၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (မေလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ)

blank
။ မိဿ      ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်မှာ မိဿရာသီဖွားတွေအနေနဲ့ အလုပ်အကိုင်နဲ့ ငွေရေးကြေးရေး သိပ်ကိုကောင်းမွန်တဲ့ ကာလဖြစ်ပါတယ်။ နှလုံးသားရေးနဲ့ ပတ်သက်ရင်တော့ အထူးဂရုစိုက်ရမယ့် ကာလပါ။ မိမိချစ်သူအပေါ် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ဆက်ဆံရေးကို အကောင်းဆုံး ပြန်တည်ဆောက်ရမယ့် ကာလပါပဲ။ သတင်းပတ်အလယ်ရက်တွေမှာတွေမှာ အခက်အခဲလေးတွေကြုံရတတ်တာမို့ အထူးဂရုစိုက်သင့်ပါတယ်။

ယတြာ – ခုချိန်မှာ နားလည်မှု သည်းခံလိုက်လျောမှုတွေ လက်ကိုင်ထားခြင်းက အကောင်းဆုံး ယတြာပါပဲ။

ဤစာစောင်ကို သူငယ်ချင်း တွေအတွက်လည်း Share ပေးဖို့ မမေ့နဲ့နော်။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

ပြိဿ ရာသီဖွားတွေအနေနဲ့ ဒီတစ်ပတ်ဟာ ပတ်ဝန်းကျင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံရမယ့် ကာလဖြစ်ပါတယ်။ ကိုယ့်လွတ်လပ်ခွင့်တွေ ပိတ်ပင်တာ၊ ကိုယ့်အခွင့်အရေးတွေ တားမြစ်တာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။ လူမှုဆက်ဆံရေးမှာ အထူးသတိထားသင့်တဲ့ကာလ ဖြစ်ပါတယ်။ ကိုယ်က အမှုမဲ့ အမှတ်မဲ့ပြောလိုက်ပေမယ့် တစ်ဖက်လူ အနာတရဖြစ်သွားတာမျိုး ကြုံရနိုင်ပါတယ်။ ကိုယ်နဲ့ အရင်းနီးရဆုံးသူငယ်ချင်းနဲ့ တိုင်ပင်ပြီး အကြပ်အတည်းတွေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါ။

ယတြာ – အဆင်ပြေ ချောမွေ့စေဖို့ သည်းခံခြင်းနဲ့ ရှေ့ဆက်လျှောက်လှမ်းပါ။ ပြီးရင်တော့ ဒီစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၃) ဦးကို tag လိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်းမွေးဖွားသူများ

မေထုန်ရာသီဖွားတွေအနေနဲ့ အပေါင်းအသင်းတွေ၊ မိသားစုကိစ္စတွေနဲ့ စိတ်ရှုပ်ထွေးရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ မနိုင်ဝန်ထမ်းရတာမျိုးတွေလည်း ကြုံရပါလိမ့်မယ်။ စိတ်မပျက်ပါနဲ့။ တတ်နိုင်သမျှ သည်းခံလိုက်လျောလိုက်ပါ။ နောင်တရစေမယ့် အပြောအဆို အပြုအမူတွေ ရှောင်ကြဉ်လိုက်ပါ။ သင့်အတွက် လှပတဲ့ နေ့ရက်လေးတွေရောက်လာပါလိမ့်မယ်။ စိတ်မလျှော့လိုက်ပါနဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ – စိတ်ရှုပ်ထွေးမှုတွေ ပြေပျောက်စေဖို့ စိတ်တည်ငြိမ်စေမယ့် တရားမှတ်တာမျိုး ပြုလုပ်ပေးပါ။ သူငယ်ချင်းတွေအတွက်လည်း ဒီစာစောင်ကို share ပေးဖို့မမေ့နဲ့နော်။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ကရကဋ်ရာသီဖွား တွေအနေနဲ့ အလုပ်အကိုင်နဲ့ ငွေကြေးအတွက် အနည်းငယ် သောကရောက်စရာ ရှိတတ်ပါတယ်။ အရာရာ စဉ်းစားချင့်ချိန်နိုင်မှ တော်ရာကျမယ်။ အလျှင်စလို ဆောင်ရွက်မယ်ဆို အမှားတွေ ဖြစ်တတ်တာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီရက်သတ္တပတ် ကုန်သွားတဲ့ အချိန်မှာတော့ ကံကောင်းခြင်းတွေ စတင်လာပါလိမ့်မယ်။

ယတြာ – စိတ်သောကတွေ ပြေပျောက်စေဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေနဲ့ ရောင့်ရဲတတ်ဖို့ဟာ အကောင်းဆုံး ယတြာပါ။

