ရာသီဖွားအသီးသီးတို့ရဲ့ အချစ်အပေါ်ထားတဲ့ မတူညီတဲ့ ခံစားမှုလေးများ

blank
Photo Credit: http://horoscopes.lovetoknow.com
၁။ မိဿရာသီဖွား (Aries)

မတ်လ (၂၁) မှ ဧပရယ်(၁၉) ရက်အတွင်းမွေးဖွားသူများ

မိဿ ရာသီဖွားတွေဟာ ခံစားမှု အသစ်တွေကို နှစ်သက်ကြပါတယ်။ အချစ်ရေးမှာလဲ အမြဲစိတ်လှုပ်ရှား ခံစားနေချင်သူတွေပါ။ ဒါကြောင့် သူတို့ကို ပျော်ရွှင်မှု၊ ဝမ်းနည်းမှု ၊ စိတ်လှုပ်ရှားမှု တွေတပြိုင်တည်း ပေးနိုင်တဲ့ချစ်သူမျိုးကို စွဲစွဲလန်းလန်း ချစ်တတ်ကြပါတယ်။

ယတြာ။  ။ ချစ်ခြင်းတွေ အဆင်ပြေချောမွေ့စေဖို့ စာစောင်ကို သူငယ်ချင်း (၃) ယောက်နဲ့  SHARE လိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus)

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

ပြိဿ ရာသီဖွားတွေဟာ အချစ်ကိုပေါ့ပေါ့တန်တန် သဘောထားသူတွေ မဟုတ်တဲ့အတွက် သူတို့ကို အလေးအနက်ထားပြီး ရေရှည်လက်တွဲနိုင်မယ့် ချစ်သူမျိုး ကို နှစ်သက်ကြပါတယ်။ ချစ်သူအတွက် အရာရာ ပေးဆပ်ဖို့ အဆင်သင့်ရှိနေပေမဲ့ သူတို့ကို သစ္စာဖောက်သွားမှာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ကြပါဘူး။

ယတြာ။  ။ ကိုယ့်ကို တန်ဖိုးထားတဲ့ ချစ်ခြင်းမျိုးနဲ့ ဆုံတွေ့ဖို့ စာစောင်ကို သူငယ်ချင်း (၅) ဦးနဲ့ SHARE လိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်းမွေးဖွားသူများ

မေထုန် ရာသီဖွားတွေဟာ အမြဲလိုလို ချစ်သူနဲ့ စိန်ခေါ်ပြီး ယှဉ်ပြိုင်နေရတာကို နှစ်သက်ကြပါတယ်။ ဒီလိုပြုမူတာကလဲ မိမိချစ်သူ ဘယ်လောက် အရည်အချင်း ရှိတယ်ဆိုတာ သေချာချင်ကြလို့ပါ။ ဒါ့အပြင် သူတို့ချစ်သူနဲ့ ပတ်သက်တဲ့ အကြောင်းစုံကို သိချင်ကြပါတယ်။ ဒါဟာချစ်သူကို လွှမ်းမိုးချုပ်ကိုင် ဖို့ဆိုတာထက် ချစ်သူနဲ့ ပတ်သက်တာတွေကို စိတ်ဝင်စားတာကြောင့်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။  ။ စစ်မှန်တဲ့ ချစ်ခြင်းတွေ ရရှိဖို့ စာစောင်ကို သူငယ်ချင်း (၄) ယောက်နဲ့ SHARE လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ကရကဋ် ရာသီဖွားတွေဟာ သူတို့အပေါ် အလေးအနက်ထား ဂရုစိုက်တတ်တဲ့ ချစ်သူမျိုးကို နှစ်သက်ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ယုံကြည်မှုနဲ့ပဲ လက်တွဲချင်သူတွေပါ။ သူတို့ချစ်သူအပေါ်ထားရှိတဲ့ တစ်ခုထဲသောမျှော်လင့်ချက်က သူတို့ကို ယုံကြည်နားလည်ပေးဖို့ပါ။

