အာရုံစိုက်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ သို့ပေမယ့် တစ်ပတ်လုံး အနေနဲ့တော့ အစစအရာရာ ကံကောင်းတဲ့ ကာလပဲ ဖြစ်ပါတယ်။

ယတြာ – သူငယ်ချင်း (၃) ယောက်ကို comment box မှာ tag လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဗြိစ္ဆာရာသီဖွား တို့ ဒီတစ်ပတ်အတွင်းမှာ ကိုယ့်စိတ်တွေဟာ အတိတ်က သံယောဇဉ်ရှိခဲ့သူတစ်ဦးဆီ ရောက်ပြီး အရာရာ ရှုပ်ထွေးနောက်ကျိ နေမယ့်ကာလပါ။ အတတ်နိုင်ဆုံး စိတ်တွေပျံ့လွင့်မသွားဖို့ သတိထားသင့်ပါတယ်။ မဟုတ်ရင်တော့ အလုပ်တာဝန်တွေပါ လစ်ဟင်းသွားနိုင်ပါတယ်။ တစ်နေရာရာကို စိတ်ပြေလက်ပျောက် ခရီးထွက်လိုက်တာမျိုး ဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

ယတြာ – စိတ်လွတ်လပ်ပေါ့ပါးစေမယ့် အရာလေးတွေ လုပ်ဆောင်ပါ။ သူငယ်ချင်းများနဲ့လည်း ဒီဗေဒင်ကို မျှဝေလိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဓနုရာသီဖွားတွေ အနေနဲ့ကိုယ်ချစ်သူက ကိုယ့်ကို လိုအပ်တာထပ်ပို ဂရုတစိုက်ရှိနေတတ်ပါတယ်။ ဒါကိုကိုယ်က လက်မခံ မကြည်ဖြူနိုင်ဖြစ်နေတဲ့အပြင် သံသယတွေတောင် များနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို တစ်ယောက်ထဲ ရပ်တည်နိုင်တာမှန်ပေမယ့် တစ်ခါတစ်လေ လိုအပ်တဲ့အခါ အကူအညီကို လက်ခံလိုက်ပါ။ သင့်ရဲ့ခေါင်းမာတတ်တဲ့ စိတ်လေးကို လျှော့ချလိုက်ပါ။ အစစ အဆင်ပြေသွားပါလိမ့်မယ်။

ယတြာ – အရာရာ အဆင်ပြေ ချောမွေ့စေချင်ရင် ကိုယ့်လုပ်ဆောင်ချက်တွေက ကိုယ့်ဘဝပဲ ဆိုတာ သတိကပ်ထားပါ။ ဒီဗေဒင်လေးကို သူငယ်ချင်းတွေအတွက်လည်း SHARE လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

 

မကာရ ရာသီဖွား တွေအနေနဲ့အလုပ်ထဲမှာ အပုပ်ချခံရတာ၊ ချောက်တွန်းခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။ သူများဆွဲချတိုင်း ကျမသွားပါစေနဲ့။ တစ်ခုခုဆို အဖက်ဖက်က စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်ဆောင်ပါ။ အရမ်းအရေးကြီးနေတဲ့ အခိုက်အတန့်ဖြစ်နေပါတယ်။

ယတြာ -အစစ အဆင်ပြေစေဖို့ ခုအချိန်မှာ လုပ်ဆောင်သမျှဟာ သိပ်ကို အရေးကြီးနေတယ်ဆိုတဲ့ သတိလေးနဲ့ နေဖို့ပါပဲ။ comment box မှာ အခင်ဆုံး သူငယ်ချင်း (၅) ဦးကို tag လုပ်လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေအတွက်တော့ မိတ်ဆွေအပေါင်းအသင်း အသစ်တွေနဲ့ အခွင့်အလမ်းအသစ်တွေ အများဆုံး ရရှိမယ့် ကာလဖြစ်ပါတယ်။ ဒါကြောင့် ရရှိလာတဲ့ အခြေအနေတွေကို အကောင်းဆုံး အသုံးချပြီး အစွမ်းကုန်ကြိုးစားလိုက်ပါ။ စိတ်ရှုပ်ထွေးနေတဲ့ အချိန်တွေမှာ မိသားစုနဲ့ အချိန်ဖြုန်းလိုက်ပါ။ အလုပ်ခွင်မှာလည်း လူသစ်တွေနဲ့ ပတ်သက်ဆက်နွယ်ရမှာမို့ အတတ်နိုင်ဆုံး အဆင်ပြေအောင် ညှိနှိုင်းနေထိုင်ပါ။ တစ်ဖက်လူအခက်တွေ့နေချိန်မှာ အကောင်းဆုံး ကူညီပေးလိုက်ပါ။

 

ယတြာ – ကိစ္စတိုင်းမှာ အကောင်းမြင်စိတ်လေးနဲ့ မေတ္တာတရား ရှေ့ထား လုပ်ဆောင်လိုက်ပါ။ ဤစာစောင်လေးကို သူငယ်ချင်း (၃) ယောက်နဲ့ SHARE လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်းမွေးဖွားသူများ

မိန်ရာသီဖွားတွေ အနေနဲ့မိသားစုနဲ့ ပတ်သက်ပြီး အပြောင်းအလဲလေးတွေ ကြုံရတတ်ပါတယ်။ စိတ်ရှုပ်ထွေးစရာလေးတွေလည်း ကြုံရတတ်တာမို့ တစ်ခုခုဆို အမှားအယွင်းမဖြစ်ရအောင် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားပါ။ ကိုယ်ဘယ်လောက်ပဲ ပွင့်လင်းပါတယ်ပြောပြော သူငယ်ချင်းတွေက သိပ်လျို့ဝှက်တာပဲ ဆို အထင်လွဲ နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ထိန်းမတ်မှုအပေါ်မှာ ရလာဒ်ကောင်းတွေ ရရှိလာမှာဖြစ်ပါတယ်။

ယတြာ – တရားထိုင်ပြီး စိတ်တည်ငြိမ်အောင်ထားပါ။ ဤစာစောင်လေးကို သူငယ်ချင်း (၃) ယောက်နဲ့ SHARE လိုက်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။