သူငယ်ချင်းတွေလည်း သတိထားလို့ ရအောင် ဤစာစောင်ကို မိမိ timeline မှာ SHARE လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွား တွေ အတွက်ကတော့ ကိုယ့်ရည်ရွယ်ချက်ဆန္ဒတွေနဲ့ ရှေ့ဆက်လျှောက်လှမ်းချင်ပေမယ့် ဘယ်ကစရမှန်းမသိ ဖြစ်နေတတ်တယ်။ ခဏလောက်အနားယူပြီး သေချာစဉ်းစားဆုံးဖြတ်ပါ။ နောက်ဆုံး ဆုံးဖြတ်ချက်မချခင်ထိ အထပ်ထပ် စဉ်းစားဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်တွေ ပြီးဆုံးသွားပြီ ဆိုရင်တော့ လှပတဲ့ နေ့ရက်လေးတွေက သင့်ကို စောင့်ကြိုနေပါတယ်။

ယတြာ -အရေးကြီးဆုံး ကာလ ဖြစ်တာကြောင့် ဆုံးဖြတ်ချက်တွေကို အထူးဂ၇ုစိုက်ပါ။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ပါ။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကံရာသီဖွားတွေအနေနဲ့ သင့်ရဲ့ ဖန်တီးနိုင်စွမ်းအားတွေ ကို တတ်နိုင်သလောက် ဖော်ထုတ်ပြသရတော့မယ့် အချိန်ကောင်းပါပဲ။ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင်တော့ အနည်းငယ် အခက်အခဲရှိနိုင်ပေမယ့် အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းလိုက်ပါ။ သင့်အတွက် အကောင်းဆုံး အချိန်တွေရောက်လာပါပြီ။
ယတြာ – အကောင်းဆုံး ယတြာကတော့ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ကြိုးစားလိုက်ဖို့ပါပဲ။

ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၃) ဦးကို tag လုပ်ဖို့လည်း မမေ့နဲ့နော်။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

သင့်ရဲ့ မျှော်လင့်ချက်ဆန္ဒတွေ အကောင်အထည်ပေါ်လာတော့မယ်အချိန်ပဲ ဖြစ်ပါတယ်။ အချစ်ရေး၊ ပညာရေး ၊အလုပ်အကိုင် စတာတွေအားလုံး အဆင်ပြေချောမွေ့နေမယ့် သတင်းပတ်ပဲဖြစ်ပါတယ်။ ကံကောင်းနေတဲ့အချိန်ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေတော့ ကောင်းကောင်း ရင်ဆိုင်ရပါလိမ့်မယ်။ စိတ်ထားမှန်မှန်နဲ့ အတတ်နိုင်ဆုံး ရင်ဆိုင်ဖြေရှင်းလိုက်ပါ။

ယတြာ – အရာရာ အဆင်ပြေ ချောမွေ့စေချင်ရင် တိုက်ခိုက်လာသမျှကို အကောင်းမြင်စိတ်လေးနဲ့ ရှေ့ဆက်လျှောက်လှမ်းလိုက်ပါ။

ီဗေဒင်လေးကို SHARE လုပ်ဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဗြိစ္ဆာရာသီဖွားတို့ရေ အချစ်ရေးနဲ့ ပတ်သက်ပြီး အခက်ကြုံနေရပြီလား။ ချစ်သူဆန္ဒလေးတွေကို ဂရုတစိုက်နဲ့ ဖြည့်ဆည်းနားလည်ပေးလိုက်ပါ။ ခုချိန်ဟာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့တောင် အထင်လွဲအမြင်လွဲ ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ရမယ့် ကာလပါ။ ကိုယ်ကလည်းစိတ်ရှုပ်ထွေးနေတတ်တာမို့ ဒေါသနဲ့အရာရာ တုန့်ပြန်မိရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိလာနိုင်တာကြောင့် သတိနဲ့ နေထိုင်ပြောဆိုပါ။ တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်ပါ။

ယတြာ -အကောင်းဆုံး ယကြာကတော့ ဒေါသတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ပါပဲ။

