ဂန္တ၀င်ဗေဒင်(ဧပြီလ၊၂၀၁၄)

blank

aries

မိဿ ရာသီဖွား (မတ်လ ၂၁ – ဧပြီလ ၂၀ )

သင့်အတွက် လူမှုရေး၊ စေတနာ့ဝန်ထမ်းကိစ္စတို့ လိုက်ပါကူညီရတတ်ပေသည်။ ဆေးခန်း၊ဆေးရုံကိစ္စတို့ ပေါ်စေတတ်ပေသည်။ စိတ်ပင်ပန်းစေမည်။ မိတ်ဆွေကောင်း အဖော်မွန် နည်းပါးစေလိမ့်မည်။ အတုအယောင် အထူးများစေမည်။ ပညာရေးစိတ်တိုင်းမကျတတ်ပေ။ အထူးသဖြင့် သဘောကျသော ဆရာကောင်းနည်းပါး၍ ပြောင်းလဲလိုစိတ် ကြီးမားနေတတ်ပေသည်။ အချစ်ရေးရှုပ်ထွေးမည်။ ရန်ပေါ်မည်။ အိမ်ထောင်ရှင်တို့ ယောကျာ်းအပေါ် စိတ်ချယုံကြည်မှု နည်းပါးလိမ့်မည်။
ယတြာ – ဆေးဝါးကုသိုလ်ပြုပါ။



taurus

ပြိဿရာသီဖွား (ဧပြီလ ၂၁ – မေလ ၂၁)

သင့်အတွက် နေရာ၊ အိမ်ယာ၊ အခန်း၊ အဆောင် အပြောင်းအလဲတို့ကို ကြုံတွေ့လာရမည့် အစီအစဉ်မြင်သည်။ မိသားစု ပြန်လည်ဆုံတွေ့စေတတ်သည်။ ကုသိုလ်ရေးပါဝင်လုပ်ဆောင်မည်။ အသုံးစရိတ် အထူးများလိမ့်မည်။ အလုပ်အကိုင်၊ အကြံအစည် အောင်မြင်စေတတ်ပေသည်။ စုပေါင်းခရီးရှည်သွားခြင်း အကျိုးရှိစေလိမ့်မည်။ ထီထိုးသင့်သည်။ ပညာရေး အခြေအနေကောင်းမွန်စေတတ်သည်။ သင်တန်းတတ်ရောက်ခြင်းဖြင့် မိမိအကြံအစည်တို့ အဆင်ပြေပါလိမ့်မည်။ အချစ်ရေးအထူးစန်းပွင့်စေလိမ့်မည်။ သူငယ်ချင်းကောင်းတို့၏ ကူညီမှု ရရှိစေတတ်ပေသည်။
ယတြာ – ဘရာကြော်လှူပေးပါ။



gemini

မေထုန်ရာသီဖွား (မေလ ၂၂ – ဇွန်လ ၂၁)

သင့်အတွက် အလုပ်အကိုင်၊ အကြံအစည်တို့ အောင်မြင်မှုများသော ကာလတစ်ခုပင်ဖြစ်ပေလိမ့်မည်။ စာရေးစာဖတ်ခြင်း၊ စည်းရုံးခြင်းတို့ အောင်မြင်သောကာလပင် ဖြစ်ပေလိမ့်မည်။ အသိအမြင်၊ အတွေးအခေါ် မြင့်မားမှုရှိသော်လည်း တချက်တချက် အတွေးချော်တတ် အတွေးခေါင်တတ်သည်။ အဆင့်မြင့်ပညာဘွဲ့၊ ဘွဲ့လွန်တို့အတွက် အကျိုးများပေလိမ့်မည်။ ထီထိုးပေးပါ။ အချစ်ရေးမျက်နှာမများသင့်ပါ။ မထင်မှတ်သော ကိုယ်ဝန်ရှိကိစ္စ ကြုံစေတတ်ပေသည်။ ကားစီးခရီးသွားသတိပြုပါ။
ယတြာ – ကြေးစည် (၉)ချက်တီးလှူပါ။



cancer

ကရကဋ်ရာသီဖွား (ဇွန်လ ၂၂ – ဇူလိုင်လ ၂၂)

