ဂန္တ၀င်ဗေဒင် – စက်တင်ဘာလ၊၂၀၁၄ ခုနှစ်

blank

မိဿရာသီဖွား (မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် ကြံရွယ်ထားသော အကြံအစည်တို့ ရင်ခုန်ဖွယ် ရင်ဆိုင်ပြီးမှ အောင်မြင်မည်။ ကိုယ့်အပေါ် မကောင်းကြံနှောက်ယှက်မှုကို ဖြေရှင်းနိုင်လိမ့်မည်။ ရာထူးတိုးဖြေဆိုမှုတို့ အဆင်ပြေစေလိမ့်မည်။ ပညာရေးတိးတက်မည်၊ ဖြေဆိုနိုင်မည်။ ငွေကြေးအတွက် အဆင်ပြေစိတ်ချမ်းသားမှု ရရှိလာပေမည်။ အိမ်ထောင်ရေး အသွင်အမြင်တူမရှိ၍ စိတ်ပျက်ရတတ်ပေသည်။ အချစ်ရေး ပျော်ရွှင်မှုရရှိစေတတ်ပေသည်။ အနုပညာအလုပ် အထူးအောင်မြင်စေလိမ့်မည်။

ယတြာ – နှင်းဆီနီ (၁)ပွင့် လှူပါ။

ပြိဿရာသီဖွား (ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂၁ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် အဝတ်အစား၊ အဖိုးတန်ပစ္စည်း၊ ကားသစ်ဝင်စေတတ်ပေသည်။ ဂုဏ်ရှိသော အလုပ်တို့ ဆောင်ရွက်ရတတ်ပေသည်။ ပညာရေး ယုံကြည်မှုအပြည့်ဖြင့် ဖြေဆိုသင့်ပေသည်။ မိမိကြံရွယ်သောအလုပ် စတင်အောင်မြင်လာ၍ ဝမ်းမြောက်ကျေနပ်ရတတ်ပေသည်။ အချစ်ရေးလျှို့ဝှက်ရှုပ်ထွေးခြင်း ရှိနေတတ်ပေသည်။ သားသမီးပြဿနာ လိုက်လံဖြေရှင်းရတတ်ပေသည်။ ဘာသာစကားသင်တန်း အကျိုးရှိပါလိမ့်မည်။ အဆောင်နေအဖော်၏ အကူအညီကောင်းကို ရရှိစေတတ်ပေသည်။ နိုင်ငံခြားသားများနှင့် ဖက်စက်စီးပွားအတွက် စာချုပ်ချုပ်ရတတ်သည်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ – ဒံပေါက်လှူပါ။

မေထုန်ရာသီဖွား (မေလ ၂၂ ရက်နေ့မှ ဇွန်လ ၂၁ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် စိတ်ကူးထားမှုတို့ အကောင်အထည်ဖော်ရတတ်ပေသည်။ ဝင်ငွေပိုင်းတက်လာသော်လည်း အသုံးအစွဲကြမ်းတမ်းဆဲသာလျှင် ဖြစ်စေတတ်ပေသည်။ ဂုဏ်သိက္ခာပိုင်း ပြန်လည်၍ တက်လာစေတတ်ပေသည်။ ပညာရေးကြိုးစားမှုကြောင့် ဂုဏ်ရှိစွာအောင်မြင်တတ်ပေသည်။ ဘွဲ့လွန်ရရှိရန် အခြေအနေပေးလာလိမ့်မည်။ ရပ်ဝေးသားသမီး ဒုက္ခမပေးပါ။ ဘဏ်ချေးငွေကိစ္စတို့ အဆင်ပြေစေလိမ့်မည်။ အဆောက်အဦး ငှားရမ်းကိစ္စ အဆင်ပြေမည်။ ကားအပြောင်းအလဲ ကြုံတတ်ပေသည်။ စာသင်ကြားသော အလုပ်တာဝန်တို့ နာမည်ကောင်းနှင့် လူကြိုက်များတတ်သည်။ အချစ်ရေး အဆင်ပြေစေလိမ့်မည်။ သို့သော် ကြာကြာမတွဲသင့်ပါ။

