ဂန္တ၀င်ဗေဒင် – (ဇူလိုင်လ၊၂၀၁၄ ခုနှစ်)

blank

မိဿရာသီဖွား (မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် အဖွဲ့အစည်းများနှင့် ဆက်ဆံ လုပ်ကိုင်ရာတွင် အခက်အခဲတချို့ ရင်ဆိုင်ကြုံတွေ့လာနိုင်သည်။ စိတ်ရောလူပါ ပင်ပန်းစေတတ်သည်။ ရာထူးတိုးကိစ္စပါဝင်လာမည်။ မြေဝင်စေလိမ့်မည်။ အကျိုးအမြတ် များစေတတ်ပေသည်။ ပညာရေး အထူးကောင်းမွန် တိုးတက်မည်။ အခန်းအဆောင် နေရာရွှေ့ပြောင်း စီစဉ်ကိစ္စနှေင့်နှေးမည်။ အချစ်ရေး ကောင်းမွန်မည်။ အိမ်ထောင်ရှင်တို့ အထူးသတိပြုပါ။ စပ်တူ စီးပွားရှောင်ပါ။ ရွှေဈေး စတင်တက်လာမည်။ နှမ်း၊ နနွင်း ဈေးပါ တက်စေတတ်ပါသည်။

ယတြာ – မေတ္တာသုတ်ပရိတ် နေ့စဉ်ရွတ်ဖတ်ပါ။

ပြိဿရာသီဖွား (ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂၁ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် အကြံအစည်အောင်မြင်ထွန်း ပေါက်စေမည်။ ငွေဝင်ကောင်းစေတတ်သည်။ လျှပ်စစ်ပစ္စည်း၊ ဖုန်း အသစ် ဝင်စေတတ်ပေသည်။ ဆရာသမားကောင်းကြောင့် ပညာအရည်အသွေး တိုးတက်စေပါမည်။ ခရီးရှည်သတိထား သွားသင့်ပေသည်။ ခြေလက် ခိုက်မိတတ်၊ ကျိုးတတ်ပေသည်။ အမှတ်ကောင်းသလို ဘာသာရပ်ကောင်း ရရှိစေတတ်သည်။ လူမှုရေး ချောမွေ့ပေမည်။ အဒေါ်ဦးလေးတို့ ကျန်းမာရေး သတိထားသင့်ပေသည်။ အချစ်ရေး အဆင်ပြေပါလိမ့်မည်။ သတ္ထု၊ သံ၊ အိမ်ဆောက်ပစ္စည်းရောင်းဝယ် ဈေးကောင်းရစေလိမ့်မည်။ ရွှေဈေးတက်မည် ဖြစ်သဖြင့် သတိပြုရောင်းဝယ်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မေထုန်ရာသီဖွား (မေလ ၂၂ ရက်နေ့မှ ဇွန်လ ၂၁ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် အသိအမြင် တိုးပွားမှု၊ ဥာဏ်ရည်ကြောင့် အမှတ်ကောင်း ထူးချွန်စွာဖြင့် ပညာအောင်မြင်သလိုပင် ဘာသာရပ်ကောင်း ထိုက်တန်စွာ ရရှိစေတတ်ပေသည်။ ခရီးတို ယာယီများစေတတ်ပေသည်။ သားသမီးအတွက် စိတ်မောစရာ ကြုံစေတတ်ပေသည်။ လူမှုရေး တာဝန်ကျေပြွန် ပါလိမ့်မည်။ ကံစမ်းထီထိုးပါ။ ဆုကြီး မြင်ပေသည်။ အိမ်ထောင်ရေး ကောင်းမွန်ပေမည်။ အချစ်ရေး ထင်သလို မကောင်းတတ်ပါ။ ပစ္စည်းပျောက် သတိပြုပါ။

ကရကဋ်ရာသီဖွား (ဇွန်လ ၂၂ရက်နေ့မှ ဇူလိုင်လ ၂၂ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် လက်ရှိနေရာ၌အလုပ်၊ အခန်း၊ အိမ် နေရာမှအစ အဆင်မပြေ ဖြစ်နေပါလိမ့်မည်။ ခြင်ဆေးခွေသုံး သတိပြုပါ။ မီးလောင်တတ်သည်။ အခန်းဖော် (သို့) အိမ်နီးခြင်း စိတ်ဝမ်းကွဲစေတတ်ပေသည်။ ပညာရေး မပေါ့ဆသင့်ပါ။ သေချာကြိုးစား သင့်ပေးသည်။ အောင်မြင်မှုများ ရရှိစေတတ်ပေသည်။ တိုင်ခန်းဝယ်ယူမှုသတိထားသင့်ပေသည်။ ယာမြေ၊ လယ်မြေ ဝယ်ခြင်း မှားတတ် ပြဿနာကြုံတတ်သည်။ မိခင်ကျမ္မာ ရောဂါများစေတတ်သည်။ အချစ်ရေး ကံကောင်းမည်။ ကုသိုလ်ရေး လုပ်ရတတ်သည်။