ယတြာ။  ။ ယုံကြည်မှု အလွဲသုံးစား မလုပ်မယ့် ချစ်ခြင်းမျိုးကို တွေ့လိုပါက စာစောင်ကို SHARE လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွားတွေဟာ စိတ်ခံစားလွယ်၊ ပေါက်ကွဲလွယ် တတ်ကြသူတွေ ဖြစ်တဲ့အတွက် သူတို့စိတ်ခံစားမှုတွေကို နားလည် ပေးနိုင်တဲ့ ချစ်သူမျိုးကို နှစ်သက်ကြပါတယ်။ ချစ်သူအတွက် အသေးစိတ်လေးတွေကအစ ဖြည့်ဆည်းပေးတတ်ကြသလို နှုတ်ကထုတ်မပြောပေမဲ့ ဂရုစိုက်မှုပြန်ရဖို့လဲ မျှော်လင့်တတ်ကြပါတယ်။

ယတြာ။  ။ ကိုယ့်ကို ဂရုစိုက်မယ့် ချစ်ခြင်းစစ်နဲ့ တွေ့ဆုံစေဖို့ စာစောင်ကို သူငယ်ချင်း (၂) ယောက်နဲ့ SHARE လိုက်ပါ။

၆။ ကံရာသီဖွား (Virgo)

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကံရာသီ ဖွားတွေဟာ စိတ်ထား အလွန်နူးညံ့သလို ချစ်သူနဲ့ပတ်သက်ပြီး အမြဲစိုးရိမ်ကြောင့်ကြ နေတတ်ကြသူတွေပါ။ ချစ်သူဆီက မျှော်လင့်တာကတော့ သူတို့စိတ်ကို လုံခြုံမှုပေးနိုင်ပြီး အရာရာ ခွင့်လွှတ်နားလည် ပေးနိုင်ဖို့ပါပဲ။

ယတြာ။  ။ ချစ်ခြင်းတွေ အဆင်ပြေစေဖို့ စာစောင်ကို သူငယ်ချင်း (၃) ယောက်နဲ့ SHARE လိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

တူရာသီဖွားတွေဟာ ချစ်သူနဲ့ဆက်ဆံရေးမှာ အပေးအယူ သဘောလေးတွေနဲ့ ဆက်ဆံတတ်ပါတယ်။ သူတို့ဟာ အရာအားလုံးကို မျှမျှတတ ဖြစ်စေဖို့ မျှော်လင့်ကြတယ်။ မိမိတို့အခက်အခဲ ကြုံနေစဉ်မှာ စူရှထက်မြက်တဲ့ ညဏ်ရည်ညဏ်သွေးနဲ့ ကူညီဖြေရှင်းနိုင်တဲ့ ချစ်သူမျိုးကို သဘောကျ နှစ်သက်ကြပါတယ်။

ယတြာ။  ။ မိမိလိုချင်သော ချစ်သူမျိုးရရှိစေရန် စာစောင်ကို သူငယ်ချင်း (၅) ဦးနဲ့ SHARE လိုက်ပါ။

 ၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဗြိစ္ဆာရာသီဖွားတွေဟာ သူတို့အချစ်ရေးကို ရင်းနီးပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးဖြစ်ဖို့ နှစ်သက်ကြပါတယ်။ ချစ်သူကို သူငယ်ချင်းလိုမျိုးရင်းရင်းနီးနီး ဆက်ဆံချင်သူတွေပါ။ ချစ်သူရဲ့ အသေးအဖွဲ အောင်မြင်မှုလေးတွေကအစ ဂရုတစိုက်နဲ့ အသိအမှတ်ပြု ပေးတတ်ကြပါတယ်။