သင့်အတွက် မိသားစုအရေးကိစ္စတို့ကြောင့်ပင်လျှင် ပျော်ရွှင်မှုနည်းပါးစေတတ်ပေသည်။ မိခင်ကျန်းမာရေးသတိပြုစေလိုပါသည်။ မြေ၊ယာကိစ္စ အမှုအခင်း၊ အရှုပ်အထွေး ရင်ဆိုင်ရဆဲပင် ဖြစ်တတ်ပေသည်။ ပြည်ပပညာသင်ကြားမှု ဆက်လက်၍ မသေချာ၊မရေရာဖြစ်မည်။ ငွေအကုန်အကျ အထူးများဆဲအချိန်ဖြစ်လိမ့်မည်။ အချစ်ရေးစိတ်မပါ သဘောမတွေ့ရှိလာတတ်ပေသည်။ ဆရာသမားများနှင့် ဆက်ဆံရေးချောမွေ့မှု မရှိတတ်ပေ။
ယတြာ – အချိုရည်ကုသိုလ်ပြုပါ။



leo

သိဟ်ရာသီဖွား (ဇူလိုင်လ ၂၃ – သြဂုတ်လ ၂၂)

သင့်အတွက် တပါးသူ အရှုပ်ပြဿနာကိစ္စထဲ ပါဝင်မိတတ် စိတ်ညစ်ရတတ်ပေသည်။ ငွေကြေးပြဿနာတို့ ကြုံတွေ့လာတတ်ပေသည်။ စက်ပစ္စည်းဝင်သော်လည်း အဝယ်မှားတတ်၍ သတိပြုသင့်သည်။ အပူသည် ဒုက္ခရောက်သူ အိမ်တွင်းရောက်ရှိစေမည်။ ပညာရေးကောင်းမွန်စေမည်။ အချစ်ရေးစန်းပွင့်စေပြီး လက်ထပ်ရေးကိစ္စတို့ ပေါ်ပေါက်စေတတ်ပါသည်။ သားသမီးရလွယ်မှု၊ ကလေးတစ်ယောက်နှင့် တစ်ယောက်နီးကပ်စွာ မွေးတတ်၍ သတိပြုသင့်သည်။ ပြည်ပအလည်အပတ်ခရီး အဆင်ပြေစေမည်။
ယတြာ – ဆွမ်းကပ်လှူပါ။



virgo

ကန်ရာသီဖွား (သြဂုတ်လ ၂၃ – စက်တင်ဘာလ ၂၂)

သင့်အတွက် ကောင်းမှုကုသိုလ်၊ သီလဒါနတို့ဖြင့် စိတ်ကျေနပ်မှုရရှိသော ကာလတစ်ခုဖြတ်သန်းရတတ်သည်။ ခေတ္တတရားအားထုတ်ခြင်းတို့ အဆင်ပြေမည်။ ပတ်ဝန်းကျင်သစ်တွင် ကျေနပ်မှုရရှိ၍ ခွန်အားသစ်တစ်ခု ရရှိလာစေတတ်ပေသည်။ မြေ၊ယာ ပြဿနာများ အဆင်မချောနိုင်သေးပါ။ လူမှုရေး၊ ငွေကြေးကိစ္စတို့ သတိပြုသင့်ပေသည်။ အချစ်ရေးချောမွေ့မှု နည်း၏။ အပြီးအပြတ်မရှိ ဖြစ်နေတတ်ပေသည်။ အနုပညာလုပ်ငန်းပညာရှင်တို့ သင့်တင့်စွာ တိုးတက်မှုရှိမည်။
ယတြာ – ဆန်လှူပေးပါ။



libra

တူရာသီဖွား (စက်တင်ဘာလ ၂၃ – အောက်တိုဘာလ ၂၂)

