၂ဝ၂ဝ ၏ ဂန္ထဝင် အပတ်စဉ်ဗေဒင် နိုဝင်ဘာလ (၉) ရက်နေ့မှ (၁၅) ရက်နေ့အထိ

blank
တနင်္လာသားသမီး

သင့်အတွက် ကျက်သရေအဖြာဖြာပြည့်ဝတဲ့အချိန်ကာလပါ။ ဒီအပတ်အတွင်း သင့်မှာ အောင်မြင်အောင် လုပ်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ပိုမြင့်မားနေတာမို့ သင့်အကြံအစည်တွေကို အကောင်အထည် ဖော်ကြည့်ပါ။ အချစ်ရေးမှာ စန်းတက်နေတဲ့အချိန်လည်း ဖြစ်တယ်။ လူမှုဆက်ဆံရေးနဲ့ အချစ်ရေးမှာဆိုရင်တော့ ချစ်သူ၊ စုံတွဲများ အနေနဲ့ နားလည်မှုကို ပြန်တည်ဆောက်ယူဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။

ယတြာ- နေအိမ်ဘုရားမှာ အဖြူရောင်နှင်းဆီ (၃) ပွင့်လှူပါ။

အင်္ဂါသားသမီး

ဝင်ငွေထက် ထွက်ငွေက ပိုများမယ်။ သင်လိုချင်တာမှန်သမျှ အွန်လိုင်းပေါ်ကနေ ဈေးလိုက်ဝယ်တာမျိုး မလုပ်ပါနဲ့။ ပြီးတော့ သင့်ကျန်းမာရေးကို အထူးဂရုစိုက်ရမယ့် အချိန်ဖြစ်တယ်။ တစ်ခါတလေ သင့်အနေနဲ့ ဘာအကြောင်းမှ မရှိဘဲ စိတ်လေတတ်တယ်။ ဒါပေမဲ့ စိတ်နောက် ကိုယ်မလိုက်ပါနဲ့။ တစ်ယောက်ယောက်က သင့်ကို ညာပြောတာမျိုး ဒါမှမဟုတ် ပစ္စည်းတစ်ခုခုရောင်းဖို့ လာပြောတာမျိုး ရှိနိုင်ပါတယ်။

ယတြာ- ချို့တဲ့သူတွေအတွက် ဆေးဝါးလှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီး

ဒီနှစ်ကာလဟာ သင့်ကိုယ်သင် ပြန်လည် လေ့လာဆန်းစစ်နေတဲ့အချိန်ဆိုလည်း မမှားပါဘူး။ ဘယ်ကိစ္စအတွက်မဆို စိတ်အေးအေးထားပြီး ဆုံးဖြတ်ပါ။ သင့်ဝါသနာနဲ့ စိတ်ခံစားမှုအတွက် သေသေချာချာ ဆုံးဖြတ်ချက်ချသင့်တဲ့အချိန်လည်း ဖြစ်တယ်။ မမျှော်လင့်တဲ့ လူမှုရေးပြဿနာကိစ္စ လေးတွေဟာ သောကြာနေ့လိုမျိုးမှာ ဖြစ်လာတတ်တယ်။ ဒါကြောင့် စကားများများပြောဖို့ထက် များများနားထောင်နိုင်ဖို့ပဲ ကြိုးစားကြည့်ပါ။

ယတြာ- သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးလှူဒါန်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

မထင်မှတ်တဲ့ ပျော်စရာ အကြောင်းအရာလေးတွေ ရှိလာနိုင်ပါတယ်။ ပြီးတော့ လူမှုရေးနဲ့ အချစ်ရေးမှာ အထင်လွဲမှားစရာ ကိစ္စတွေ ရှိတယ်ဆိုရင် ဒီနှစ်ထဲမှာပဲ ဖြေရှင်းသွားပါ။ နောက် ၂ဝ၂၁ ထိ မသယ်ဆောင်သွားပါနဲ့။ ဘာအကြောင်းကိစ္စအထွေအထူးမှ မရှိရင်တောင် လေးလံတဲ့ သက်ပြင်းတွေ မကြာခဏ ချမိနေတတ်တယ်။

ယတြာ- စိတ်တည်ငြိမ်စေဖို့ တရားထိုင်ပါ။

သောကြာသားသမီး

သင့်မကောင်းကြောင်းပြောတဲ့လူတွေကို အာရုံစိုက်မိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါတွေကို စိတ်ထဲမထည့်ပါနဲ့။ သင့်အလုပ်အပေါ်မှာ သေချာအာရုံစိုက်ပါ။ တစ်ခါတလေမှာတော့ လူနဲ့ စိတ်နဲ့ မကပ်ဖြစ်နိုင်ပါတယ်။ လူမှုရေးကိစ္စလေးတွေမှာ အရှုပ်အရှင်းလေးတွေ ရှိတတ်တာမို့ ဖြေရှင်းရတာမျိုး ကြုံကြိုက်တတ်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်တွေက အရင်ကထက် ပိုပြတ်သားလာမယ်။

ယတြာ-ဘုရားစင်သန့်ရှင်းရေးလုပ်ပါ။

စနေသားသမီး

ဒီတစ်ပတ်တာကာလမှာ သင့်အနေနဲ့ အလုပ်တွေ အရှုပ်ဆုံးကာလပါ။ ဒါပေမဲ့ သင်ဟာ အချိန်တွေကို ဘယ်လိုကုန်ဆုံးသွားမှန်းမသိအောင် ကျော်ဖြတ်သွားမိလိမ့်မယ်။ လူမှုရေးနဲ့ ပတ်သက်ရင် သင်ဟာ လူချစ်လူခင်ပေါများတဲ့သူတစ်ယောက်ပါ။ ဒီတစ်ပတ်မှာတော့ သင့်သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ ချစ်ခင်ဂရုစိုက်တဲ့ စကားလုံးများကို လက်ခံရရှိပါလိမ့်မယ်။

ယတြာ- နွမ်းပါးကလေးငယ်တွေအတွက် တတ်စွမ်းသလောက်လှူဒါန်းပါ။

တနင်္ဂနွေ

အလုပ်မှာ အခက်အခဲတချို့ရှိပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ သင့်ကိုယ်သင် အစစ အရာရာ ဂရုစိုက်သင့်တဲ့အချိန်လည်းဖြစ်ပါတယ်။ လူတိုင်းနဲ့ အဆင်ပြေနိုင်တာမျိုးမရှိနိုင်တာမို့ လူတိုင်းက သင်က ဘာဖြစ်ဆိုတာ ရှင်းပြဖို့ မလိုပါဘူး။ ဒါပေမဲ့ သင့်ကိုယ်သင် ခွင့်လွှတ်ပြီး ချစ်ခင်နားလည်ပေးရမယ့် အချိန်ပါ။ သင့်အနေနဲ့ တစ်နေ့တာ နှုတ်ထွက်စကားတွေကို သတိထားပြောဆိုပါ။

ယတြာ- မိဘမဲ့ကလေးတွေအတွက် နို့ဟင်းလှူဒါန်းပါ။

ဗေဒင်လေးကို Like and Share လုပ်လိုက်ပါဦး။