၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ
မိဿရာသီဖွား ( မတ် ၂၁ – ဧပြီ ၁၉ အတွင်း မွေးဖွားကြသူများ )
ယခုတစ်ပတ်တာအနေနဲ့ သင့်စိတ်ထဲက ဖြစ်ချင်တဲ့ဆန္ဒတချို့ ဖြစ်နိုင်ခြေရှိပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့မှာ သင်သဘောကျနေတဲ့သူရဲ့ အာရုံစိုက်မှုကို ရလာနိုင်ပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့မှာတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာလေးတွေ အနည်းငယ်ရှိနိုင်ပါတယ်။ သင်က လူတွေထင်ထားတာထက် နွေးထွေးမှု ပိုရှိတဲ့သူတစ်ယောက်လို့ လူတွေက ထင်မြင်ကြလိမ့်မယ်။ အချစ်ရေးမှာ ဖိအားတွေ မရှိတာက ကံကောင်းနေပါတယ်။
ယတြာ – တစ်ယောက်ယောက်ကို သောက်ရေသန့်လှူပြီး ဆုတောင်းပါ။
ပြိဿရာသီဖွား ( ဧပြီ ၂ဝ – မေ ၂ဝ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာ သင့်အကြိုက်မဟုတ်တဲ့ပုံစံနဲ့လူများက သင့်ကို ချည်းကပ်လာနိုင်ပါတယ်။ တစ်ခါတလေ သင့်ဘဝမှာ အချစ်ဆိုတဲ့အရာကို အသုံးချဖို့ တွေးနေမိတတ်ပါတယ်။ သင်ခါတိုင်းတွေးထင်နေကြလိုမျိုး သူတစ်ပါးစိတ်ထဲက အချစ်ကို လွယ်လွယ်နဲ့ လျှော့မတွက်စေမိဖို့ အရေးကြီးပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံသစ်တွေလည်း ကြုံနိုင်ဖွယ် ရှိပါတယ်။ ကံကောင်းတာကတော့ သင့်အချစ်ရေးကို ခြယ်လှယ်မယ့်သူမရှိတာပဲ ဖြစ်ပါတယ်။
ယတြာ – သင်ချစ်တဲ့သူတစ်ယောက်ယောက်အား ဖုန်းဘေလ်ဖြည့်ပေးပါ။
မေထုန်ရာသီဖွား ( မေ ၂၁ – ဇွန် ၂ဝ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာ သင့်အနေနဲ့ တစ်ဦးဦးကို စိတ်ထဲကနေ စွဲလန်းစိတ်ဖြစ်ပေါ်နေပါတယ်။ တစ်ခါတလေမှာ အချစ်ဆိုတဲ့အရာကို စိတ်ပျက်မိတဲ့စိတ် ဖြစ်တတ်သလို အချစ်ဆိုတာကို လက်မလွတ်နိုင်ဘူးလည်း ဖြစ်တတ်ပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့မှာတော့ အချစ်ကြောင့် စိတ်ညစ်ရတာမျိုးလေးတွေ ရှိနိုင်တယ်။ ပြီးတော့ အတိတ်ကအကြောင်းတွေကို အခုတလောတွေးနေပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး သင်ခန်းစာတချို့ကို သင်ယူနေမိတဲ့အချိန်လည်း ဖြစ်ပါတယ်။
ယတြာ – ခုနှစ်ရက်သားသမီးများအား အေးချမ်းပါစေကြောင်း မေတ္တာပို့ပါ။
ကရကဋ် ရာသီဖွား ( ဇွန် ၂၁ – ဇူလိုင် ၂၂ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာ ချစ်သူရှိတဲ့သူများအနေနဲ့ နောင်ရေးကို ဆွေးနွေးဖို့ရန် အချိန်ကောင်းဖြစ်ပါလိမ့်မယ်။ တစ်ကိုယ်တည်း သမားများကတော့ ကိုယ်ချစ်တဲ့သူတွေရဲ့ အချစ်ကို ရရှိဖို့ ကြိုးစားနေမိပါလိမ့်မယ်။ အချစ်ရေးကြောင့် ငွေကို ပိုသုံးမိတာ၊ သို့မဟုတ် ဖြုန်းမိတဲ့ကိစ္စမျိုးတွေ ရှိနိုင်ပါတယ်။ အချစ်ရေးမှာ သင်ကပဲ ဦးဆောင်ပြီး ခြယ်လှယ်ချင်တဲ့စိတ်တွေ ရံဖန်ရံခါ ဖြစ်နေတတ်ပါလိမ့်မယ်။
