blank

၂ဝ၂ဝ ခုနှစ်အတွက် ဂန္ထဝင်၏ အပတ်စဉ် ဗေဒင် (စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ)

တနင်္လာသားသမီး

            အကျင့်ဆိုးတွေကို ပြုပြင်ပြီး ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်နေမယ့် အချိန်ဖြစ်တယ်။ အများအကျိုးအတွက်ရည်ရွယ်လိုက်တဲ့ အရာကနေ မိမိအတွက် အကျိုးကျေးဇူးတွေ ရရှိမယ်။ကြားလေသွေးမှုကြောင့် ချစ်သူနှစ်ယောက်အကြား ပဋိပက္ခ အနည်းငယ်ရှိမယ်။

ယတြာ ။ ။ နေအိမ်ဘုရားမှာ နို့ဟင်းကပ်လှူပါ။

အင်္ဂါသားသမီး။

အလုပ်နဲ့ မိသားစုအကြား ဝေခွဲမရဖြစ်နေတာတွေ ကြုံတွေ့ရမယ်။ အရင်က ကြန့်ကြာနေတဲ့ အလုပ်တွေကို အောင်မြင်စွာ အဆုံးသတ်နိုင်မယ်။ ပညာရေးနဲ့ပတ်သက်ပြီး လိုရာခရီးမရောက်သလို ခံစားနေရမယ်။ ချစ်သူမရှိသေးတဲ့ အင်္ဂါသားသမီးတွေ ချစ်သူရကိန်းရှိတယ်။

ယတြာ ။ ။ ချို့တဲ့သူတွေအတွက် ကုန်ခြောက်လှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီး

လက်လျှော့ထားတဲ့ ကိစ္စတွေကို အောင်မြင်လာအောင် အားပေးကူညီပေးမယ့် လူတစ်ယောက်နဲ့တွေ့ဆုံမယ်။ တပိုင်းတစဖြစ်နေတဲ့ အလုပ်တွေကို လက်စသတ်နိုင်မယ်။ အချစ်ရေးမှာ ကတောက်ကဆ အနည်းငယ်ဖြစ်တတ်ပေမယ့် ရန်ဖြစ်လိုက်ပြန်တိုးချစ်လိုက်ဖြစ်နေပါတယ်။ မိတ်ဆွေဟောင်းတစ်ဦးစီက သတင်းကောင်းကြားရတတ်ပါတယ်။

ယတြာ ။ ။ သံဃာတော်တွေအတွက် ဆေးဝါးလှူဒါန်းပါ။

ကြာသပတေးသားသမီး။

အလုပ်နဲ့ပတ်သက်ပြီး အံ့သြစရာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံတွေ့နေရတဲ့ ကာလဖြစ်ပါတယ်။ အကြီးအကဲရဲ့ ချီးမြှောက်ခြင်း ခံရမယ်။ မလိုအပ်ဘဲ ငွေကုန်ကြေးကျများနေနိုင်တာကြောင့် စေ့စေ့စပ်စပ်သုံးစွဲပါ။ ချစ်သူနဲ့ နားလည်မှုလွဲတတ်ပါတယ်။

ယတြာ ။ ။ နေအိမ်ဘုရားမှာ သစ်သီးကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သောကြာသားသမီး

ကတောက်ကဆဖြစ်နေတဲ့ အချစ်ရေးကို ပြန်လည်ထိန်းညှိနိုင်မယ်။ စိတ်ရှုပ်စရာတွေများနေသလောက် ငွေရွှင်နေမယ်။ ဘဝအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရတတ်ပါတယ်။ ထူးခြားတဲ့လက်ဆောင်တစ်ခုရတတ်ပါတယ်။

ယတြာ ။ ။ Mask လှူဒါန်းပါ။

စနေသားသမီး

ကာလအတန်ကြာစိတ်ကူးယဉ်ခဲ့ရသော ကိစ္စများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်။ အချစ်ရေးတွင် အရှုပ်အထွေးအနည်းငယ်ကြုံတွေ့ရမည်။ ငွေလိမ်ခံရတတ်ပါတယ်။

ယတြာ ။ ။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လက်ဆေးရည်လှူဒါန်းပါ။

တနင်္ဂနွေသားသမီး။

အခြားလူတွေအပေါ် ယုံကြည်မှုလွန်ကဲမှုကြောင့် လူမှုရေးပြဿနာလေးတွေဖြစ်တတ်ပါတယ်။ ဝေဖန်ကဲ့ရဲ့မှုတွေကို ကြုံတွေ့ရတတ်ပေမယ့် ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ကျော်လွှားနိုင်မယ်။ စွန့်စားလုပ်ကိုင်လိုက်တဲ့ အလုပ်တွေကနေ ရလဒ်ကောင်းတွေ ခံစားရမယ်။

ယတြာ ။ ။ မိဘမဲ့ကလေးတွေအတွက် အလှူငွေထည့်ဝင်ပါ။

တိုက်ဆိုင်တယ်ဆိုရင် သူငယ်ချင်းတွေလည်း ဝေမျှပေးလိုက်ပါဦးနော်။