ယတြာ။  ။ စစ်မှန်သော ချစ်ခြင်းနဲ့ တွေ့ဆုံဖို့ စာစောင်ကို အရင်းနှီးဆုံး သူငယ်ချင်း (၄)ဦးနဲ့ SHARE လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေဟာ အချစ်နဲ့ပတ်သက်ပြီး အလေးအနက်ထားလွန်းတော့ အချစ်ရေးမှာ အရမ်းခံစားလွယ် ကြပါတယ်။ ချစ်သူနဲ့သာဆို ဘယ်လိုအရာမျိုးကိုမဆို စွန့်စားဖို့ အသင့်ရှိနေသူတွေပါ။ ဒါကို မိုက်မဲမ၊ ပျော့ညံ့မလို့ မယူဆဘဲ ခံစားနားလည်ပေးနိုင်တဲ့ ချစ်သူမျိုးကို သဘောကျသူတွေပါ။

ယတြာ။  ။ ချစ်ခြင်းတွေ အဆင်ပြေစေဖို့ စာစောင်ကို သူငယ်ချင်း (၅) ယောက်နဲ့ SHARE လိုက်ပါ။

၁၀။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မကာရ ရာသီဖွား တွေဟာ ရိုးသားပွင့်လင်းကြသူတွေ ဖြစ်တဲ့အတွက် အချစ်ရေးမှာလဲ လျို့ဝှက်ချက်ဆိုတာ မရှိလောက်အောင် ပွင့်လင်းကြသူတွေပါ။ ဒါကို အခွင့်အရေးမယူဘဲ သူတို့ လျို့ဝှက်ချက်တွေအတွက် အမြဲယုံကြည်စိတ်ချစွာ တိုင်ပင်လို့ရတဲ့ ချစ်သူမျိုးကို နှစ်သက်ကြပါတယ်။ တစ်ဘဝလုံး ပုံပြီး ချစ်မြတ်နိုးမှာဖြစ်လို့ စိတ်ဓါတ်ခိုင်မာပြီး သစ္စာရှိတဲ့ချစ်သူမျိုးကိုပဲ သဘောကျ နှစ်သက်ကြပါတယ်။

ယတြာ။  ။ ကိုယ့်အပေါ် မှန်ကန်တဲ့ ချစ်ခြင်းမျိုးကို တွေ့လိုပါက စာစောင်ကို SHARE လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေဟာ လွတ်လပ်မှုကိုမြတ်နိုးကြသူတွေ ဖြစ်တဲ့အတွက် မိမိကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ ချစ်သူမျိုးကို သဘောကျနှစ်သက်ပါတယ်။ အရာအားလုံးကိုယ့်ကိုယ်ကို စွမ်းဆောင်နိုင်သူတွေ ဖြစ်တဲ့အတွက် ချစ်သူဆီက တစ်ခုတည်သောမျှော်လင့်မှု က လွတ်လပ်စွာ ချစ်မြတ်နိုးခွင့်ပါပဲ။

ယတြာ။  ။ ကိုယ်အလိုရှိရာ ချစ်သူမျိုး ရရှိစေဖို့ စာစောင်ကို သူငယ်ချင်း (၃) ယောက်နဲ့ SHARE လိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူများ

မိန်ရာသီဖွားတွေဟာ အချစ်ရေးမှာသူများတွေက ဘယ်လိုပဲဝေဖန်နေပါစေ သူတို့နှစ်ဦးအတွက အရေးပါတာတွေပဲ ဂရုစိုက်တတ်ကြသူတွေပါ။ အချစ်ရေးမှာ သာယာကြည်နူးမှုနဲ့ လက်တွေ့ကျမှုတွေကိုအချိုးကျကျ ဖန်တီးပုံဖော်နိုင်တဲ့ ချစ်သူမျိုးတွေကို နှစ်သက်ကြပါတယ်။

ယတြာ။  ။ ချစ်ခြင်းတွေ အဆင်ပြေချောမွေ့စေဖို့ စာစောင်ကို သူငယ်ချင်း (၅) ယောက်နဲ့  SHARE လိုက်ပါ။

သင့်အတွက် မှန်နေပြီဆိုရင် သူငယ်ချင်းတွေအတွက် Share ပေးလိုက်နော်။