၂ဝ၂ဝ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ)

blank

တနင်္လာသားသမီး

ဒီတစ်ပတ်အတွင်းမှာ ငွေကြေးကိစ္စတွေကြောင့် စိတ်ညစ်နေရမယ်။ စနေသားတစ်ယောက်ထံမှ အကူအညီရမယ်။ အရာရာကိုရိုးသားမှုအပြည့်ဖြင့် ဆောင်ရွက်ပါ။ လုပ်ငန်းခွင်မှာ သတင်းကောင်းတစ်ခု ကြားရမယ်။

ယတြာ- ဘုရားစင်သန့်ရှင်းရေး လုပ်ပေးပါ။

အင်္ဂါသားသမီး

အလိုလိုနေရင်း စိတ်ထိခိုက်လွယ်နေမယ့် ကာလဖြစ်တယ်။ ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတဲ့ အရာတွေကို အဓိကထားဆောင်ရွက်ပါ။ သင့်မိသားစုအတွင်း စိတ်ဝမ်းကွဲမှုတွေကို အပြီးသတ်ဖြေရှင်းနိုင်မယ်။

ယတြာ- ငှက်သက်စေ့လွတ်ပါ။

ဗုဒ္ဓဟူးသားသမီး

ဒီတစ်နှစ်အစအတွင်းမှာကတည်းက ကြိုးစားနေခဲ့တဲ့အရာတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်။ မိသားစုအတွင်း သတင်းထူးကြားရမယ်။ မျှော်လင့်နေသူထံမှ ချစ်စကားကြားရတတ်တယ်။

ယတြာ- ချို့တဲ့သူတွေအတွက် တတ်အားသလောက် ဒါနပြုပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

ကိုယ့်ကိုယ်ကိုယုံကြည်မှု ကင်းမဲ့နေတဲ့ ကာလဖြစ်တယ်။ စိတ်ခံစားမှုတွေကို အလေးမထားတတ်တဲ့ ချစ်သူကြောင့် စိတ်အားငယ်နေမယ့် ကာလဖြစ်တယ်။ ခံစားချက်တွေကို ထိန်းချုပ်ပြီးလုပ်သင့်တာကိုကို အလေးထားဆောင်ရွက်သင့်တဲ့ အချိန်ဖြစ်တယ်။

ယတြာ- ဆေးဝါးလှူဒါန်းပါ။

သောကြာသားသမီး

ပြောချင်ရာကို ကမူးရှူးထိုးပြောတတ်တဲ့ အကျင့်ကြောင့် ပြဿနာတွေကိုပိုကြီးထွားစေလိမ့်မယ်။ သဝန်တိုတတ်တဲ့ စိတ်ကြောင့် ချစ်သူနဲ့ပြဿနာတတ်ပါတယ်။ အမြင်တစ်ခုတည်းနဲ့ တစ်ဖက်သတ်စွပ်စွဲတတ်တဲ့ အကျင့်ကိုပြင်ပါ။ လူပျိုကြီး၊အပျိုကြီးတွေ မထင်မှတ်ဘဲ အိမ်ထောင်ကျတတ်တယ်။

ယတြာ- နွမ်းပါးသူတွေအတွက်ကုန်ခြောက်လှူပါ။

စနေသားသမီး

ဒီအပတ်အတွင်း ချစ်ခင်ရင်နှီးသူတွေရဲ့ အိပ်မက်တွေကို ကူညီဖော်ဆောင်ပေးရင်း အချိန်ကုန်တတ်တယ်။ စေတနာတွေ ရောင်ပြန်ဟပ်မယ့် ကာလဖြစ်တယ်။ ထင်မှတ်မထားသူတစ်ဦးထံမှ လက်ဆောင်ရတတ်တယ်။

ယတြာ- သက်ကြီးရွယ်အိုတွေအတွက် ဓာတ်စာလှူပါ။

တနင်္ဂနွေသားသမီး

အိမ်တွင်းရေးပြဿနာတွေကြောင့် စိတ်ရှုပ်နေရပေမယ့် ကိုယ့်ဘက်ကမားမားမတ်မတ်ရပ်တည်ပေးတတ်သူတစ်ယောက်ကြောင့် စိတ်အားတက်ရလိမ့်မယ်။ သက်ကြီးဝါကြီးတစ်ဦးရဲ့ ကူညီစောင်မမှုကိုရတတ်တယ်။ ယခင်ကတင်နေတဲ့ အလုပ်ကြွေးနဲ့ ချေးငှားထားတဲ့ ငွေကြေးတွေကို ဆပ်နိုင်လိမ့်မယ်။

ယတြာ- မွေးနေ့မှာပုတီးစိတ်ပါ။