၂ဝ၂ဝ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂ဝ ရက်နေ့အထိ)

blank
တနင်္လာသားသမီး

အနာဂတ်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို မချသင့်သေးပါ။ အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာခံစားမှုတွေကို ခွဲခြားထားပါ။ အမြင်စောင်းနေတာတွေကို လျှော့ချလိုက်မယ်ဆိုရင် အရင်ကပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ရရှိမယ်။ စကားရှုပ်တတ်သူတွေကို ပြန်လည်ဖြေရှင်းဖို့ အချိန်မကျရောက်သေးပါ။

ယတြာ- သက်ကြီးရွယ်အိုတွေအတွက်အားဆေးလှူပါ။

အင်္ဂါသားသမီး

ကုန်ကျစရာတွေ ဝိုင်းဝိုင်းလည်နေတဲ့ကာလဖြစ်တယ်။ အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ အလျင်စလိုမလုပ်ဘဲ အချိန်ယူဆုံးဖြတ်ပါ။ စက်ပစ္စည်းဝင်ကိန်းရှိတယ်။ မိသားစု အတွင်း သတင်းထူးကြားရမယ်။ အချစ်ရေးမှာ အနှောင့်အယှက်တွေ ကြုံရတတ်ပါတယ်။

ယတြာ- နွမ်းပါးသူတွေအတွက် အဝတ်အထည်လှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီး

ကိုယ်ရည်ကိုယ်သွေးတွေကို ဖြည့်စွမ်းနိုင်ပြီး ပူပင်ကြောင့်ကျမှုတွေကိုဖယ်ရှားနိုင်မယ့် ကာလဖြစ်တယ်။ နာမယ်သတင်း ဂုဏ်သတင်းကျော်ဇောမယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က စိတ်ဖိစီးနေတဲ့ အရာတွေကို အောင်အောင်မြင်မြင်ကောင်းမွန်စွာကျော်လွှားနိုင်မယ်။ ငွေကြေးလက်လွန်ထားတာတွေ ပြန်ရမယ်။

ယတြာ- ဘုရားမှာ တံခွန်လှူပါ။

ကြာသပတေးသားသမီး

ကြိုးစားမှုတွေကို အသိအမှတ်ပြုချီးမြှောက်ခံရတဲ့ ကာလဖြစ်တယ်။ မထင်မှတ်ဘဲ ပြုမူလိုက်တဲ့ ကိစ္စတစ်ခုကြောင့် သူငယ်ချင်းတစ်ယောက်နဲ့ ကတောက်တဆတွေဖြစ်မယ်။ မိမိနှင့်မသက်ဆိုင်တဲ့ အရှုပ်အထွေးကိစ္စတွေကို ဖြေရှင်းရင်း အချိန်ကုန်နေတတ်တယ်။ အသိအကျွမ်းဟောင်းတစ်ဦးရဲ့ အကူအညီကြောင့် ရှုပ်ထွေးနေတဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်မယ်။

ယတြာ- ဘုရားမှာ တံခွန်လှူပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သောကြာသားသမီး

ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတတ်တယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ စတင်ဖို့ အခွင့်အရေးပေါ်မယ်။ ပညာရပ်အသစ်တစ်ခု သင်ယူခွင့်ပေါ်မယ်။ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။

ယတြာ ။ ။ နာမကျန်းနေသူကို ဆေးဝါးဒါနပြုပါ။

စနေသားသမီး

အရာရာကို ထောင့်စေ့အောင်စီမံဆောင်ရွက်နိုင်မှုကြောင့် အလုပ်အကိုင်မှာ အောင်မြင်မှုတွေရရှိမယ်။ စိတ်လက်ပေါ့ပါးနေမယ်။ အချစ်ရေးအဆင်ပြေပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေရရှိမယ်။

ယတြာ ။ ။ နေအိမ်ဘုရားမှာ စံပယ်သုံးကုံးလှူပါ။

တနင်္ဂနွေသားသမီး

အချစ်ရေးနဲ့ ဘဝအရေးကြားမှာ ရွေးချယ်ရခက်ပြီး ဗျာများနေရတဲ့အချိန်ပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ အရာရာကိုသေချာရွေးချယ်ပါ။ ဒီအပတ်ထဲမှာ သင့်ကို အကူအညီ ပေးမယ့်သူတွေကတော့ မေထုန်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။ ငွေဝင်ကိန်းရှိပါတယ်။ ထီထိုးပါ။

ယတြာ ။ ။ မွေးနေ့မှာ သစ်ပင်စိုက်ပါ။