သိဟ်ရာသီဖွား (ဇူလိုင်လ ၂၃ရက်နေ့မှ သြဂုတ်လ ၂၂ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် အောက်ခြေသိမ်း လုပ်ဆောင်ပေးရ တတ်ပေသည်။ အိမ်တွင်း၊ လုပ်ငန်းတွင်းတို့တွင် လူအဝင်အထွက် မတည်မြဲတတ်ပေ။ ဆရာသမားကောင်းကြောင့် လုပ်ငန်းပိုင်းအောင်မြင်မှုရမည်။ ဝင်ငွေ ကောင်းစေတတ်ပေသည်။ ရပ်ဝေးခွဲခွာနေရသူ ငယ်ရွယ်သူတို့မှာ ကိုယ်တိုင်ရှာ ကိုယ်တိုင်သုံး အခြေအနေတွင် ဆက်ရှိနေမည်။ အချစ်ရေး ကောင်းဆိုး ရောနေတတ်သည်။ အိမ်ထောင်ရေး အဆင်ပြေမည်။ ပေါင်းသင်းမှားတတ်၍သတိထားသင့်ပေသည်။ သင်တန်းတက်ခြင်း အလုပ်လုပ်ခြင်း နှစ်မျိုးစလုံး အဆင်ပြေပါလိမ့်မည်။

ယတြာ – ဆန်ကုသိုလ်ပြုပါ။

ကန်ရာသီဖွား (သြဂုတ်လ ၂၃ရက်နေ့မှ စက်တင်ဘာလ ၂၂ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် ရသမျှငွေ လက်ထဲမတည်မြဲ ဖြစ်နေလိမ့်မည်။ မိုးကောင်းတုန်း အခွင့်အရေး ရယူနိုင်လျှင်ကောင်းမည်။ စကားပြောမှားတတ်၍မိတ်ဆွေများနှင့် စိတ်ဝမ်းကွဲစေနိုင် ပေသည်။ မျက်နှာ၊ ပါးစပ်တွင် အပူကန်အနာပေါက်ခြင်းနှင့် သွားကျိုးခြင်း ခွဲစိတ်ခြင်း ဖြစ်တတ်ပေသည်။ လုပ်ငန်းပိုင်းတိုးချဲ့မှုဖြစ်ထွန်းပေမည်။ အချစ်ရေးအဆင်ပြေမည်။ အိမ်ထောင်ပြုရေးအထိ စဉ်းစားရတတ်ပါသည်။ အနုပညာလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း အောင်မြင်စေမည်။

ယတြာ – ဆွမ်းကပ်လှူပါ။

တူရာသီဖွား (စက်တင်ဘာလ ၂၃ရက်နေ့မှ အောက်တိုဘာလ ၂၂ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် ဘာလုပ်လုပ် သည်းခံစိတ်ဖြင့် ကြိုးစားလုပ်ကိုင်သင့်ပေသည်။ စနေ၊ အင်္ဂါနေ့များတွင် ခရီးမသွားသင့်ပေ။ ပညာရေး အထူးပင်ကောင်းမွန်ပေမည်။ အရည်အသွေး တောက်ပြောင်စေတတ်သည်။ ဘွဲ့၊ ဘွဲ့လွန် စားတမ်းပြု အဆင်ပြေမည်။ အချစ်ရေး ရုပ်အဆင်းရှိသူ တွေ့မည်။ အိမ်ထောင်ရှင်တို့ ပြဿနာများတတ်၍သတိထားသင့်ပေသည်။ မြေ၊ ခြံတို့ ပိုင်း၍ခွဲဝယ်ယူခြင်း အကျိုးရှိစေတတ်ပေသည်။ ရွှေဈေးများ ဇူလိုင်၊ သြဂုတ်တက်မည်။ ဈေးကောင်းရလိမ့်မည်။

ယတြာ – အမွှေးတိုင် (၃)တိုင် လှူပါ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာလ ၂၃ ရက်နေ့မှ နိုဝင်ဘာလ ၂၂ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် ပြောဆို လုပ်ကိုင်မှုသတိပြုပါ။ စေတနာအမှား ပါတတ်သော်လည်း ဒုက္ခများစေတတ်ပါသည်။ စက်၊ ဟန်းဖုန်း စသည်တို့ ပျက်တတ်ပေသည်။ အလုပ်သမား ဒုက္ခပေးတတ်၍သတိထားသင့်ပေသည်။ ဆေးရုံ၊ ဆေးခန်း ကိစ္စတို့ လိုက်ပါဆောင်ရွက် ရတတ်သည်။ ဥပဒေမကင်းပစ္စည်း မှား၍ဝယ်ယူမိတတ် ပေသည်။ ပညာရေး မပေါ့ဆသင့်ပေ။ အချစ်ရေး ကောင်းသော်လည်း ကိုယ်တိုင် အနေအထိုင် ပြုပြင်ပါ။ လူအများနှင့် တည်အောင် နေသင့်ပေသည်။