သင့်အတွက် ကြိုးစားမှုတို့ အရာမရောက်တတ်ပေ။ လွဲမှားသောအတွေးအမြင်ကြောင့်ပင်လျှင် ငွေကုန်များတတ်သည်။ အလုပ်အကိုင်၊ အကြံအစည်များ အသစ်ထူထောင်ရတတ်ပေသည်။ အသစ်သစ်သော အလုပ်တို့ ပေါ်စေလိမ့်မည်။ ဆိုင်နေရာအသစ်တို့ ရရှိစေတတ်ပေသည်။ စိတ်ရောလူပါ ပင်ပန်းစေလိမ့်မည်။ လုပ်ငန်းတွင်း ဝန်ထမ်း၊ အလုပ်သမား မတည်မြဲတတ်ပေ။ ရပ်ဝေးလုပ်ငန်း အဆက်အသွယ်သစ် ရရှိလိမ့်မည်။ အချစ်ရေး၊ မိမိထက်အဆင့်နိမ့်သူတို့နှင့် ဆုံတွေ့သံယောဇဉ် ဖြစ်တတ်ပေသည်။ ရပ်ဝေးပြည်ပသို့ အလည်အပတ်ခရီးစဉ် ပေါ်စေတတ်ပေသည်။
ယတြာ – နှင်းဆီနီ(၅)ပွင့် လှူပါ။



scorpio

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာလ ၂၃ – နိုဝင်ဘာလ ၂၂)

သင့်အတွက် ရပ်ဝေးနေထိုင် လုပ်ကိုင်မှုမှ မိသားစုထံရောက်ရှိလာစေတတ်ပေသည်။ အိမ်၏ စီးပွားအခက်အခဲတို့ ကြုံတွေ့ရင်ဆိုင်ရဆဲဖြစ်တတ်ပေသည်။ တိုက်ခန်း၊ အဆောက်အဦး၊ နေရာအမွေအနှစ်ပြဿနာတို့ကို ရင်ဆိုင်ရတတ်ပေသည်။ အမှုအခင်းအတွက် စိတ်မောရမည်။ ပညာရေးအတွက် တော်တော်ရုန်းကန်ရတတ်ပေသည်။ ငွေကိုချွေတာ၍ သုံးစွဲသင့်ပေသည်။ လုပ်ငန်းတွင်း အကြီးအကဲအပြောင်းအလဲကြုံ၍ ဂရုစိုက်လုပ်ကိုင်ရတတ်ပေသည်။ စနေ၊ကြာသပတေးနှင့် သတိထားဆက်ဆံသင့်ပေသည်။ အချစ်ရေးပျော်ရွှင်လန်းဆန်းမှု မရှိတတ်ပေ။ မိဘနှင့် အဆင်ပြေအောင်နေသင့်သည်။
ယတြာ – ရေကုသိုလ်ပြုပေးပါ။



sagittarius

ဓနုရာသီဖွား (နိုဝင်ဘာလ ၂၃ – ဒီဇင်ဘာလ ၂၁)

သင့်အတွက် လုပ်ငန်းတွင်း အနှောက်အယှက်၊ အပျက်အစီးတို့ ရင်ဆိုင်ရဆဲပင် ဖြစ်ပေမည်။ လျှပ်စစ်ကြောင့် မီးကို သတိထားသင့်ပေသည်။ စက်ရုံ၊ အလုပ်ရုံ လုပ်ကိုင်သူတို့ အထူးပင်သတိထားသင့်ပေသည်။ ရေလမ်း၊ ကုန်းလမ်းသွားလာမှု ဂရုစိုက်သင့်ပေသည်။ လူမှုရေးပျက်ကွက်၍ စိတ်မောရတတ်ပေသည်။ ပညာရေးတိုးတက် ကောင်းမွန်မှုကြောင့် စိတ်ပျော်ရွှင်မှု ရရှလာစေတတ်ပေသည်။ စက်၊ယာဉ်၊ ဆိုင်ကယ် အပြောင်းအလဲတို့ ဖြစ်ပေါ်စေတတ်ပေသည်။ အချစ်ရေးအဆင်ပြေမည်။ အိမ်ထောင်ရေးကောင်းမွန်စေလိမ့်မည်။ အပျော်အပါးများတတ်၍ လျော့သင့်သည်။
ယတြာ – အုန်းပင်ပေါက်စိုက်လှူပါ။



capricorn

မကာရရာသီဖွား (ဒီဇင်ဘာလ ၂၂ – ဇန္န၀ါရီလ ၂၁)