ကဲ ဗြိစ္ဆာရာသီဖွား သူငယ်ချင်းတွေအတွက်လည်း မျှဝေပေးဖို့ မမေ့နဲ့နော် ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေ အနေနဲ့ ပတ်ဝန်းကျင်နဲ့ မိသားစုအတွက် စိတ်ဝမ်းကွဲစရာ စိတ်သောကရောက်စရာ ဖြစ်ရပ်လေးတွေ ကြုံတွေ့နိုင်တဲ့ ကာလတစ်ခုပါ။ အကယ်၍ ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင်လည်း ချက်ချင်းပြေလည်အောင် ဖြေရှင်းလိုက်ပါ။ မဖြေရှင်းဘူးဆို ပိုရှုပ်ထွေးစရာတွေ ရှိလာနိုင်တဲ့ ကာလဖြစ်နေပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးလည်း စိတ်ဖိစီးမှုတွေ အရမ်းများ နေပါလိမ့်မယ်။ သတိထားနိုင်မှ တော်ကာကျမယ့် ကာလဖြစ်နေပါတယ်။

ယတြာ – ကိစ္စတိုင်းမှာ အကောင်းမြင်စိတ်လေးနဲ့ မေတ္တာတရား ရှေ့ထား လုပ်ဆောင်လိုက်ပါ။

ဤစာစောင်လေးကို သူငယ်ချင်း (၃) ယောက်နဲ့ SHARE လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မကာရ ရာသီဖွား တွေအနေနဲ့ သင့်ရဲ့ ကိုယ်စွမ်းကိုယ်စတွေနဲ့ အားစိုက်ထုတ်မှုတွေက အကျိုးပေးမယ့် အချိန်ရောက်လာပါပြီ။ အလုပ်မှာလည်း ရာထူးတိုးတာမျိုး၊ အထက်လူကြီး ချီးကျူးတာမျိုးတွေ ရှိလာနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆက်ဆံတဲ့ အခါမှာတော့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မလိုလားအပ်တဲ့ နားလည်မှုလွဲခြင်းမျိုးတွေ ဖြစ်လာနိုင်လို့ပါ။

ယတြာ – အစစ အဆင်ပြေစေဖို့ ခုအချိန်မှာ လုပ်ဆောင်သမျှဟာ သိပ်ကို အရေးကြီးနေတယ်ဆိုတဲ့ သတိလေးနဲ့ နေဖို့ပါပဲ။

comment box မှာ အခင်ဆုံး သူငယ်ချင်း (၅) ဦးကို tag လုပ်လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေအတွက်တော့ တစ်ချို့အဆင်မပြေမှုလေးတွေကြောင့် စိတ်ရှုပ်ထွေးနေရချိန် ဖြစ်ပါတယ်။ စိတ်ဓါတ်တက်ကြွစေမယ့် အရာလေးတွေ ဂရုတစိုက် လုပ်ဆောင်ပေးဖို့  လိုအပ်နေပါတယ်။ လိုအပ်ရင် အခြားသူတွေရဲ့ အကြံညဏ်တောင်ခံလိုက်ပါ။ အခက်အခဲတွေ ဘယ်လောက်ပဲ များနေပါစေ ဇွဲလုံ့လရှိရှိ ကြိုးစားကျော်လွှားလိုက်ပါ ။ အရာအားလုံး အဆင်ပြေသွားမှာပါ။

ယတြာ -အကောင်းဆုံး ယတြာကတော့ စိတ်ဓါတ်တက်ကြွစေမယ့် အရာလေးတွေ အထူးဂရုပြု လုပ်ဆောင်ဖို့ပါပဲ။

ဤစာစောင်ကို သူငယ်ချင်း (၅) ယောက်နဲ့ SHARE ပေးဖို့လည်း မမေ့နဲ့နော်

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်းမွေးဖွားသူများ

မိန်ရာသီဖွားတွေ အနေနဲ့ အခက်အခဲ အချို့နဲ့ ရင်ဆိုင်ရမယ့် အချိန်အခိုက်အတန့်လေး ဖြစ်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာလေးတွေပါပဲ။ ခေါင်းအေးအေးနဲ့ ကိုင်တွယ်ဖြေရှင်းလိုက်ပါ။ ဘယ်လောက်ကြီးမားတဲ့ ပြဿ     နာပဲဖြစ်ပါစေ အဆင်ပြေချောမွေ့ သွားမှာပါ။ သင့်ရဲ့ကံကြမ္မာက သင့်လုပ်ဆောင်မှုတွေ အပေါ်မှာပဲ မူတည်နေပါတယ်။

ယတြာ – အရာရာ အဆင်ပြေ ချောမွေ့စေချင်ရင် ကိုယ့်လုပ်ဆောင်ချက်တွေက ကိုယ့်ဘဝပဲ ဆိုတာ သတိကပ်ထားပါ။

ဒီဗေဒင်လေးကို သူငယ်ချင်းတွေအတွက်လည်း SHARE ပေးဖို့မမေ့နဲ့နော်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။