ယတြာ – သပြေ (၁၀)ညွှန့်လှူပါ။

ကရကဋ်ရာသီဖွား (ဇွန်လ ၂၂ရက်နေ့မှ ဇူလိုင်လ ၂၂ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် အလုပ်အကိုင်အဆင်ပြေလာစေတတ်သည်။ အင်တာဗျူး အောင်မြင်လိမ့်မည်။ ရာထူးတိုးမြင့် ရွှေ့ပြောင်းခြင်းရှိမည်။ ကျန်းမာရေးး ခဏခဏညံ့စေတတ်သည်။ ပညာရေး ဆရာသမားကောင်းကြောင့် အဆင်ပြေစေတတ်ပေသည်။ ဝင်ငွေပိုင်းသင့်တင့်စွာ ကောင်းမွန်မည်။ အချစ်ရေးသာယာပျော်ရွှင်ဖွယ် ကံကောင်းစေတတ်ပေသည်။ အိမ်ထောင်ရေး ခမ်းခြောက် ပျော်ရွှင်မှု နည်းပါးစေတတ်သည်။ မောင်နှမသားချင်း စကားများတတ် စိတ်ဝမ်းကွဲတတ်ပြီး အမွေကိစ္စရှုပ်ထွေးလိမ့်မည်။

ယတြာ – ထမင်းကြော်လှူပါ။

သိဟ်ရာသီဖွား (ဇူလိုင်လ ၂၃ရက်နေ့မှ သြဂုတ်လ ၂၂ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် သားသမီးတို့ကြောင့် စိတ်အနှောက်အယှက် ကြုံစေတတ်ပေသည်။ တစ်မြို့စီ၊ တစ်နိုင်ငံစီ ခွဲနေရတတ်ပေသည်။ လက်ရှိနေရာ အိုးအိမ်အခန်းမှ ရွှေ့ပြောင်းရပေမည်။ အများအထင်ကြီးစေသော အလုပ်တို့ လုပ်ဆောင်ရတတ်ပေသည်။ ပညာရေး မပေါ့ဆသင့်၊ ကျောင်းမလစ်သင့်၊ ကျောင်းခေါ်ချိန်ပြည့်ရန် အရေးကြီးပေသည်။ ငွေကြေးအဆင်ပြေမည်။ ထီထိုးပေးပါ။ အချစ်ရေးပျက်ပြားတတ် တစ်ကိုယ်တည်း ဖြစ်နေရတတ်ပေသည်။ ငွေစာရင်း သတိပြုရှင်းပါ။ အိတ်စိုက်လျော်ရတတ်သည်။ တပါးသူ စီးပွားမိတ်ဆွေ လုမယူသင့်ပါ။

ယတြာ – ရွှေသပြေ (၉)ညွန့်လှူပါ။

ကန်ရာသီဖွား (သြဂုတ်လ ၂၃ရက်နေ့မှ စက်တင်ဘာလ ၂၂ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် ပင်ပန်းသောအလုပ်တို့ကို လုပ်ဆောင်ရတတ်ပေသည်။ ဆွေမျိုးသားချင်းတို့နှင့် အတူနေမှု အဆင်မပြေတတ်ပါ။ ပစ္စည်း၊ ငွေ ပျောက်တတ်ပေသည်။ ကြွေးငွေတချို့ ပေးဆပ်ရတတ်ပေသည်။ လူမျိုးခြားနှင့် ဆက်ဆံရေး အဆင်ပြေစေတတ်ပေသည်။ အချစ်ရေးအဆင်ပြေမည်။ မျက်နှာပွင့်လန်းပြီး အသစ်ထပ်မံဆုံတွေ့ရတတ်သည်။ ထီထိုးပါ။ ငွေစုပုံ ဝင်ကိန်းရှိသည်။ ဌာနများနှင့် လေလံအဆင်ပြေ ကံကောင်းစေတတ်ပေသည်။ မိခင်ကျန်းမာရေး ဂရုစိုက်ပေးပါ။ အန္တရာယ်အထူး ရှိပေသည်။

