စိတ်လှုပ်ရှားဖွယ် ချစ်သူများနေ့လေး ဖန်တီးနိုင်စေဖို့

blank

ချစ်သူများနေ့ ဆိုတာ ချစ်သူများအတွက်ကြည်နူးဖွယ် နေ့လေးတစ်နေ့ပါ။ ဒါပေမဲ့ ချစ်သူကို စိတ်လပ်ရှားပျော်ရွှင်စေဖို့ စဉ်းစားရတာ မလွယ်ပါဘူး။ ဒါကြောင့် ရာသီဖွားတွေအလိုက် သူတို့ နှစ်သက် သဘောကျတတ်တဲ့ အရာလေးတွေ ဖော်ပြထားတာမို့ ချစ်သူရဲ့ အကြိုက်လေးတွေကို သိပြီး အသက်ဝင် လှပတဲ့ Valentine လေး ဖန်တီးနိုင်မှာ မလွဲပါပဲ။

၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

မိဿရာသီဖွားတွေဟာ ချစ်သူရဲ့ ဦးစားပေးမှုကို လိုချင်ပြီး အံ့သြမှုတွေကို နှစ်သက်တတ်တာမို့ သူတို့ကို စိတ်လှုပ်ရှားပျော်ရွှင်စေဖို့ ထူးခြားဆန်းသစ်တဲ့ အကြံဉာဏ်လေးတွေ စဉ်းစားဖို့လိုပါတယ်။ အနှစ်သက်ဆုံး အစားအသောက်လေးတွေ၊ နှင်းဆီပွင့်လေးတွေ၊ ဒါမှမဟုတ် သူ့အကြောင်းစာစီထားတဲ့ ကဗျာလေးတွေပေးခြင်းဟာ သူမကို အတိုင်းအဆမရှိ ပျော်ရွှင်စေပါလိမ့်မယ်။ သင့်ချစ်သူက မိဿရာသီဖွားဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ နေရာလေးတွေကို သူမနဲ့အတူ အလည်အပတ်ခေါ်သွားခြင်းဖြင့် သူမကိုပျော်ရွှင်စေပါ။

၂။ ပြိဿ ရာသီဖွား (Taurus )
ဧပြီလ (၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ပြိဿရာသီဖွားတွေဟာ သူတို့ကို အလိုလိုက် အလျှော့ပေးတာကို သဘောကျပါတယ်။ ဒါကြောင့် ပြိဿရာသီဖွားချစ်သူကို ချစ်သူများနေ့မှာ ပျော်ရွှင်စေချင်တယ်ဆိုရင် သူမအတွက် ဦးစားပေးပြီး သူမနှစ်သက်တဲ့နေရာတွေကို ပို့ဆောင်ပေးတာ၊ စားချင်တာတွေလိုက်ကျွေးတာတွေနဲ့ ဆင်နွှဲလိုက်ပါ။ သူတို့ဟာ စိတ်ကူးယဉ်လည်းသိပ်ဆန်တတ်တာကြောင့်ဘူးကြီးကြီးနဲ့ ထည့်ထားတဲ့ အသည်းပုံ ချောကလက်လေးတွေ လက်ဆောင်ပေးလိုက်ပါ။

 ၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ

မေထုန်ရာသီဖွားတွေဟာ ချစ်သူနဲ့စကားတွေ ဖောင်ဖွဲ့ရတာကို နှစ်သက်ကြသူတွေမို့ အဲဒီနေ့မှာ ကြင်နာနွေးထွေးတဲ့ စကားသံတွေနဲ့ပျော်စရာတွေကို ဖန်တီးပေးပါ။ ကဗျာလေးတွေရွတ်ပြတာ၊ သီချင်းလေးတွေ ညည်းပြတာလေးတွေကလည်း သူ့ကို အမှတ်တရ ဖြစ်စေပါတယ်။ သင်တို့နှစ်ယောက် အကြောင်းလေးတွေကိုစာနဲ့ပုံဖော် ၊ ဓါတ်ပုံလေးတွေနဲ့ အလှဆင်၊ စာအုပ်လေးတစ်အုပ်လုပ်ပြီး အမှတ်တရ လက်ဆောင်ပေးလိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ချစ်သူများနေ့လေးကို ပိုင်ဆိုင်ပြီပေါ့။

