၂ဝ၂ဝ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာလ ၁၂ – ရက်နေ့မှ ၁၈- ရက်နေ့အထိ)

blank

တနင်္လာသားသမီး

အစစအရာရာ အဆင်ပြေသာယာနေတဲ့ကာလဖြစ်ပါတယ်။ ရည်ရွယ်ထားတဲ့ချစ်သူရှိရင် ဖွင့် ပြောလိုက်ပါ။ ကြံရွယ်ထားတဲ့လုပ်ငန်းတွေရှိရင် စတင်လိုက်ပါ။ အလှူအတန်းတွေများများ ပြုလုပ်ပေး ပါ။ ကျန်းမာရေးအနေနဲ့ ဖျားနာတတ်တယ်။ ရေချိုးမမှား အောင် သတိပြုပါ။

ယတြာ ။ ။ လမ်းဘေးခွေးလေးတွေကို အစာကျွေးလိုက်ပါ။

အင်္ဂါသားသမီး

သင်ယူစရာတွေများနေပြီး အချိန်မပေးနိုင်တာကြောင့် အားမလိုအားမရဖြစ်မိနေတဲ့ ကာလ ဖြစ်ပါတယ်။ မိသားစုနဲ့ အလုပ်ကြားမှာ အပြေးအလွှား ဗျာများနေရပါမယ်။ ကြီးကြီးမားမားငွေဝင်ကိန်းရှိပါတယ်။

ယတြာ ။ ။ သက်ကြီးဘိုးဘွားများကို ဆေးဝါးဒါနပြုလိုက်ပါ။

ဗုဒ္ဓဟူးသားသမီး

အခက်အခဲတချို့ကြောင့် စိတ်မောလူမောဖြစ်နေရမယ့်ကာလဖြစ်ပါတယ်။ မကြာခင်မှာ အခက်အခဲတွေပြေလည်ပြီး လုပ်ငန်းသစ်စတင်နိုင် မယ့် အခွင့်အရေးတွေ ရရှိလာမှာဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်းကြောင့် ပူပန်ရမယ့်ကာလဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး လက်မ လွန်ပါစေနဲ့။ အချစ်ရေးမှာ ပျော်စရာလေးတွေနဲ့ ဝေစည် နေပါမယ်။

ယတြာ ။ ။ နေအိမ်ဘုရားမှာ ဘယာကြော်ကပ်လှူပါ။

ကြာသပတေးသားသမီး

အတိုက်အခိုက်တချို့ကြောင့် အတန်ငယ်စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ကာလဖြစ်ပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ မေတ္တာနဲ့သာ ဆက်ဆံလိုက်ပါ။ မေတ္တာတရားရဲ့အကျိုးကျေးဇူးကို ခံစားရ ပါလိမ့်မယ်။ ငွေဝင်ကိန်းရှိပါတယ်။ ထီထိုးပါ။ မိသားစုအကြီးအကဲကျန်းမာရေး ဂရုစိုက်ပါ။

ယတြာ ။ ။ ချို့တဲ့သူတွေအတွက် ဆေးဝါးလှူဒါန်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သောကြာသားသမီး

စကားအရှုပ်အရှင်း ဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။ မှန်တိုင်းမပြောတာ သင့်အတွက် အ ကောင်းဆုံးပါပဲ။ သင် ဦးဆောင်လုပ်ရမယ့်လုပ်ငန်းတွေ ပေါ်တတ်တယ်။ ရလဒ်ကောင်းတွေ ထွက် ပေါ်နိုင်တာကြောင့် သင့်ရဲ့ခေါင်းဆောင်မှုအရည်အသွေးကို ပြသဖို့ ကြိုးစားသင့်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးသာယာပါတယ်။

ယတြာ ။ ။ ဖိနပ်အဟောင်းတစ်ရံကို စွန့်ပစ်လိုက်ပါ။

စနေသားသမီး

ကြိုးစားသလောက် ခရီးမတွင်သေးတဲ့အခြေအနေကြောင့် အတန်ငယ်စိတ်မောနေရတဲ့ကာလပါ။ ကျန်းမာရေးအနေနဲ့ ဒူးနာ၊ ခါးနာ ဖြစ်တတ်ပါတယ်။ အသွားအလာ၊ အထိုင်အထ သတိပြုပါ။ မလိုအပ်ဘဲ ငွေကုန်ကြေးကျများနေလို့ စိတ်မောရမယ့်ကာလဖြစ်ပါတယ်။ စကားအပြောအဆို ဆင်ခြင်ပါ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အခင်မင်ပျက် တတ်ပါတယ်။

ယတြာ- မွေးနေ့မှာ ဆွမ်းကပ်လှူပါ။

တနင်္ဂနွေ

စီးပွားရေးအတွက်၊ ဘဝအတွက် ပိုမိုကောင်းမွန်တဲ့ စိတ်ကူးဉာဏ်ကောင်းတွေ ရင့်သန်နေတဲ့ ကာလဖြစ်ပါတယ်။ စိတ်ကူးတွေနဲ့ပဲ ကျေနပ်မနေပါနဲ့။ မိတ်ဆွေကောင်းတွေ၊ ဆရာသမားကောင်း တွေနဲ့ တိုင်ပင်အကြံဉာဏ်ယူကြည့်ပါ။ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ အချစ်ရေး သာယာနေပါတယ်။ အနေဝေးနေတဲ့ချစ်သူနဲ့ ပိုပြီးနားလည်မှုရတတ်ပါတယ်။

ယတြာ ။ ။ ဘုရားမှာ သစ်သီးဆွမ်းကပ်လှူပါ။