ယတြာ – ကိုယ့်ထက်ငယ်သူတစ်ဦးဦးအား အသည်းပုံမုန့်ဝယ်ကျွေးလိုက်ပါ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
သိဟ် ရာသီဖွား ( ဇူလိုင် ၂၃ – သြဂုတ် ၂၂ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာ သင့်အနေနဲ့ အချစ်ရေးမှာ အကောင်းမြင်တဲ့စိတ်တွေ ရှိနေပါလိမ့်မယ်။ အလုပ်ကိစ္စနဲ့ အချစ်ရေးကြား ဗျာများနေတတ်တဲ့ ကာလလေးလည်း ဖြစ်ပါတယ်။ ဘဝမှာ ကြုံရတဲ့ စိတ်ဖိစီးမှုတချို့ကြောင့် အချစ်ရေးမှာ တစ်ခါတလေ စိတ်ပင်ပန်း ရတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ သင်ချစ်ရတဲ့သူနဲ့အတူတူ ပျော်ရွှင်တဲ့ အချိန်အခါလေးတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။
ယတြာ – ခိုစာကျွေးရင်း အချစ်ရေးအဆင်ပြေစေကြောင်း ဆုတောင်းပါ။
ကန် ရာသီဖွား ( သြဂုတ် ၂၃ – စက်တင်ဘာ ၂၂ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာ သင့်အချစ်ရေးက ရင်ခုန်စိတ်လှုပ်ရှားဖွယ်အခြေအနေမျိုးလေးတွေ ကြုံတွေ့နိုင်ပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့မှာ အလုပ်လုပ်ချင်စိတ်မရှိဘဲ သင်ချစ်တဲ့သူအတွက် စိတ်ကူးများနဲ့ အချိန်ကုန်နိုင်ဖွယ်ရှိပါတယ်။ သင်ချစ်တဲ့သူကို စိတ်ထဲမှာ ရှိတဲ့အရာတွေ ထုတ်ဖော်ပြောဖို့ အချိန်ကောင်းလည်း ဖြစ်ပါတယ်။ အချစ်ဟာ သင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် လာနေတာမို့ ပြုံးပြီး ဆီးကြိုသင့်ပါတယ်။
ယတြာ – နှင်းဆီပွင့်ဖတ်များကို ရေချိုးကန်ထဲစိမ်ပြီး ရေချိုးပါ။
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာ သင့်အချစ်ရေးက စိတ်ကူးယဉ်ဆန်တဲ့ အဖြစ်အပျက်လေးတွေ ရှိလာနိုင်ပါတယ်။ အချစ်နဲ့ ပတ်သက်ရင် သင့်ရဲ့ အပြောအဆိုနဲ့ လုပ်ဆောင်ချက်များက တစ်ဖက်လူ စိတ်ညွှတ်ကျသွားလောက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ချစ်သူရှိတဲ့သူများအနေနဲ့ သင့်လက်တွဲဖော်ကို မိဘနဲ့ မိတ်ဆက်ပေးဖို့ အချိန်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး သာယာချိုမြိန်တဲ့အချိန်တွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
ယတြာ – သင်ချစ်တဲ့သူကို ကြင်နာဂရုစိုက်ကြောင်း စာတိုလေး သက်စေ့ ပေးပို့ပါ။
ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာတော့ အချစ်နဲ့ ပတ်သက်တဲ့ ဆွဲဆောင်မှုဓာတ်တွေ သင့်မှာ စုဝေးနေပါတယ်။ သင်ချစ်ရတဲ့သူနဲ့ ယခင်ကထက် ပိုပြီး နှစ်ဦးသဘောတူနားလည်မှု ရရှိနိုင်တဲ့ကာလလေးလည်း ဖြစ်ပါတယ်။ အချစ်ရေးမှာ လူတိုင်းဆီက အကြံပေးချက်တွေကို နားမယောင်ဘဲ ကိုယ်ကိုယ်တိုင် သေချာဆုံးဖြတ်ဆန်းစစ်သင့်ပါတယ်။ ချစ်သူနဲ့ အငြင်းအခုန် အသေးစားလေးတွေ ဖြစ်နိုင်တာမို့ စကားပြောရင် ပြေပြေလည်လည် ပြောဖို့ သင့်အနေနဲ့ ပြင်ဆင်ထားသင့်ပါတယ်။
