“၂ဝ၂ဝ ၏ ဂန္ထဝင်အပတ်စဉ်ဗေဒင် ဒီဇင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၂၇) ရက်နေ့အထိ”

blank
တနင်္လာသားသမီး

ခရီးသွားချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။ အချစ်ရေးက အေးဆေးတည်ငြိမ်နေတတ် ပါတယ်။ ကြာသပတေးနေ့မှာ ပိုကံကောင်းနေတတ်တာမို့ ကောင်းမွန်တဲ့ကိစ္စများကို အဲ့ဒီနေ့မှာ လုပ်ဆောင်ကြည့်ပါ။ သတင်းကောင်းတွေ ကြားရတတ်ပါတယ်။

ယတြာ – နံနက်ခင်း မျက်နှာသစ်တိုင်း ခုနှစ်ရက်သားသမီးများအား မေတ္တာပို့ပေးပါ။

အင်္ဂါသားသမီး

သင့်အတွင်းရေးကို စပ်စုတဲ့သူတွေ ရှိတတ်တာမို့ စကားပြောသတိထားပါ။ ရင်ဖွင့်တတ်သူတွေအနေနဲ့ သတိထားရမယ့်အချိန်ပါ။ အကူအညီလိုအပ်လာလျှင် မာနကို ဘေးချိတ်ပြီး အကူအညီတောင်းပါက ဘယ်လိုအတားအဆီးမဆို အောင်မြင်နိုင်ပါတယ်။ ငွေအသုံးအစွဲ လျှော့သုံးသင့်တဲ့ ကာလလေးပါ။

ယတြာ – ပုတီးစိပ်ပါ။

ဗုဒ္ဓဟူးသားသမီး

အခုအချိန်က သင်ချိန်လှပ်ထားတဲ့ အလုပ်ကိစ္စများကို လုပ်ဖို့အချိန်ကောင်းပါပဲ။ စိတ်ဖိစီးမှုများ ရှိနေပေမဲ့ အဆင်ပြေသွားပါလိမ့်မယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး သုံးသလောက် မလောက်တဲ့ အနေအထားရောက်နေနိုင်ပါတယ်။ ခါးမကြာခဏနာတတ်ပါတယ်။

ယတြာ – ခွေးတစ်ကောင်အား အစာကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

အလုပ်တွေများပြီး အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိတဲ့ ကာလပါ။ အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ချင်တဲ့စိတ်လည်း ဖြစ်ပေါ်နေတတ်ပါတယ်။ ငွေကို ချက်ချင်းမရင်းနှီးဘဲ နားလည်တတ်ကျွမ်းသူတွေနဲ့ သေချာတိုင်ပင်ကြည့်ပါ။ ပတ်ဝန်းကျင်မှ သင့်အကြောင်းများ ပြောနေတတ်တာမို့ ဂရုမစိုက်ဘဲ ကိုယ်လုပ်စရာရှိတာလုပ်ပါ။ ခေါင်းကိုက်ရောဂါ အထူးသတိပြုပါ။

ယတြာ – သင့်ထက် ငယ်သူတစ်ဦးဦးအား မုန့်ဝယ်ကျွေးလိုက်ပါ။

သောကြာသားသမီး

အခွင့်အလမ်းကောင်းများ ပေါ်လာနိုင်တာမို့ ဖမ်းဆုပ်တတ်ပါစေ။ အချစ်ရေးနဲ့ ပတ်သက်ပြီး စန်းပွင့်နေပါလိမ့်မယ်။ လုပ်ငန်းခွင်မှာလည်း အထက်လူကြီးက အရေးပေးနိုင်ပါတယ်။ ဒါပေမဲ့ သတိရှိရှိနဲ့ အလုပ်ကို ကြိုးစားပါ။ ပြည့်ပြည့်ဝဝ အနားယူပါ။ ပင်ပန်းနွမ်းနယ်မှုက စိတ်နဲ့ သက်ဆိုင်တာမို့ စိတ်ကို ပျော်အောင်ထားပါ။

ယတြာ – အဝတ်အဖြူရောင်တစ်ထည်ကို နွမ်းပါးသူတစ်ဦးအား စွန့်ကြဲလိုက်ပါ။

စနေသားသမီး

သင့်အနေနဲ့ ရည်မှန်းချက်ပန်းတိုင်ကို သွားရင်း လမ်းပျောက်နေသလို ခံစားနေရတတ်ပါတယ်။ တစ်နေ့တာနဲ့ ပတ်သက်ပြီး အချိန်ဇယားတစ်ခုဆွဲပြီး အလုပ်လုပ်ပါ။ စိတ်မလေပါနဲ့။ ပေါင်းသင်း ဆက်ဆံရေးမှာ အဆင်ပြေတဲ့သူတစ်ယောက်မို့ ကူညီချင်သူ ဝိုင်းနေပါလိမ့်မယ်။ အချစ်ရေး တည်ငြိမ်အေးဆေးနေဆဲပါ။

ယတြာ – နွားနို့ ကပ်လှူပါ။

တနင်္ဂနွေသားသမီး

တစ်ပတ်တာလုပ်ဆောင်စရာများထဲမှ ဦးစားပေးအလုပ်ကို ပြီးစီးအောင် အရင်လုပ်ဆောင်ပါ။ အလုပ်ကို ပြီးစလွယ်မလုပ်ပါနဲ့။ မပျင်းပါနဲ့။ အချစ်ရေးနဲ့ ပတ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်တွေ ရှိနေပါလိမ့်မယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေရောဂါ သတိရှိပါ။

ယတြာ – ၁၁ မီး ငြိမ်းအောင် အိမ်ရှေ့မြေမျက်နှာပြင်အား ရေ ၁၁ ခွက် ပက်ဖြန်းပေးပါ။

ဗေဒင်လေးကို Like and Share လုပ်လိုက်ပါဦး။