ယတြာ – နဂါးမောက်သီး လှူပါ။

ဓနုရာသီဖွား (နိုဝင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် စုပေါင်းကြိုးစားမှုဖြင့် အရောင်းအဝယ် အခြေအနေကောင်းကို အပြည့်အဝ ရရှိလာပေမည်။ လုပ်ငန်းဖြစ်ထွန်းမည်။ ထီပေါက်စေမည်။ အဆောက်အဦးဆောက်လုပ်ခြင်း အဆင်ပြေပါလိမ့်မည်။ အမွေအနှစ် ဥစ္စာပစ္စည်း ရရှိစေတတ်ပေသည်။ ပညာရေး မပေါ့ဆသင့်ပါ။ အဆောင်တွင်း သူခိုးဝင်စေတတ် ပေသည်။ ရေလမ်းခရီး အကျိုးရှိမည်။ အနုပညာအလုပ် အောင်မြင်ပေမည်။ အချစ်ရေး အထူးစန်းပွင့်ပြီး ရုပ်အဆင်းရှိသူ ဆုံတတ်ပေသည်။ ဘာသာစကားသင်တန်း အကျိုးရှိပေမည်။

မကာရရာသီဖွား (ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ဇန္န၀ါရီလ ၂၁ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် အလုပ်အကိုင် အတိုက်အခိုက် အနှောက်အယှက် ရှိပေသည်။ အိမ်တွင်ရေး ပြဿနာတချို့ လုပ်ငန်းတွင်းအထိ ရောက်ရှိလာတတ်ပေသည်။ မိတ်ဆွေများနှင့် စိတ်ဝမ်းကွဲစေတတ်ပါသည်။ ပေါက်ကွဲတတ်သော နေရာဒေသ သွားလာခြင်းရှောင်သင့်ပါသည်။ လုပ်ငန်းချဲ့ခြင်း စွန့်စားခြင်း သတိပြုသင့်ပေသည်။ ပညာရေး စိတ်ရှည်ရှည်ထား၍ကြိုးစားသင့်ပေသည်။ အချစ်ရေး ချောမွေ့မှုရှိပေမည်။ အိမ်ထောင်ရေး အရှုပ်အထွေးပြဿနာထဲ ရောက်ရှိလာတတ်ပေသည်။ အိမ်ထောင်ရှင်များနှင့် ညှိတတ်ပေသည်။

ကုမ်ရာသီဖွား (ဇန္န၀ါရီလ ၂၂ရက်နေ့မှ ဖေဖောဝါရီလ ၁၈ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် ယခင်ထက်များစွာ ကြိုးစားရန် လိုအပ်ပေသည်။ မိဘကျန်းမာရေး အားနည်းချက် ရှိစေတတ်ပေသည်။ ပညာရေးအထူးပင် ကောင်းမွန်တိုးတက်မှုရှိစေတတ်ပေသည်။ ချေးငွေကိစ္စအဆင်ပြေသော်လည်း လုပ်ငန်းအောင်မြင်ရန် ကြိုးစားယူရလိမ့်မည်။ အချစ်ရေး အဆင်ပြေမည်။ အဖြေတောင်းခြင်းအတွက် ပျော်ရွှင်ရတတ်ပေသည်။ ကိုယ်တိုင်စိတ်မပြောင်းရန် အရေးကြီးသည်။ ကံစမ်းထီထိုးပါ။ ကျန်းမာရေးတွင် နှလုံးပိုင်းနှင့် အသည်းပိုင်းဂရုပြုပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ကြားမွေးဖွားသူများ)

သင့်အတွက် ပညာအရည်အသွေး တောက်ပြောင်လာပေမည်။ အဓိဌာန် အောင်မြင်စေမည်။ အိမ်ထောင်ရှင်တို့ သားသမီးရတနာ ရရှိစေတတ်ပေသည်။ ရပ်ဝေးပြည်ပခရီး အဆင်ပြေစေပါမည်။ နိုင်ငံခြားသားနှင့် ဆက်ဆံရေး အဆင်ချောပေမည်။ ကျန်းမာရေးပိုင်း ဝမ်းသွားလမ်းကြောင်း သတိထားပါ။ မိဘလုပ်ငန်းတချို့ ကူညီနိုင်မည်။ ပတ်ဝန်းကျင်နေရာသစ် ပြောင်းလဲရောက်ရှိမှုအကျိုးရှိစေလိမ့်မည်။ အဆောက်အဦးရောင်းဝယ်မှုအကျိုးရှိတတ်ပေသည်။ အချစ်ရေးလက်တွဲရန် ရွေးချယ်မှုကောင်းမွန်မှန်ကန်ပေမည်။

ယတြာ – သပြေ (၅)ညွန့်လှူပါ။

By: ဒေါက်တာမြတ်သစ်(မန္တလေး)

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။