၂ဝ၂ဝ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ)

blank
တနင်္လာသားသမီး။

သင်မဖြေရှင်းနိုင်ဘူးထင်ထားတဲ့ ပြဿနာတွေကို အပြီးသတ်ဖြေရှင်းနိုင်လိမ့်မယ်။ အတိတ်က ခင်မင်ခဲ့သူတစ်ဦးဆီကနေ သတင်းကောင်းကြားရတတ်တယ်။ အပေါင်းအသင်းတွေကြား အထင်လွဲမှုလေးတွေ ကြုံရတတ်တယ်။

ယတြာ- မနက်ခင်းမှာ ငှက်ကလေးတွေကို အစာကျွေးပါ။

အင်္ဂါသားသမီး။

သင်ပေးသမျှအကြံဉာဏ်တိုင်းက သင့်သူငယ်ချင်းတွေအတွက် အသုံးဝင်နေလိမ့်မယ်။ အလုပ်ကိစ္စတွေမှာ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ သင့်ရဲ့ဆုံးဖြတ်ချက်တိုင်းကို သေချာစဉ်းစားပြီးမှ ချမှတ်ပါ။ ငွေကြေးနဲ့ပတ်သတ်ပြီး အဆင်မပြေခဲ့တဲ့ကာလတွေ ပြီးမြောက်ချိန်ရောက်ပါပြီ။

ယတြာ ။ ။ ခိုစာကျွေးပြီး လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီး။

သင်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ သင်တစ်ယောက်တည်းအပေါ်တင်မဟုတ်၊ သင့်ပတ်ဝန်းကျင်က လူတွေအတွက်ပါ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အလုပ်ကိစ္စတွေမှာ အစီအစဉ်အသစ်တွေ ချမှတ်ဖို့ အချိန်မရောက်သေးပါ။ အချစ်ရေးမှာ နည်းနည်း ညံ့နေတယ်။

ယတြာ ။ ။ ဆေးရုံအသုံးစရိတ်တွေအတွက် တတ်အားသရွေ့လှူဒါန်းပါ။

ကြာသပတေး။

အလုပ်ကိစ္စတွေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်အောင်နိုင်မယ့် ကာလပါ။ ငွေကြေးကိစ္စတွေ ဖြေရှင်းပေးရင်း သင်ခန်းစာကောင်းတွေ ရလာမယ်။ သူတစ်ပါးအကျိုးဆောင်ရင်း ကိုယ့်အကျိုးအောင်မယ့် ကာလလည်းဖြစ်ပါတယ်။

ယတြာ ။ ။ သူဆင်းရဲကလေးငယ်လေးတွေကို တတ်နိုင်သလောက် ကျွေးမွေးပေးကမ်းပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သောကြာသားသမီး။

ပတ်ဝန်းကျင်အတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနိုင်မယ့် ကာလပါ။ အလွန်စန်းပွင့်နေတဲ့ ကာလလည်းဖြစ်ပါတယ်။ သင့်ဘဝတိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာလိမ့်မယ်။

ယတြာ ။ ။ နေအိမ်ဘုရားမှာ သစ်သီးဆွမ်းကပ်လှူပါ။

စနေသားသမီး။

အချစ်ရေးခိုင်မြဲဖို့ ယုံကြည်မှုတွေကို လွယ်လွယ်ကူကူတည်ဆောက်ယူနိုင်မယ့် ကာလဖြစ်ပါတယ်။ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေဆီက လေးစားမှုနဲ့ အထင်ကြီးမှုခံရမယ်။ သင့်လုပ်ငန်းကိစ္စတွေအတွက်ကတော့ အထက်လူကြီးတွေဆီက အကြံကောင်းတွေရမယ်။

ယတြာ ။ ။ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေအတွက် တတ်နိုင်သလောက် လှူဒါန်းပါ။

တနင်္ဂနွေသားသမီး

လတ်တလောဖြေရှင်းနေရတဲ့ ကိစ္စတွေကို အပြီးသတ်ဖြေရှင်းနိုင်လိမ့်မယ်။ အဓိကက သေချာအာရုံစိုက်ပြီး ဖြေရှင်းဖို့ပါပဲ။ အတိတ်က သင်ခန်းစာတွေက အခုအချိန်မှာ ပြန်လည်အသုံးဝင်လာတတ်ပြီး ဘဝခရီးလမ်းမှာ လမ်းပြသဖွယ် ဖြစ်လာလိမ့်မယ်။ အချစ်ရေးမှာ အထင်လွဲမှုလေးတွေဖြစ်တတ်တယ်။

ယတြာ ။ ။ မွေးရက်မှာ သတ်သတ်လွတ်စားပါ။