“၂ဝ၂ဝ ၏ ဂန္ထဝင်အပတ်စဉ်ဗေဒင် ဒီဇင်ဘာလ (၁၄) ရက်နေ့မှ ဒီဇင်ဘာလ (၂ဝ) ရက်နေ့အထိ”

blank

တနင်္လာသားသမီး

၂ဝ၂ဝ နှစ်ကုန်ခါနီးဖြစ်သော်လည်း တက်တက်ကြွကြွနဲ့ အလုပ်လုပ်ချင်စိတ် ရှိနေပါမယ်။ လာမယ့်နှစ်သစ်အတွက်လည်း အခွင့်အလမ်းသစ်တွေ သင့်ဆီရောက်လာနိုင်တာမို့ သင့်အတွက်စိတ်သစ်၊ ခွန်အားသစ်တွေနဲ့ ရှေ့ဆက်နိုင်ပါမယ်။ အချစ်ရေးထက် အလုပ်အကိုင်နဲ့ ငွေကြေးဘက်ကို စိတ်က ပိုအားသာနေပါမယ်။ သင့်ကို ကူညီမယ့်သူများ ပေါ်လာပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ရင်ပြည့်ရင်ကယ်ဖြစ်နိုင်ပါတယ်။

ယတြာ – ဘုရားကို နို့ထမင်းကပ်လှူပါ။

အင်္ဂါသားသမီး

သင့်အနေနဲ့ အောင်မြင်မှုရရှိဖို့ရန် အသည်းအသန် ကြိုးစားချင်တဲ့စိတ်တွေ ဖြစ်ပေါ်နေလိမ့်မယ်။ သင့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ ကြိုးစားလိုတဲ့စိတ် ပြင်းပြနေတာမို့ အခွင့်အလမ်းသစ်များ ဖမ်းဆုပ်ယူ နိုင်ပါလိမ့်မယ်။ အချစ်ရေးနဲ့ စီးပွားရေးမှာ အကောင်းဆုံးပြောင်းလဲဖို့ တက်ကြွနေပါလိမ့်မယ်။ ဗိုက်အောင့်တတ် တာမို့ အပူအစပ်လျှော့စားပါ။

ယတြာ – အင်္ဂါနံပါသော အမည်ရှိ သူငယ်ချင်းတစ်ဦးဦးအား မုန့်ဝယ်ကျွေးလိုက်ပါ။

ဗုဒ္ဓဟူးသားသမီး

စိတ်ညစ်စရာကာလကို ကျော်လွန်ပြီးတော့ အရာရာကို ပြန်စဉ်းစားချင့်ချိန်နေတဲ့ အချိန်ကာလ လေးပါ။ လာမယ့်နှစ်သစ်အတွက် သင်မလိုအပ်တဲ့အရာများကို လွတ်ချခဲ့ဖို့ လိုပါတယ်။ ဥပမာ – အချစ်နဲ့ ပတ်သက်ပြီး သင့်ဘဝနှောင့်နှေးနေတာမျိုး၊ ဆုံးဖြတ်ဝေခွဲမရတဲ့အရာမျိုးကို ပြတ်သားသင့်တာပါ။ ပြတ်သားတဲ့ သတ္တိသင့်မှာ ရှိပြီ ဆိုတာနဲ့ ကံကောင်းခြင်းတွေ သင့်ဆီရောက်လာမှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေရောဂါ ဂရုစိုက်ပါ။

ယတြာ – ပုတီးစိတ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

နှစ်သစ်အတွက် ဖြစ်ချင်တဲ့ရည်မှန်းချက် ပန်းတိုင်များကို သင့်စိတ်ထဲမှာ ကြိုပြီး အစီအစဉ်ဆွဲနေတတ်ပါတယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့ လက်လျှော့အရှုံးပေးတတ်တဲ့ အကျင့်ကို ပြင်ဖို့ လိုပါတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အားနာတတ်တဲ့အကျင့်ကို သင်ပြင်ဖို့ ကြိုးစားနေလိမ့်မယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ဇွဲမလျှော့ပါနဲ့။ အစားအသောက် သတိထားစားပါ။

ယတြာ – အိမ်နီးနားချင်းအား သပြေပန်း လက်ဆောင်ပေးလိုက်ပါ။

သောကြာသားသမီး

သင်ဖြစ်နေတာနဲ့ ဖြစ်ချင်တာတွေ ထပ်တူမကျလို့ စိတ်အလိုမကျ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့။ သင့်ကိုယ်သင် ယုံကြည်မှုရှိရှိနဲ့ လုပ်စရာရှိတာတွေကိုလုပ်ပါ။ အခွင့်အရေးပေးလာတဲ့တစ်နေ့မှာ အဆင်သင့်ဖြစ်အောင် အရာရာကို ပြင်ဆင်ထားပါ။ အချစ်ရေးမှာ တိတ်ဆိတ်နေတတ်ပါတယ်။ နှလုံးအားနည်းတတ်တာမို့ စားချိန်၊ အိပ်ချိန် ဂရုစိုက်ပါ။

ယတြာ – ဘုရားစင်အား သန့်ရှင်းရေးလုပ်ပါ။

စနေသားသမီး

အခုတလော အလုပ်ကိုပဲ ဦးစားပေးပြီး လုပ်နေပါလိမ့်မယ်။ တစ်ဦးတည်းသမားများ အချစ်နဲ့ ပတ်သက်ပြီး စန်းအလွန်ပွင့်နေတာမို့ ဗျာများတတ်ပါတယ်။ ချစ်သူရှိတဲ့သူများအနေနဲ့ ချစ်သူနဲ့ အေးစက်စက်အချိန်ကာလများကို ကျော်ဖြတ်နေရတတ်ပါတယ်။ မိသားစုနဲ့ ဝေးနေတဲ့သူများ ကျန်းမာရေး ဂရုစိုက်ပါ။ မကြာခဏဆိုသလို စိတ်မောလူမော ဖြစ်နေတတ်ပါတယ်။

ယတြာ – သက်ကြီးရွယ်အိုတစ်ဦးအား တတ်နိုင်သလောက် ငွေသားဖြင့် ကန်တော့ပါ။

တနင်္ဂနွေသားသမီး

သင့်မှာ အတွေးအခေါ်၊ အကြံဉာဏ်တွေက သူများတွေထက် သာလွန်နေတဲ့အချိန်ကာလလေးမို့ အကောင်အထည်ဖော်ဖို့ အချိန်ကောင်းပါ။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်ဖို့ စိတ်အားထက်သန်နေတာမို့ ကျွမ်းကျင်တဲ့ဆရာတစ်ဦးဦးနဲ့ သေချာတိုင်ပင်ပြီးမှ လုပ်ဆောင်ပါ။ ပညာရေးထက် အလုပ်ကိုပဲ ပိုစိတ်အားထက်သန်နေပါတယ်။ တစ်ခါတစ်ရံ စိတ်ဖိစီးမှု ဖြစ်ပေါ်လာရင် လွတ်ထားပေးလိုက်ပြီး အကောင်းဆုံးဖြစ်အောင် ပြန်လည်ဆန်းစစ်တည်ဆောက်ပါ။ အချစ်ရေးနဲ့ ပတ်သက်ပြီး နှလုံးသားက ရွေးချယ်ရခက်နေတတ်တယ်။

ယတြာ – သက်စေ့ ဆီမီးထွန်းပြီး ပူဇော်ပါ။

ဗေဒင်လေးကို Like and Share လုပ်လိုက်ပါဦး။