ယတြာ – ချစ်သူကိုယ်စား ဘုရားသောက်တော်ရေ ကပ်လှူပေးပါ။
ဓနုရာသီဖွား ( နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာတော့ သင့်အချစ်ရေးက အေးဆေးတည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ချစ်သူရှိတဲ့သူများအနေနဲ့ နှစ်ဦးကြားမှာ ပြောဆိုဆက်ဆံရေးတွေ အနည်းငယ်စိမ်းနေတတ်ပါတယ်။ ဒါပေမဲ့ သင့်လက်တွဲဖော်က သင့်ကို အဆုံးစွန်ထိ နားလည်ပေးတတ်တာမို့ သင်ကံကောင်းပါတယ်။ တစ်ခါတလေ စိတ်ကစားတတ်ပေမဲ့ ချစ်ရမှာ ပျင်းနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။
ယတြာ – အသည်းပုံရင်ထိုး လက်ဆောင်ပေးပါ။
မကာရ ရာသီဖွား ( ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာ သင့်အချစ်ရေးက အလွန်ဆွဲဆောင်မှုပြင်းထန်တဲ့အချိန်ကာလ ဖြစ်နေပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့မှာ သင်ချစ်တဲ့သူက အထူးအလေးပေးဂရုစိုက်လာနိုင်ပါတယ်။ သင်သဘောကျနေတဲ့ သူတစ်ဦးဆီကနေ သင်မမျှော်လင့်ထားတဲ့ အဖြစ်အပျက်မျိုး တစ်ခုခုတုံ့ပြန်လာနိုင်ပါတယ်။ ချစ်သူရှိတဲ့သူများအနေနဲ့ ပိုခိုင်မြဲသာယာတဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်ဖို့ နှစ်ဦးနှစ်ဖက် ပိုမို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။
ယတြာ – သင်ချစ်တဲ့သူတစ်ဦးဦးကို ပန်းသီးတစ်လုံးကျွေးလိုက်ပါ။
ကုမ် ရာသီဖွား ( ဇန်နဝါရီ ၂ဝ – ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာ သင့်အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ခံစားခဲ့ရတဲ့ဒဏ်ရာတွေကို ပြန်လည်ဆန်းစစ်ပြီး ကုစားဖို့ အချိန်ကောင်းဖြစ်ပါတယ်။ အတိတ်က နာကျင်မှုတွေကို ပြန်လည်မပူဆွေးနေဘဲ မေ့ပစ်သင့်ပါတယ်။ သင့်စိတ်ထဲမှာ နောက်ထပ် အချစ်သစ်ကို တည်ဆောက်ဖို့ထက် လက်ရှိစိတ်ခံစားချက်ကို သုံးသပ်သင့်ပါတယ်။ ပူပင်သောက တချို့ရင်ထဲမှာ ရှိနေတတ်တာမို့ အချစ်ရေးမှာ အနှောင့်အယှက်အနည်းငယ်ဖြစ်တတ်ပါတယ်။
ယတြာ – စိတ်ငြိမ်းချမ်းအောင် တရားထိုင်ပါ။
မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၁၉ – မတ် ၂ဝ အတွင်း မွေးဖွားကြသူများ)
ယခုတစ်ပတ်တာမှာ သင့်အချစ်ရေးက ပုံမှန်ပါပဲ။ သူငယ်ချင်းတွေကို အချစ်အကြောင်း ရင်ဖွင့်မယ်ဆိုရင် သတိထားပြီး စကားပြောဆိုပါ။ သင်ချစ်တဲ့သူနဲ့ ပတ်သက်ပြီး အနာဂတ်အတွက် အစီအစဉ်တွေ ဆွဲနေတတ်ပါတယ်။ သင့်ကို အချစ်ရေးနဲ့ ပတ်သက်ပြီး ကူညီမယ့်လူတစ်ဦးဦးနဲ့ ဆုံတွေ့ကောင်းဆုံတွေ့နိုင်ဖွယ်ရှိပါတယ်။
ယတြာ – အနီရောင်အင်္ကျီတစ်ထည် လက်ဆောင်ပေးပါ။
ဒီအပတ်အတွက် ဗေဒင်လေးက သင့်အချစ်ရေးနဲ့ တိုက်ဆိုင်မှုရှိလား။ သူငယ်ချင်းတွေအတွက်လည်း မျှဝေပေးလိုက်ပါဥ◌ီးနော်။