၂ဝ၂၁ မှာ အချစ်ရေး ကံကောင်းမယ့် ရာသီဖွားများ

blank
ပြိဿ ရာသီဖွား ( ဧပရယ် ၂ဝ -မေ ၂ဝ အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟာ ပြိဿရာသီဖွားတွေအတွက် အချစ်ရေးနဲ့ အိမ်ထောင်ရေးက ဘဝအတွက် အရေးအပါဆုံးအရာ တစ်ခု ဖြစ်ပါလိမ့်မယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ယခင်နှစ်များက ကံဇာတာမှေးမှိန်ခဲ့ပေမယ့် ယခုနှစ်တွေမှာ ကောင်းမွန်တဲ့ အရာတွေကို ရွေးချယ်နိုင်ပါလိမ့်မယ်။ ပြိဿရာသီဖွားများနဲ့ လိုက်ဖက်တဲ့ရာသီဖွားများကတော့ ကန်ရာသီဖွား၊ မကာရ ရာသီဖွားနဲ့ ဗြိစ္ဆာရာသီဖွားတို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကရကဋ်ရာသီဖွားနဲ့ မိန်ရာသီဖွားတို့နဲ့ အထူးချစ်ကြိုက်နိုင်တဲ့ အခွင့်အရေးက ပိုများပါတယ်။

ကရကဋ် ရာသီဖွား ( ဇွန် ၂၁ – ဇူလိုင် ၂၁ အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ်မှာ ကရကဋ် ရာသီဖွားတွေအတွက် ချစ်ခြင်းမေတ္တာဟာ ကောင်းမွန်တဲ့ ရှုထောင့်တစ်ခုကနေ တည်ရှိ နေမှာပါ။ ချစ်သူခင်သူပိုပေါများမယ့် နှစ်ကာလလေးမို့ သမီးရည်းစား၊ အိမ်ထောင်ဖက်မရှိရင်တောင် ပျော်ရွှင်နေမှာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံတော့ အချစ်ရေးမှာ စိတ်အတက်အကျလေးတွေ ရှိနိုင်ပါတယ်။ ချစ်သူရှာဖွေမယ်ဆိုရင်လည်း ကံတရားက သင့်ကို ကူညီမယ့်နှစ်ပါ။ ကရကဋ် ရာသီဖွားများရဲ့ လိုက်ဖက်တဲ့သူတွေ ကတော့ ဗြိစ္ဆာရာသီဖွားနဲ့ မိန်ရာသီဖွားတို့ပဲ ဖြစ်ပါတယ်။ မကာရ ရာသီဖွားတွေကတော့ လေးနက်ယုံကြည်တဲ့ချစ်ခြင်းများနဲ့ သင့်ကို ပိုပြီး ချစ်နိုင်ပါတယ်။

သိဟ် ရာသီဖွား ( ဇူလိုင် ၂၃ – သြဂုတ် ၂၃ အတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ်မှာ သိဟ်ရာသီဖွားတွေရဲ့ အချစ်ရေးက မနှစ်ကထက် ပိုကံကောင်းလာပါပြီ။ သင့်လက်တွဲဖော်ကို ရှာဖွေတွေ့ရှိနိုင်တဲ့ အချိန်ကာလဖြစ်ပြီး သင်မျှော်လင့်တဲ့ချစ်ခြင်းမျိုးက သင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာနိုင်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး သင့်စိတ်ထဲက အကြောင်းအရာများကို အကောင်အထည်ဖော်အောင် သေချာအစီအစဉ်ဆွဲတတ်သူမို့ အတားအဆီးအခက်အခဲများကို အကုန်ဖြတ်ကျော်နိုင်မှာပါ။ သိဟ် ရာသီဖွားနဲ့ လိုက်ဖက်တဲ့ ရာသီဖွားများကတော့ မိဿရာသီဖွား၊ မေထုန်ရာသီဖွားနဲ့ ဓနုရာသီဖွားတို့ပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တူ ရာသီဖွား ( စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ်က တူရာသီဖွားတွေရဲ့ အချစ်ရေးသာမက လူမှုပေါင်းသင်းဆက်ဆံရေးမှာပါ အလွန်ကောင်းမွန်ပြီး စိတ်ဓာတ် အလွန်တက်ကြွမှုရှိတဲ့ နှစ်တစ်နှစ်ပါ။ မိသားစု သို့မဟုတ် သူငယ်ချင်းတွေက သင်နဲ့ လိုက်ဖက်တဲ့ သူတွေကို မကြာခဏ ချိတ်ဆက်ပေးတဲ့ အဖြစ်မျိုး တွေ့ကြုံနိုင်ပါတယ်။ မတ်လ၊ မေလ၊ ဇူလိုင်လနဲ့ စက်တင်ဘာလ များဟာ သင့်အတွက် အချစ်ရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားဖို့ကောင်းတဲ့ ကာလတွေပါ။ သင့်ပါတနာများအနေနဲ့ ကုမ်ရာသီဖွားနဲ့ မေထုန်ရာသီဖွားတို့က ရွေးချယ်ဖို့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ ကန်ရာသီဖွားတွေကတော့ သင်နဲ့ အလိုက်ဖက်ဆုံးရာသီဖွားပါပဲ။

တိုက်ဆိုင်ရင် Share လိုက်ပါအုံး…