“၂ဝ၂ဝ ၏ ဂန္ထဝင်အပတ်စဉ်ဗေဒင် ဒီဇင်ဘာလ (၇) ရက်နေ့မှ ဒီဇင်ဘာလ (၁၃) ရက်နေ့အထိ”

blank
တနင်္လာသားသမီး

အတိတ်တွေကို မေ့လိုက်ပြီး ပျော်ရွှင်စရာတွေဆီကို တက်လှမ်းနိုင်မယ့် အချိန်ကောင်းဖြစ်ပေမယ့် တွေဝေနေတဲ့ ကာလဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး စိတ်အားထက်သန်မှုတွေ လျော့နည်းနေတတ်ပါတယ်။ အချစ်နဲ့ နောက်ထပ်တစ်ဖန်တွေ့ဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက်တတ်ပါတယ်။

ယတြာ – အဖြူအရောင်အင်္ကျီတစ်ထည်ကို စွန့်ပစ်ပါ။

အင်္ဂါသားသမီး

အလုပ်အကိုင်တွေ ပုံမှန်လည်ပတ်နေပါလိမ့်မယ်။ ဘယ်အရာကိုမဆို လိုချင်နေတဲ့ စိတ်က သင့်ကို ဒုက္ခပေးနေလိမ့်မယ်။ အိပ်မက်နဲ့ မျှော်လင့်ချက်တွေအမှန်တကယ်ဖြစ်လာဖို့ အကူအညီကောင်းတွေ ရရှိပါလိမ့်မယ်။ အချစ်ရေးအတွက် အနှောင့်အယှက်တွေက သင်ကိုယ်တိုင်ရဲ့ မပွင့်လင်းမှုကြောင့် ဖြစ်နေပါတယ်။

ယတြာ – ပုတီးစိပ်ပါ။

ဗုဒ္ဓဟူးသားသမီး

စိတ်ဖိစီးမှုတွေနဲ့ စိတ်အားငယ်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုပေါ်လာတတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ဗျာများနေရတဲ့အချိန်ပါ။ စိတ်ဖိစီးမနေပါနဲ့။ ဗိုက်အောင့်တတ်တာမို့ သတိပြုပါ။ မိသားစုကျန်းမာရေး သတိထားပေးပါ။

ယတြာ – စနေသမီးတစ်ယောက်ကို သာကူယိုဝယ်ကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

လုပ်ငန်းတွေ ပုံမှန် အဆင်ပြေနေပြီး အချစ်ရေးမှာ အဆင်ပြေနေပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး သူငယ်ချင်းမိတ်ဆွေတွေဆီက အကူအညီကောင်းတွေ ရရှိမယ်။ ငွေဝင်ကြမ်း၊ အသုံးကြမ်းနေတဲ့ ကာလဖြစ်တာကြောင့် စနစ်တကျထိန်းချုပ်ဖို့ လိုအပ်ပါတယ်။

ယတြာ – နေအိမ်ဘုရားမှာ အဖြူရောင်ပန်းလှူဒါန်းပါ။

သောကြာသားသမီး

ဘဝ သင်ခန်းစာတွေကို ပြန်သုံးသပ်ပြီး အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်နိုင်လိမ့်မယ်။ ငွေကိုစိစစ်ပြီး သုံးစွဲမိနေတတ်တယ်။ လုပ်ငန်းပြောင်းရတာ၊ လုပ်ငန်းနေရာ ပြောင်းရွှေ့ရတာတွေ ရှိနိုင်ပါတယ်။ အုံ့ပုန်းအချစ်တွေ ပွင့်အံလာမယ့် ကာလပါ။

ယတြာ – ဆေးဝါးလှူဒါန်းပါ။

စနေသားသမီး

လုပ်ချင်တာနဲ့ ဖြစ်နေတာတွေ မတူညီမှုကြောင့် စိတ်အားငယ်ဝမ်းနည်းနေတဲ့ ကာလပါ။ ကိုယ်လက်ညောင်းညာတာမျိုး၊ စိတ်မကြည်သာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အချစ်ရေးမှာ မဆိုင်သူတွေ စွက်ဖက်မှုကြောင့် ကတောက်ကဆလေးတွေ ဖြစ်နိုင်ပါတယ်။

ယတြာ – သောက်တော်ရေချမ်းကပ်လှူပါ။

တနင်္ဂနွေသားသမီး

ဆုံးဖြတ်ချက်တွေ ဝေခွဲမရဖြစ်နေတဲ့အချိန်အခါမို့ စိတ်လိုက်မာန်ပါ မလုပ်ဘဲ သေချာဆန်းစစ်သင့်တဲ့ အချိန်ပါ။ သင်လုပ်ခဲ့တဲ့အကြောင်းတွေကို သေချာသုံးသပ်သင့်တဲ့ ကာလလည်း ဖြစ်ပါတယ်။ အချစ်ရေး တည်ငြိမ်နေတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး သတင်းကောင်းကြားရပါလိမ့်မယ်။

ယတြာ – သင့်ထက် ငယ်သူတစ်ဦးဦးအား မုန့်ဝယ်ကျွေးလိုက်ပါ။

ဗေဒင်လေးကို Like and Share လုပ်လိုက်ပါဦး။