 ၄။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

ကရကဋ် ရာသီဖွားတွေဟာ ထူးခြားဆန်းသစ်တဲ့ လက်ဆောင်တွေထက် ရိုးရှင်းပြီး လက်တွေ့ကျတဲ့ လက်ဆောင်လေးတွေကို နှစ်သက်တတ်ကြပါတယ်။ ဈေးကြီးကြီးလက်ဆောင်တွေထက် သူ့အပေါ်ထားတဲ့ လေးနက်တဲ့ ခံစားမှုတွေကို တန်ဖိုးထားတတ်ကြပါတယ်။ သင့်ချစ်သူက ကရကဋ်ရာသီဖွားဆိုရင် ချစ်သူများနေ့မှာ လက်ဆောင်တွေပြေးဝယ်နေတာထက် သူမအတွက်အချိန်ပေးပါ။ သူမနဲ့အတူ ညစာစားပါ။ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးပါ။

 ၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွားတွေအတွက် အမှတ်တရ Valentine လေး ဖန်တီးချင်တယ်ဆိုရင်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေဖို့ လိုပါတယ်။ မီးပုံးပျံစီးတာမျိုး ၊ ဝတ်စုံလေးတွေ ဆင်တူဝတ်ပြီး ဓါတ်ပုံအတူရိုက် ကြတာမျိုးလေးတွေကို နှစ်သက်တတ်ကြပါတယ်။  ချစ်သူက သိဟ်ရာသီဖွားဆိုရင်တော့ Surprise လေးတွေဖန်တီပေးဖို့ မမေ့ပါနဲ့နော်။ ဤဆောင်းပါးကိုဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

 ၆။ ကံရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ကံရာသီဖွားတွေဟာ  စိတ်ကူးယဉ်ဆန်ပြီးValentine ကိုလည်း အလေးအနက် ထားလွန်းကြတဲ့အတွက် သူတို့ကို အပေါ်ထားရှိတဲ့ ခံစားမှုနက်နဲကြောင်း ပြသနိုင်မယ့် လက်ဆောင်မျိုးပေးတာက အသင့်တော်ဆုံးပါ။ သူမကိုသိပ်ချစ်ကြောင်း ပြောပြတာ၊ တစ်ဘဝလုံးစာ ရည်ထားတဲ့အကြောင်းတွေကို သူမကိုဖွင့်ဟပြောဆိုပါ။ ချစ်ကြောင်းတဖွဲ့တနွဲ့ရေးထားတဲ့ ချစ်သဝဏ်လွှာလေးတစ်စောင်ကလည်းသူမကိုပျော်ရွှင်စေမှာသေချာပါတယ်။

 ၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

တူရာသီဖွားတွေဟာ လှပတဲ့အရာလေးတွေကို နှစ်သက်တတ်ကြပါတယ်။ ဝက်ဝံရုပ်လှလှလေးတွေကို ကြိုက်သလိုပဲ သာယာတဲ့စကားလေးတွေ၊ ကြည်နူးစရာကောင်းတဲ့ စိတ်ကူးလေးတွေကိုလည်း နှစ်သက်ကြပါတယ်။ ဒါကြောင့် လက်ဆောင်ပေးတဲ့အခါ သင်တို့နှစ်ယောက်လုံး အတွက် အမှတ်တရဖြစ်စေတဲ့ အကြောင်းအရာတွေ ထင်ဟပ်နေမယ့် လက်ဆောင်မျိုး ဖြစ်နေဖို့လိုပါတယ်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်

ဗြိစ္ဆာရာသီဖွားတွေဟာ လျို့ဝှက်နက်နဲမှုတွေကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် ချစ်သူကိုမမေ့နိုင်စရာ ချစ်သူများနေ့လေးဖန်တီးပေးဖို့ ချစ်သူများနေ့ မတိုင်ခင်ကတည်းက လျို့ဝှက်တဲ့ card လေးတွေ ပို့ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ တစ် card ချင်းစီမှာ  ထည့်ပေးပြီး အဖြေရှာခိုင်းတာမျိုးလေးတွေဟာ တစ်ဘဝလုံးစာအတွက် အမှတ်တရဖြစ်စေမှာပါ။  ဥပမာ- သင်တို့ နှစ်ယောက်ဆုံမယ့် နေရာ ။ နှစ်ယောက်အတူ ကြည့်မယ့် ဇာတ်လမ်းနာမည် မျိုးပေါ့။

 ၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေဟာခရီးသွားရတာ ၊ စွန့်စားရတာတွေ နှစ်သက်တာကြောင့် သူ့အတွက် စိတ်လှုပ်ရှားဖွယ် အပြည့်နဲ့ ခရီးလေးတစ်ခု စီစဉ်ပေးခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။ အဲဒီခရီးဟာ သူတို့အတွက် အလွန်ထူးခြားနေရပါမယ်။ လက်ဆောင်တစ်ခုခု ပေးချင်တယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိပြီး သမရိုးကျမဆန်တဲ့ လက်ဆောင်မျိုး ဖြစ်နေဖို့ အရေးကြီးပါတယ်။

၁၀။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

မကာရ ရာသီဖွား တွေဟာ အတိတ်ကိုပြန်လည်ခံစားရတာ အလွန် နှစ်သက်ကြပါတယ်။ ဒါကြောင့် Valentine နေ့မှာ သင်တို့စတွေ့စ အချိန်လေးတွေကို ပြန်အသက်သွင်းဖို့ အကောင်းဆုံးပါ။ စတွေ့တဲ့ နေ့က အဝတ်စားလေးတွေဝတ်ပြီး စဆုံခဲ့တဲ့နေရာလေးဆီ ခေါ်ဆောင်သွားလိုက်ပါ။ သွားနေတဲ့ လမ်းတစ်လျှောက်လုံးမှာတော့ အမှတ်တရ အချစ်သီချင်းလေးတွေ ဖွင့်ရင်း အတိတ်ကို ပြန်လည် ပုံဖော်လိုက်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေကတော့ သူတို့ကို အလေးအနက်ထားတာကို သဘောကျတတ်သလို ဘောင်ထဲကထွက်ပြီး စဉ်းစားတတ်တာကြောင့် ကုံရာသီဖွားတွေအတွက် အမှတ်တရလေးတွေ ဖန်တီးမယ်ဆိုရင်တော့ ရိုးရှင်းပြီး သမရိုးကျ မဆန်ဖို့ အရေးကြီးပါတယ်။ အံ့သြစရာတွေနဲ့ ပြည့်လေလေ ချစ်သူကြိုက်လေဖြစ်တာကြောင့် သင့်အနေနဲ့ ခေါင်းခြောက်ခံပြီးသာ စဉ်းစားထားပေတော့။

 ၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိန်ရာသီဖွားတွေဟာ ပျော်ပျော်နေတတ်သလို စိတ်ကူးယဉ်ဆန်ပြီး ခံစားမှုကိုလည်း အလေးပေး တတ်ကြပါတယ်။ ချစ်သူများနေ့မှာ သူတို့ကို အလေးအနက်ထားကြောင်း ပေါ်လွင်စေဖို့ အတွက် သူမနှစ်သက်တဲ့ ကဗျာလေးတွေ စုပေးတာမျိုး ပြုလုပ်ပေးပါ။ ကမ်းခြေလိုနေရာမျိုးမှာ  အပန်းဖြေသွားတာမျိုး၊ သူမအကြိုက်ဆုံးနေရာမှာ ပန်းလေးတွေအလှဆင်ပြီး လက်ထပ်ခွင့်တောင်းတာမျိုးတွေနဲ့ အပျော်ရွှင်ရဆုံးချစ်သူများနေ့ကို ဖန်တီးပေးလိုက်ပါ။

သဘောကျနှစ်ခြိုက်တယ်ဆိုရင်  သူငယ်ချင်းတွေအတွကလည်းShare ပေးလိုက်ပါဦးနော်။ သက်ဆိုင်သူကို mention ခေါ်ပြီး SHARE ထားလိုက်ပါဦး။