တနင်္လာသားသမီး
ဒီရက်သတ္တပတ်ဟာ သင့်အတွက် ကျက်သရေအဖြာဖြာပြည့်ဝတဲ့အချိန်ကာလပါ။ လူမှုဆက်ဆံရေးမှာ အစစအရာရာ အဆင်ပြေချောမွေ့နေပါလိမ့်မယ်။ သမီးရည်းစား၊ စုံတွဲများအနေနဲ့ နှစ်ဦးကြားမှာရှိတဲ့ အထင်လွဲစရာကိစ္စလေးများကို ဖြေရှင်းရန် အသင့်တော်ဆုံးအချိန်လည်း ဖြစ်ပါတယ်။ နာကျင်မှုတွေကို ကျော်ဖြတ်ဖို့အတွက် အချိန်ကောင်းတစ်ခုကို ခဏစောင့်ဆိုင်းပါ။ အလောမကြီးပါနဲ့။ အလုပ်နဲ့ပတ်သက်ပြီး မထင်မှတ်ထားတဲ့ပြဿနာလေးတွေ ရှိလာနိုင်ပါတယ်။
ယတြာ – ဘုရားကို အောင်သပြေပန်း ကပ်လှူပူဇော်ပါ။
အင်္ဂါသားသမီး
ကျန်းမာရေးနဲ့ပတ်သက်ပြီး အစားအသောက်ကို ဆင်ခြင်စွာ စားသောက်ပါ။ စိတ်ဖိစီးမှုများ ရှိလာနိုင်တာမို့ ပူပင်သောကတွေ ဝေးနိုင်သမျှဝေးအောင် အရမ်းမတွေးပါနဲ့။ လေ့ကျင့်ခန်းများများလုပ်ပါ။ လူတွေရဲ့အကြောင်းကို ကြားတိုင်း အရမ်းမစပ်စုပါနဲ့။ ပြီးတော့ သင့်သူငယ်ချင်းတစ်ယောက်ယောက်နဲ့ သင့်ကြားမှာ အထင်လွဲစေတဲ့ ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်။
ယတြာ – အိမ်ရှေ့မှ နွမ်းပါးသူများ ဖြတ်သွားပါက မုန့်တစ်ခုခု ပေးကမ်းစွန့်ကြဲလိုက်ပါ။
ဗုဒ္ဓဟူးသားသမီး
သင့်မှာ ဆုံးဖြတ်ရခက်နေတဲ့ ကိစ္စများ ရှိပါလိမ့်မယ်။ သို့သော် သင့်ဆုံးဖြတ်ချက်က သင့်ဘဝကို ကြီးကြီးမားမားပြောင်းလဲပေးနိုင်တာမို့ အသေအချာစဉ်းစားပါ။ ဘဝနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်များအတွက် မည်သူ့ကိုမှ မမေးဘဲ သင့်ကိုယ်သင်မေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အချစ်ရေးမှာတော့ တစ်ယောက်တည်း တိတ်တိတ် ဆိတ်ဆိတ် နေဖြစ်တဲ့ရက်တွေ များနေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗိုက်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။ ခုတလော အထွေအထူးကိစ္စမရှိဘဲ စိတ်ရှုပ်နေလိမ့်မယ်။
ယတြာ – စိတ်များကြည်လင်စေရန် ဘုရားသောက်တော်ရေ ကပ်လှူပါ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
ကြာသပတေးသားသမီး