သင့်အတွက် အလှအပဖြစ်များ ဆက်တိုက်ဝင်စေတတ်ပေသည်။ လက်ဝတ်ရတနာများ အထိ ဝင်ရန်မြင်ပေသည်။ ခရီးရှည်အစီအစဉ်ချောမွေ့လိမ့်မည်။ ပညာရေးတိုးတက်မှုရှိစေတတ်ပေသည်။ အရောင်းအဝယ် အနည်းငယ်တိုးတက်မည်။ သင်တန်းတက်ရန် စိတ်ကူးပျက်ပြားတတ်သည်။ ဘာသာစကားနှင့် နိုင်ငံခြားစားမေးပွဲ ကောင်းမွန်စေတတ်ပါသည်။ လက်ထဲငွေရသလောက် ပြန်ထွက်စေလိမ့်မည်။ အချစ်ရေးစိတ်ကြိုက် မတွေ့၍မတည်မြဲတတ်ပါ။ ခိုင်မြဲမှုမရှိတတ်ပေ။ လူမှုရေးတာဝန်ကျေပြွန်လိမ့်မည်။ လူကြီးမိဘ ကျန်းမာရေးညံ့စေမည်။ ကလေးငယ်များဂရုစိုက်ထိန်းပါ။
ယတြာ – ခေါင်းလျှော်ရည် ကုသိုလ်ပြုပါ။



aquarius

ကုမ်ရာသီဖွား (ဇန္န၀ါရီလ ၂၂ – ဖေဖောဝါရီလ ၁၈)

သင့်အတွက် အပင်ပန်းခံကြိုးစားလုပ်ဆောင်ထားသော အလုပ်တို့ကို မထင်မှတ်ဘဲ ရပ်ဆိုင်းပြစ်တတ်သည်။ ခံစားခွင့်အောင်မြင်မှု နည်းပါးသောကာလပင် ဖြစ်ပေလိမ့်မည်။ အချိန်အခါမဟုတ် မိုးကြီးသည်းထန်မှုကြောင့် ပစ္စည်းအလေလွင့် ပျက်စီးတတ်ပေသည်။ အကြံအစည်သစ်တို့ လုပ်ဆောင်ရန်စိတ်ကူးအသစ်တို့ ပေါ်ပေါက်စေတတ်ပေသည်။ သားသမီးများအတွက် အကုန်အကျဆက်လက်ရှိစေတတ်ပေသည်။ ဆွေမျိုးသားချင်း ဒုက္ခပေးခြင်းတို့ဆက်၍ ကြုံတွေ့ပေမည်။ အချစ်ရေးမတည်မြဲသလို စိတ်ပါလိုက် မပါလိုက် ဖြစ်တတ်ပေသည်။
ယတြာ – ဆပ်ပြာကုသိုလ်ပြုပါ။



pisces

မိန်ရာသီဖွား (ဖေဖော်ဝါရီလ ၁၉ – မတ်လ ၂၀)

သင့်အတွက် ခရီးများစေမည်။ တရားဓမ္မအဓိဌာန်ဝင်ခြင်းလည်း လုပ်ဆောင်ရတတ်ပေသည်။ အသုံးစရိတ်အထူးပင်များပေလိမ့်မည်။ စာရေးစာဖတ်ခြင်း အကျိုးရှိစေတတ်ပေသည်။ ခရီးရှည်စုပေါင်းသွားခြင်းတို့ အဆင်ပြေမည်။ ကလေးငယ်ကျန်းမာရေး ညံ့စေတတ်ပေသည်။ တပည့်လက်အောက် ဒုက္ခပေးတတ်သည်။ အခန်းဖော်၊ အတူနေသူတို့နှင့် စိတ်ဝမ်းကွဲတတ်သလို အခန်းရွှေ့ပြောင်းခြင်းတို့ ကြုံစေတတ်ပေသည်။ ပညာရေးအထူးပင် အကျိုးရှိဖြစ်ထွန်းအောင်မြင်ပါမည်။ အချစ်ရေးမျက်နှာများစေတတ်ပေသည်။ လျှို့ဝှက်ကိစ္စများ လုပ်ဆောင်မိတတ်သည်။
ယတြာ – စာအုပ်ကုသိုလ်ပြုပါ။


BY: ဒေါက်တာမြတ်သစ်(မန္တလေး)

တင်ဆက်ထားသော ဗေဒင် သင်. အတွက်မှန်တယ်ဆိုရင် share လုပ်ပေးပါဦးနော်။