ယတြာ – ပဲပေါက်စီလှူပါ။

တူရာသီဖွား (စက်တင်ဘာလ ၂၃ရက်နေ့မှ အောက်တိုဘာလ ၂၂ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် ကောင်းသောနာမည် ထင်ပေါ်မှုရှိလာတတ်သည်။ ရာထူးတိုးခြင်း ကြုံစေလိမ့်မည်။ အလုပ်နေရာကောင်း ရရှိလာလိမ့်မည်။ ငွေဝင်အထူးကောင်းမွန် လာစေကာ စုဆောင်းလာနိုင်မည်။ ပညာရေး မျှော်မှန်းသည့်အဆင့်အထိ ရောက်ရှိလာစေတတ်သည်။ လုပ်ငန်းထဲမှ အမြတ်အစွန်းထွက်လိမ့်မည်။ နီးစပ်မှုဖြင့် ဌာနတွင်း အချစ်ရေးသံယောဇဉ် တွယ်မိတတ်သည်။ ခရီးရှည် အကျိုးပေးလိမ့်မည်။ မျက်လုံး ဒုက္ခပေးလာတတ်သည်။ လုပ်ငန်းတွင် မနာလိုခံရတတ်၍ သတိထားသင့်သည်။ အိမ်ထောင်ရေး ဂရုစိုက်သင့်သည်။ စည်းကမ်းမမဲ့သင့်ပါ။

ယတြာ – ပဲထမင်းလှူပါ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာလ ၂၃ ရက်နေ့မှ နိုဝင်ဘာလ ၂၂ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် လုပ်ငန်းတွင်းသာမက အိမ်တွင်းထိပါ လူကြီးမိဘဆရာသမား ဒုက္ခပေးတတ်သည်။ ရန်မီးပွားစေလိမ့်မည်။ အလုပ်နေရာ မတည်မြဲမှု ရှိစေကာ မနေချင်သည့် နေရာတွင် တာဝန်ယူရတတ်ပေသည်။ ပြည်ပအလုပ်ကြိုးစားမှုတို့ အဆင်ပြေမည်။ ကြိုးစားမှု ခံစားရလိမ့်မည်။ မြောက်အရပ်ခရီး အကျိုးရှိစေမည်။ စနေသားသမီးနှင့် သတိထား ဆက်ဆံသင့်ပေသည်။ အချစ်ရေး အဆင်ပြေစေတတ်ပေသည်။ သားသမီး ရတနာရတတ်ပြီး ခွဲစိတ်မွေးဖွားခြင်း ခံရတတ်ပေသည်။ အိမ်ထောင်ရေးသာယာမှု နည်းစေလိမ့်မည်။ အထူးသဖြင့် စကားအပြောအဆို ပြုပြင်သင့်သည်။ တိတ်တိတ်ပုန်း မည်သည့်ကိစ္စမှ မပြုလုပ်သင့်ပါ။

ယတြာ – အနီရောင် ပန်း (၉)ပွင့်လှူပါ။

ဓနုရာသီဖွား (နိုဝင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် အလုပ်အကိုင် (၂)မျိုး (၃)မျိုး အောင်မြင်အဆင်ပြေမှု ရှိစေလိမ့်မည်။ ပျော်ရွှင်မှု ရရှိစေတတ်ပေသည်။ မိမိလုပ်ဆောင်ချက် အသိအမှတ်ပြုခံရပြီး အရာထင်ပေလိမ့်မည်။ ရာထူးတိုးပြီး အကျိုးပြုနေရာကောင်းသို့ ရောက်ရှိစေတတ်သည်။ ကောင်းမှု မကောင်းမှုတို့ကို ရောနှောပြီး လုပ်ဆောင်မိတတ်သည်။ ပညာအရည်အသွေး အထူးတောက်ပြောင်စေလိမ့်မည်။ လုပ်ငန်းတွင်း ဝင်ထွက်သွားလာသူကိုမှ စိတ်ဝင်စားမိတတ်ပေသည်။ သားသမီးအတွက် အကုန်အကျများမည်။ လည်းကောင်း ကျန်းမာရေး ဂရုစိုက်ပေးစေလိုပါသည်။