မိသားစုရေးရာကြား သို့မဟုတ် ဆွေမျိုးမိတ်ဆွေတွေကြားမှာ အထင်လွဲစေနိုင်တဲ့ တချို့ ကိစ္စတွေ ရှိတယ်ဆိုရင် ချက်ချင်းဖြေရှင်းပါ။ ကြိတ်ပြီးတော့ မြိုသိပ်ထားတာမျိုး မလုပ်ပါနဲ့။ မိသားစုတွေအချင်းချင်း ဒီအပတ်အတွင်းမှာ ပိုစည်းလုံးပြီး ပိုနားလည်မှုရှိကြပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခေါင်းမူးခေါင်းကိုက်တာ ရံဖန်ရံခါ ဖြစ်နိုင်ပါတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး လူကြီးတစ်ဦးဦးထံမှ မုန့်ဖိုးရတတ်ပါတယ်။
ယတြာ – နံနက်စောစောအချိန်မှာ အိမ်အပေါက်ဝမှ မြေပြင်အား ရေဆယ့်တစ်ခွက် ပက်ဖြန်းပါ။
သောကြာသားသမီး
ဒီတစ်ပတ်တာကာလမှာ သောကြာသားသမီးများအတွက် အဘက်ဘက်ကာလမှာ ကံကောင်းနေတဲ့အချိန် ဖြစ်ပါတယ်။ စကားပြောဆိုရာမှာလည်း သြဇာညောင်းတတ်ပြီး စိတ်ငြိမ်းချမ်းမှု ရနေတဲ့အချိန်လည်း ဖြစ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့ သတင်းကောင်းများလည်း ကြားတတ်ရပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ခါတလေ မောနေတတ်တာမို့ ပုံမှန် လေ့ကျင့်ခန်းလုပ်စေချင်ပါတယ်။ အရင်ကထက်စာရင် အခုအချိန်က သင့်ကိုယ်သင် ပိုဆန်းစစ်မိလာတတ်ပါတယ်။
ယတြာ – မေတ္တာသုတ်ကို နေ့တိုင်း ရွတ်ဖတ်ပူဇော်ပါ။
စနေသားသမီး
ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ သင့်အနေနဲ့ ချင့်ချိန်သုံးစွဲသင့်တဲ့ ကာလမို့ သုံးသင့်တာကို သုံးပါ။ စုသင့်တဲ့ ငွေကို စုထားပါ။ အချစ်ရေး၊ လူမူရေးနဲ့ ပတ်သက်ပြီး အထင်လွဲနေတာရှိရင် ယခုအချိန်မှာ ပြန်လည်ဖြေရှင်းဖို့ ကြိုးစားကြည့်ပါ။ တစ်ခါတစ်ရံ စိတ်လေနေတဲ့အချိန်မျိုးမှာ အလုပ်ကိုပဲ ဖိလုပ်ကြည့်ပါ။ ပြီးတော့ အလုပ်နဲ့ ပတ်သက်ပြီးတော့ တဇွတ်ထိုး မဆုံးဖြတ်ပါနဲ့၊ ဘယ်အရာကို မဆို စိတ်အေးအေးထား ဆုံးဖြတ်ပါ။
ယတြာ – သက်ကြီးရွယ်အိုတစ်ဦးဦးကို မိမိစေတနာရှိသလောက် ငွေသားနဲ့ကန်တော့လိုက်ပါ။
တနင်္ဂနွေ
ပေါင်းသင်းဆက်ဆံရေးတွင် စကားရှုပ်နိုင်ခြေရှိတာကြောင့် သင့်မိတ်ဆွေ၊ သူငယ်ချင်းများကြားတွင် စကားကို သတိထားပြောဆိုပါ။ ကိုယ်နဲ့ မဆိုင်တဲ့လူတွေအကြောင်း သိပ်မစပ်စုပါနဲ့။ အရောင်းအဝယ်ကိစ္စ၊ လုပ်ငန်းကိစ္စများတွင် အလောတကြီး ဆုံးဖြတ်ချက် ချတာမျိုးမလုပ်ပါနဲ့။ သေချာဆုံးဖြတ်ချက်ချပြီးမှ အရောင်းအဝယ်လုပ်ပါ။ ဒေါသမကြာခဏ ထွက်တတ်တာမို့ ဒေါသကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အငံလျှော့စားပါ။
ယတြာ -ပုတီးစိတ်ပါ။
ဗေဒင်လေးကို Like and Share လုပ်လိုက်ပါဦး။