၂ဝ၂ဝ ခုနှစ် ဂန္ထဝင်၏ အပတ်စဉ်ဗေဒင် (သြဂုတ် ၃ ရက်နေ့မှ ၈ ရက်နေ့အထိ)

blank
တနင်္လာ

အလုပ်ခွင်အတွင်းမှာ အနှောင့်အယှက်တွေ ကြုံရမယ်။ ရင်းနှီးမြှပ်နှံမှုတွေကနေ ရလဒ်ကောင်းတွေရမယ်။ မျှော်လင့်မထားဘဲ ချစ်သူဆီကနေ လက်ဆောင်တစ်ခုရမယ်။

အင်္ဂါ

စီးပွားရေးတွေကို ချဲ့ထွင်နိုင်လိမ့်မယ်။ ငွေကြေးစာရင်းတွေကို ဂရုတစိုက်ဆောင်ရွက်ပါ။ ကြိတ်ကြွေနေတဲ့သူက ဒိတ်ဖို့ကမ်းလှမ်းလာလိမ့်မယ်။

ဗုဒ္ဓဟူး

စီးပွားရေးအတွက် အခွင့်အလမ်းအသစ်တွေရရှိမယ်။ နေရာပြောင်းရွှေ့ရတတ်တယ်။ အသေးအဖွဲလေးတွေကြောင့် ချစ်သူနဲ့ ကတောက်ကဆလေးတွေဖြစ်တတ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေး

နိုင်ငံရပ်ခြားနဲ့ ပြောဆိုဆက်သွယ်ခြင်းတွေ အဆင်ပြေမယ်။ လူကြီးမိဘကျန်းမာရေး ကိစ္စကြောင့် ငွေကုန်လူပန်းဖြစ်နေမယ်။ ချစ်ရေးဆိုထားတဲ့ ချစ်ရသူဆီက ခွန်းတုံ့ပြန်စကား ကြားရလိမ့်မယ်။

သောကြာ

ယိုင်နဲ့စပြုလာတဲ့ အချစ်ရေးတွေကို နားလည်မှုတွေနဲ့ ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်။ ကျန်းမာရေးအနည်းငယ် အားနည်းနေပါတယ်။ အလုပ်ဝန်တွေ အနည်းငယ်ပိနေတဲ့ ကာလဖြစ်ပါတယ်။

စနေ

စီးပွားရေးသမားတွေအနေနဲ့ လုပ်ငန်းတွေချဲ့ထွင်နိုင်လိမ့်မယ်။ ကွဲကွာနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ပြန်ရမယ်။ ကွဲနေတဲ့အသည်းကို ကုစားပေးမယ့်သူတစ်ယောက် ဘဝထဲကိုရောက်လာလိမ့်မယ်။

တနင်္ဂနွေ

အလုပ်တာဝန်တွေကို ခွဲဝေပြီး လုပ်နိုင်ဖို့ ကြိုးစားပါ။ စိတ်ကိုရှင်းရှင်းထားဖို့၊ စိတ်အေးအေးထားနိုင်ဖို့ ကြိုးစားပါ။ အထက်လူကြီးတွေကို ကြိုးစားမှုတွေနဲ့ သက်သေပြနိုင်မယ့် ကာလပါ။