“၂ဝ၂ဝ ၏ ဂန္ထဝင်အပတ်စဉ်ဗေဒင် နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၂၉) ရက်နေ့အထိ”

blank

တနင်္လာသားသမီး

ချစ်ခြင်းမေတ္တာတရားတွေနဲ့ ပတ်သက်ပြီး အလွန်စန်းပွင့်နေတဲ့ ရက်သတ္တပတ်လေးပါ။ အသည်းကွဲနေသူများနဲ့ တစ်ယောက်တည်းသမားများအတွက် အချစ်နဲ့ ပတ်သက်ပြီး စွန့်စားခန်းတွေ ကြုံနိုင်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သတင်းအချို့ ကြားရနိုင်ပါတယ်။ လူမှုရေး၊ ကျန်းမာရေးမှာ အထွေအထူးပြောစရာမရှိပေမယ့် ခုရက်ပိုင်း သင့်ဆုံးဖြတ်ချက်များက ခိုင်မာနေပါလိမ့်မယ်။ သင့်နှလုံးသားနဲ့ ဦးနှောက်က ဆုံးဖြတ်တဲ့အတိုင်း လုပ်ဆောင်ကြည့်ပါ။

ယတြာ – မေတ္တာသုတ်ရွတ်ပါ။

အင်္ဂါသားသမီး

လုပ်ငန်းခွင်စဝင်တဲ့ တနင်္လာနေ့မှာ စိတ်သစ်၊ ခွန်အားသစ်နဲ့ စိတ်ပါလက်ပါ အလုပ်စလုပ်ပါ။ ဒါဆို အလုပ်အကိုင် ပိုအဆင်ပြေပါလိမ့်မယ်။ တကယ်ခက်ခဲနေတဲ့ မိတ်ဆွေတစ်ဦးဦးက အကူအညီ တောင်း လာခဲ့လျှင် တတ်နိုင်သလောက်ကူညီပေးလိုက်ပါ။ သူများအကျိုးဆောင် ကိုယ့်အကျိုးအောင် ပါလိမ့်မယ်။ စိတ်မကောင်းစရာအကြောင်းအရာတွေ ကြားသိခဲ့ရင် တရားနဲ့ ဖြေပါ။ စိုးရိမ်ပူပန်တဲ့စိတ်တွေကို တတ်နိုင်သလောက် လျှော့ချပါ။

ယတြာ – သင်တတ်နိုင်သလောက် ပိုက်ဆံ ပံ့သကူအလှူ လုပ်ပါ။

ဗုဒ္ဓဟူးသားသမီး

၂ဝ၂၁ ခုနှစ်အတွက် သင့်မှာ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ ရှိရင် အလောတကြီး မဆုံးဖြတ်ဘဲ လာမယ့် ဇန်နဝါရီလထိ စောင့်ကြည့်ပေးပါ။ လူမှုရေး၊ အချစ်ရေးနဲ့ ပတ်သက်ပြီး အလွန်သြဇာရှိနေသော အချိန်ဖြစ်ပါတယ်။ သင့်ကို ရပ်ဝေးမြေခြားက လူတစ်ယောက်ယောက်က သတိရနေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေမကြာခဏ တက်နိုင်ပါတယ်။
ယတြာ – တရားထိုင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

အလုပ်နဲ့ ပတ်သက်ပြီး အခွင့်အရေးတွေ ရလာနိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ အထင်လွဲစေနိုင်တဲ့ တချို့ ကိစ္စလေးတွေ ရှိနိုင်ပါတယ်။ အချိန်ခဏလေးစောင့်ပြီး ပြန်ဖြေရှင်းရင် ပြန်အဆင်ပြေသွားပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေနေပေမယ့် စိတ်ပိုင်းဆိုင်ရာအနေနဲ့ စိတ်ဓာတ် အတက်၊ အကျ မြန်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အိပ်ရေးဝဝအိပ်ပါ။

ယတြာ – သက်ကြီးရွယ်အိုတစ်ဦးဦးအား သစ်သီးလှူပါ။

သောကြာသားသမီး

လက်တွေ့လုပ်ဆောင်တာထက် စိတ်ကူးယဉ်နေတာတွေ များနေတဲ့အချိန်ပါ။ ဒါပေမဲ့ ဘာပဲလုပ်လုပ် ဒီအပတ်အတွင်း စိတ်ပါလက်ပါလုပ်တာမို့ အဆင်ပြေနေတာ များပါမယ်။ စိတ်ညစ်စရာတွေ မတွေးဘဲ စိတ်ကို ပျော်အောင်ထားတာမို့ သောကြာသားသမီးအများစု မျက်နှာက အကြည်ဓာတ် ထွက်နေ ပါလိမ့်မယ်။ အပြင်အစားအသောက်စားချင်စိတ်များနေတာမို့ ငွေထွက်ကိန်းများတာမို့ ငွေကို ချင့်ချိန်သုံးပါ။

ယတြာ – ဘုရားကို သောက်တော်ရေချမ်း၊ ဆီ၊ မီး၊ ပန်းနဲ့ ကပ်လှူပါ။

စနေသားသမီး

သူငယ်ချင်းတွေနဲ့ ခရီးသွားချင်စိတ် အလွန်အမင်းဖြစ်ပေါ်နေပါလိမ့်မယ်။ အလုပ်ထဲမှာတော့ ဝေဖန်ခံရတဲ့ကိစ္စတွေလည်း ရှိနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရိုးအဆစ်တွေ ကိုက်တတ်ပါတယ်။ အချစ်ရေးမှာ ကံညံ့နေပါတယ်။ သတိထားပါ။ ချစ်သူနဲ့ ရန်မကြာခဏ ဖြစ်ရတတ်ပါတယ်။ အိမ်မှာ တိတ်တိတ်ဆိတ်ဆိတ် နေချင်တဲ့ စိတ်တွေ ဖြစ်နေတဲ့ အချိန်ဆိုလည်း မမှားပါဘူး။

ယတြာ – စနေနေ့မှာ နွမ်းပါးသူတွေကို အစားအသောက်များ လှူဒါန်းလိုက်ပါ။

တနင်္ဂနွေသားသမီး

အချစ်ရေးမှာ ကံကောင်းနေတဲ့အချိန်ပါ။ သင့်မှာ ဖွင့်ပြောရမယ့်သူရှိရင် ဒီစန်းတက်နေတဲ့ကာလလေးပါ ဖွင့်ပြောကြည့်ဖို့ ကြိုးစားပါ။ ပညာရေးနဲ့ ပတ်သက်ပြီး ငွေကုန်ကြေးကျ ရှိတတ်ပေမယ့် အကျိုးရှိမှာပါ။ ပေါ်ပင်လုပ်ငန်းများလုပ်ဖို့ ငွေကို ရင်းနှီးဖို့ မစဉ်းစားပါနဲ့။ ပလုံဆိုပြီး မြုပ်သွားတတ်ပါတယ်။ မကြာခဏ မောတတ်တာမို့ သက်လုံကောင်းအောင် အိမ်တွင်း ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။

ယတြာ – သောက်ရေသန့် လှူပါ။

ဗေဒင်လေးကို Like and Share လုပ်လိုက်ပါဦး။