၂ဝ၂ဝ ခုနှစ်အတွက် ဂန္ထဝင်အပတ်စဉ်ဗေဒင် ( ၂၀၂၀ ဒီဇင်ဘာလ (၂၈) ရက်နေ့မှ ၂၀၂၁ ဇန်နဝါရီလ (၃) ရက်နေ့အထိ)

blank
တနင်္လာသားသမီး

အွန်လိုင်းပေါ်မှ ဈေးဝယ်တာကို လျှော့ပါ။ ငွေကို ချင့်ချိန်သုံးစွဲသင့်တဲ့ကာလပါ။ မိသားစုကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုအနည်းငယ်ရှိနိုင်ပါတယ်။ အလုပ်ကို ကြိုးစား လုပ်သင့်တဲ့အချိန်ကာလပါ။ ခေါင်းကိုက်ဝေဒနာ သတိရှိပါ။

ယတြာ – ချို့တဲ့သူတစ်ဦးအား ငွေကြေးလှူဒါန်းထောက်ပံ့ပါ။

အင်္ဂါသားသမီး

အိမ်တွင်းရေးရာ ပြဿနာတချို့ ရှိနိုင်ပါတယ်။ စိတ်အေးအေးထားပြီး ဖြေရှင်းရင် အဆင်ပြေသွားပါလိမ့်မယ်။ နှစ်သစ်အတွက် သင်လုပ်ရမယ့်အစီအစဉ်တွေကို ပြင်ဆင်သင့်ပါတယ်။ တစ်ခါတလေမှာ သင့်အနေနဲ့ အသက်ရှုမဝသလို ဖြစ်တတ်တာမို့ လေ ဝအောင် ရှုသွင်း၊ ရှုထုတ်တဲ့ လေ့ကျင့်ခန်းများလုပ်သင့်ပါတယ်။ ကျန်းမာရေးလိုက်စားဖို့ မမေ့ပါနဲ့။

ယတြာ – အသက်ကြီးသူတစ်ဦးဦးအား ခြေသည်း၊လက်သည်းများ ညှပ်ပေးလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

ယခုတစ်ပတ်တာကာလအတွင်း ပျော်ရွှင်စရာအကြောင်းလေးတွေ ကြားတတ်ပါတယ်။ ငွေကတော့ သုံးသလောက် မလောက်တဲ့ကာလမို့ ငွေအတွက် စိုးရိမ်ပူပန်နေရတတ်ပါတယ်။ သင်အကောင်အထည်ဖော် ချင်တဲ့ ဝါသနာကို စတင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ လေနာရောဂါ သတိပြုပါ။

ယတြာ – သင်တတ်နိုင်သော ငွေပမဏအား ပံ့သကူ အလှူ လုပ်ပါ။

ကြာသပတေးသားသမီး

အခုတလော သင့်ကို စိတ်ချမ်းသာစေတဲ့ အလုပ်တွေပဲ ရွေးလုပ်နေမိပါလိမ့်မယ်။ ငွေကြေးအသုံးအစွဲနဲ့ ပတ်သက်ပြီး သေချာစီမံခန့်ခွဲမှု ရှိပါစေ။ သင့်ဘဝအတွက် ကံကြမ္မာအပြောင်းအလဲ ကြီးကြီးမားမားနဲ့ ကြုံတွေ့နိုင်ပါတယ်။ အချစ်ရေးက ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ အရိုးအဆစ်ကိုက်တတ်ပါတယ်။

ယတြာ – အိမ်နီးနားချင်းကို နှင်းဆီပန်းလက်ဆောင်ပေးလိုက်ပါ။

သောကြာသားသမီး

အချစ်ရေးအကြောင်း ဒါမှမဟုတ် စီးပွားရေးအကြောင်းနဲ့ ပတ်သက်ပြီး သင် နားစွင့်နေတဲ့ အကြောင်းများ ရှိပါလိမ့်မယ်။ အချစ်ရေးကတော့ စန်းပွင့်နေတတ်ပါတယ်။ စိတ်ဓာတ်အတက်အကျ ရှိနိုင်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အတွေးအခေါ်အသစ်များ ပွင့်လန်းတတ်ပါတယ်။ ဗိုက်မကြာခဏ အောင့်တတ်ပါတယ်။

ယတြာ – မယ်သီလတစ်ပါးအား ဆန်လှူဒါန်းပါ။

စနေသားသမီး

အရင်ရက်တွေထက် ယခုတစ်ပတ်မှာ ပိုအကောင်းမြင်နိုင်တဲ့ အချိန်ကာလလေးပါ။ လုပ်ငန်းခွင်ရေးရာမှာ အပြောင်းအလဲအသစ်တွေနဲ့ ကြုံရနိုင်ပေမဲ့ အဆင်ပြေသွားပါလိမ့်မယ်။ အချစ်ရေးကတော့ တည်ငြိမ်အေးဆေးနေပါတယ်။ စိတ်ဖိစီးမှုများရှိတတ်တာမို့ တရားထိုင်ကြည့်ပါ။

ယတြာ – ၃၁ ဘုံသားအားလုံးအား ခုနှစ်ရက်တိတိ မေတ္တာပို့ပါ။

တနင်္ဂနွေသားသမီး

ယခုတစ်ပတ်တာကာလအတွင်း စိတ်ဖိစီးမှုအကြောင်းအရာများကို မေ့ထားသင့်ပါတယ်။ လုပ်စရာရှိတဲ့အလုပ်များကို ဆက်လုပ်ပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အိပ်ရေးပျက်ညတွေမများအောင် ဂရုစိုက်သင့်ပါတယ်။ သင့်မှာ ခံစားနေရတဲ့အရာတွေရှိရင် ယုံကြည်ချစ်ခင်ရတဲ့သူငယ်ချင်းတွေကို ရင်ဖွင့်ကြည့်ပါ။ သင့်ကိုယ်သင်ချစ်ဖို့ မမေ့လိုက်ပါနဲ့။

ယတြာ – လမ်းဘေးခွေးလေးများအား အစာကျွေးပါ။