၂ဝ၂ဝ ခုနှစ် ဂန္ထဝင်၏ အပတ်စဉ်ဗေဒင် (သြဂုတ်လ ၃၁ ရက်နေ့မှ  စက်တင်ဘာလ ၆ ရက်နေ့အထိ)

blank
တနင်္လာသားသမီး

ရောင်းမထွက်ဖြစ်နေတဲ့ အိမ်ခြံမြေတွေ ရောင်းရမယ်။ ဝန်ထမ်းတွေ လစာတိုးမယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ကိုယ့်ကိုအလွဲသုံးစားလုပ်တာမျိုး ကြုံရတတ်တယ်။ မိသားစုအတွင်းမှာ အမွေကိစ္စနဲ့ ပတ်သက်ပြီးပြဿနာလေးတွေဖြစ်တတ်တယ်။ စက်ပစ္စည်းအသစ်ဝင်တတ်တယ်။

ယတြာ- လမ်းတံတားအတွက် အလှူငွေထည့်ဝင်ပါ။

အင်္ဂါသားသမီး

လုပ်ငန်းခွင်အတွင်းမှာ အောင်မြင်မှုတွေရတတ်ပါတယ်။ အလုပ်တွေကို အချိန်တိုအတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ်။ ပညာသင်သားတွေအနေနဲ့ စိတ်အာရုံလွင့်တတ်တာကြောင့် အထူးသတိထားရမယ့် ကာလပါ။ အစားမတည့်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ကြုံရတတ်ပါတယ်။

ယတြာ- ရေချမ်းသက်စေ့ပူဇော်ပါ။

ဗုဒ္ဓဟူးသားသမီး

အနုပညာနဲ့ပတ်သက်ပြီးလုပ်ဆောင်နေတဲ့သူတွေ အောင်မြင်မယ်။ အကောင်းမြင်စိတ်တွေ ရင့်သန်နေတဲ့ကာလပါ။ အချစ်ကို ပြိုင်ဖက်တွေဆီကနေ လုယူနေရသလို ယှဉ်ပြိုင်နေရတဲ့ကာလပါ။ လေနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ကြုံရတတ်ပါတယ်။ ငွေကြေးပျောက်ရှတာမျိုးဖြစ်တတ်ပါတယ်။

ယတြာ- ဘုရားမှာ နှင်းဆီနီ (၃) ပွင့်ကပ်လှူပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

အကြီးအကဲဆီက အကူအညီကောင်းတွေ ရရှိမယ်။ ပညာရှာဖွေနေသူတွေ အနေနဲ့ ကြိုးစားသလောက်အရာမထင်သလို ခံစားနေရမယ့်ကာလပါ။ အချစ်ကောင်းကင်မှာ ရာသီဥတုအထူးသာယာနေတဲ့ကာလပါ။ အစာအိမ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။

ယတြာ- ရင်းနှီးသူတစ်ယောက်ကို သရဖီပန်းလက်ဆောင်ပေးပါ။

သောကြာသားသမီး

စီးပွားရေးနဲ့ပတ်သက်တဲ့ သတင်းကောင်းတစ်ခုကြားရမယ်။ အိမ်ထောင်ဘက်ရဲ့ကျန်းမာရေးသတိထားပေးပါ။  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအတွက် မိသားစုရဲ့ အကူအညီတွေရရှိမယ်။ ငွေဝင်နေပေမယ့် အထွက်များနေတတ်ပါတယ်။ မနာလိုသူတစ်ယောက်ကြောင့် ချစ်သူနဲ့ပြဿနာဖြစ်တတ်ပါတယ်။

ယတြာ- ပဲဆီလှူဒါန်းပါ။

စနေသားသမီး

လုပ်ငန်းခွင်အတွင်းမှာ လစာတိုးတာမျိုး၊ ရာထူးတိုးတာမျိုးတွေဖြစ်တတ်ပါတယ်။ ပညာရှာဖွေနေသူတွေအနေနဲ့ ပြိုင်ဘက်တွေကို ကျော်လွန်ပြီး အောင်မြင်မှုရတတ်ပါတယ်။ ဖူးစာဖက်နဲ့ ဆုံတွေ့တတ်ပါတယ်။ အိမ်ထောင်ရှင်တွေအကြားမှာ အတ္တကိုရှေ့တန်းတင်တဲ့ ပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ အစားမှားပြီး အော့အန်တတ်ပါတယ်။

ယတြာ- ဘုန်းကြီးကျောင်းမှာ အလှူငွေထည့်ဝင်ပေးပါ။

တနင်္ဂနွေသားသမီး

စီးပွားရေးလုပ်ငန်းတွေမှာ မလိုအပ်ဘဲ ကုန်ကျတာတွေ များနေမယ်။ ဝန်ထမ်းတွေ အပြောင်းအရွှေ့လုပ်ရမယ်။ အရေပြားနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်တယ်။ အချစ်ရေးဆိုခြင်းကို ခံရလိမ့်မယ်။

ယတြာ- မွေးနံထောင့်မှာ ကံ့ကော်ပန်းလှူပါ။

တိုက်ဆိုက်ရင် ဝေမျှပေးလိုက်ပါဦး။