၂ဝ၂ဝ ခုနှစ် ဂန္ထဝင်၏ အပတ်စဉ်ဗေဒင် (သြဂုတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့ အထိ)

blank
တနင်္လာ

မဖြေရှင်းနိုင်ဘူးလို့ထင်ထားတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းတွေ ပေါ်လာလိမ့်မယ်။ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ သတင်းကောင်းကြားရတတ်တယ်။ အပေါင်းအသင်းတွေကြား အထင်လွဲမှုလေးတွေ ကြုံရတတ်တယ်။

အင်္ဂါ

သင့်ရဲ့ဆုံးဖြတ်ချက်တိုင်းကို သေချာစဉ်းစားပြီးမှ ချမှတ်ပါ။ ငွေကြေးနဲ့ပတ်သတ်ပြီး အဆင်မပြေခဲ့တဲ့ကာလတွေ ပြီးမြောက်ချိန်ရောက်ပါပြီ။ အချစ်နေ့စွဲတွေ လှပနေမယ့် ကာလဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
ဗုဒ္ဓဟူး

သင်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းက အခြားလူတွေအပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အလုပ်ကိစ္စတွေကို ချဲ့ထွင်နိုင်လိမ့်မယ်။ အချစ်ရေးမှာ နည်းနည်း ညံ့နေတယ်။

ကြာသပတေး

မိသားစုဝင်တွေအပေါ်၊ ချစ်ရသူအပေါ် အချိန်ပေးပြီး ဂရုစိုက်ပေးသင့်တဲ့ ကာလပါ။ အလုပ်ကိစ္စတွေနဲ့ စိန်ခေါ်မှုတွေကို ယုံကြည်မှု အပြည့်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်မယ်။ အခြားလူတွေရဲ့ ငွေကြေးကိစ္စတွေကို ဖြေရှင်းပေးရင်း သင်ခန်းစာကောင်းတွေ ရလာမယ်။

သောကြာ

ဘဝတိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာလိမ့်မယ်။ ရအောင်ဆုပ်ကိုင်နိုင်ဖို့ကတော့ သင့်တာဝန်ပဲဖြစ်ပါတယ်။ အလွန်စန်းပွင့်နေတဲ့ ကာလလည်းဖြစ်ပါတယ်။

စနေ

အချစ်ရေးခိုင်မြဲဖို့ ယုံကြည်မှုတွေကို တည်ဆောက်ယူနိုင်မယ့် ကာလဖြစ်ပါတယ်။ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေဆီက လေးစားမှုနဲ့ အထင်ကြီးမှုခံရမယ်။ ခရီးထွက်ရကိန်းရှိတယ်။

တနင်္ဂနွေ

        ဒီတစ်ပတ်ထဲမှာ လိုတာမရ၊ ရတာမလို ဖြစ်နေလို့ ခံစားရတတ်တယ်။ အတွေးလွန်နေတတ်ပါတယ်။ စိတ်တူကိုယ်တူ ပေါင်းလို့ရမယ့် သူငယ်ချင်းအသစ်တွေ တိုးပွားလာမယ်။