ယတြာ – လက်ဖက်ခြောက် လှူပါ။

မကာရရာသီဖွား (ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ဇန္န၀ါရီလ ၂၁ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် လုပ်ငန်းပိုင်းကောင်းမွန် အောင်မြင်မှုရရှိစေမည်။ ဝင်ငွေပိုင်း အထူးကောင်းမွန်စေလိမ့်မည်။ ငွေစုပုံဝင်စေတတ်ပေသည်။ ရောင်းမစွံသော ပစ္စည်းနှင့် လေလွင့်ပျက်စီးပစ္စည်းတို့မှ ငွေရတတ်သည်။ ကြွေးငွေရရန် နှစ်ချီကြာနေတတ်သည်။ ပညာရေးကြိုးစားသလောက် အရာထင် နာမည်ရစေလိမ့်မည်။ သူငယ်ချင်းမိတ်ဆွေနှင့် မသင့်မတင့် ကြုံတတ်သည်။ မျက်လုံးပိုငး ဂရုစိုက်သင့်သည်။ ခရီးရှည်စီစဉ်ပျက်ပြားစေတတ်သည်။ သားသမီးတို့ မတော်တဆ ထိခိုက်မိတတ်သည်။ အိမ်ထောင်ဘက်ကြောင့် စိတ်ညစ်ရတတ်သည်။ အချစ်ရေး အဆင်ပြေစေမည်။

ယတြာ – ထမင်း (၃)ပုံလှူပါ။

ကုမ်ရာသီဖွား (ဇန္န၀ါရီလ ၂၂ရက်နေ့မှ ဖေဖောဝါရီလ ၁၈ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် လုပ်ငန်းတွင်းပြဿနာများနှင့် လုံးနေရတတ်သည်။ တပည့်များ၏ အမှားအယွင်းအတွက် ပေးဆပ်ရတတ်သည်။ ဦးဆောင်ရသူအတွက် စိတ်မောရတတ်သည်။ အိမ်ထောင်နှင့် မသင့်မမြတ် ဖြစ်စေတတ်သည်။ ပညာရေးအထူးကောင်းမွန်ပေသည်။ စာကျက်ဖော်ကောင်း ရရှိစေတတ်သည်။ ခရီးရှည်ဆက်လက်များနေပေမည်။ အချစ်ရေး လျှို့ဝှက်၍ မတွဲတတ်သလို အသစ်ကို စိတ်ဝင်စားမိတတ်ပေသည်။ လုပ်ငန်းသစ်တစ်ခု ပေါ်ပေါက်စေတတ်ပေသည်။ လူမျိုးခြားနှင့် လက်တွဲရမှု အဆင်ပြေစေလိမ့်မည်။ အဆောက်အဦးကိစ္စ ပြဿနာပေါ်တတ်သည်။

ယတြာ – ရေတော် (၅)ခွက်လှူပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် အခန်းဖော်ကောင်း မရနိုင်သေးပါ။ ပညာရေးအတွက် တကိုယ်တည်း ကြိုးစားရတတ်ပေသည်။ လုပ်ငန်းတွင်း လူသိများလာစေမည်။ စီးပွားရေးအကျိုးအမြတ် ထူးခြားစွာ ခံစားရတတ်သည်။ စပ်တူစီးပွားအကျိုးပေးမည်။ ဘာသာစကား သင်တန်းအကျိုးရှိစွာ တက်ရောက်ရတတ်သည်။ လူမျိုးခြားနှင့် စိတ်ဝင်စား လက်တွဲရတတ်သည်။ ခရီးသွားလုပ်ငန်း အကျိုးပေးပါလိမ့်မည်။ အိမ်ထောင်ရေး သတိထားစေလိုပါသည်။ ပြဿနာများ တတ်ပေသည်။

ယတြာ – ဆပ်ပြာမွှေး ကုသိုလ်ပြုပါ။

By: ဒေါက်တာမြတ်သစ်(မန္တလေး)

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။