သင့်ကိုခါးနာစေတဲ့အကြောင်းရင်းများ

blank

စာချစ်သူတို့ရေ…

အနည်းဆုံးတော့ တစ်သက်မှာတစ်ခါဖြစ်ဖြစ် လူတိုင်းလိုလိုခါးနာဖူးကြပါတယ်။ အလေးအပင်မလိုက်တဲ့ အတွက် ခါးနာတာ၊ ချော်လဲလို့ ခါးနာတာတွေကတော့ သာမန်ခါးနာတာတွေလို့ ဆိုရမှာပါ။ အဲ့ဒါတွေကဖြစ်တဲ့ အခြေအနေပေါ်မူတည်ပြီး ရက်သတ္တပတ်လောက်နဲ့ပျောက်ကင်းနိုင်ပါတယ်။ အကြောင်းရင်းမရှိဘဲ လနဲ့ချီ အောင် ခါးနာနေတာမျိုးကျတော့ သတိထားသင့်ပါတယ်။ ခါးနာခြင်းဟာ အသက်အရွယ်၊ ကျားမမရွေးဖြစ်နိုင်ပြီး ခါး နာခြင်းဖြစ်စေနိုင်တဲ့ ယေဘုယျအကြောင်းရင်းတွေကတော့…

၁။ အရွယ်ရလာခြင်း

အရွယ်ရလာရင် ခါးနာနိုင်ခြေပိုများပါတယ်။ အများအားဖြင့် အသက် ၃ဝ၊ ၄ဝ ကနေစတင်ပါတယ်။

၂။ လှုပ်ရှားမှုနည်းခြင်း

အသုံးမပြုတဲ့၊ အားနည်းနေတဲ့ကြွက်သားတွေနဲ့ ဝမ်းဗိုက်ဟာ ခါးနာခြင်းကို ဖြစ်စေပါတယ်။

၃။ ကိုယ်အလေးချိန်များခြင်း

         ကိုယ်အလေးချိန်များခြင်းကလည်း ခါးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။

၎။ ရောဂါခံရှိခြင်း

         တချို့သော အဆစ်အမြစ်ရောဂါတွေ၊ ကင်ဆာတွေကလည်း ခါးနာခြင်းနဲ့ဆက်စပ်နေပါတယ်။

၅။ အလေးအပင်မခြင်း

မနိုင်ဝန်တွေကလည်း ခါးနာခြင်းကို ဖြစ်ပေါ်စေပါတယ်။

၆။ စိတ်ဖိစီးမှုများခြင်း

စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေကလည်း ကြီးမားတဲ့ခါးနာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။

၇။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက နောက်ကျောဘက်ဆီ လုံလောက်တဲ့အာဟာရဓာတ်တွေပို့ပေးနေတဲ့ သွေး စီးဆင်းမှုတွေကို လျော့ကျသွားစေပါတယ်။ ဆေးလိပ်သောက်ခြင်းအားဖြင့် ခါးနာသက်သာဖို့လည်း ပိုကြာစေ ပါတယ်။

ခါးနာခြင်းကို ကာကွယ်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ပါ။ ကြွက်သားတွေသန်မာအောင် တည်ဆောက်ပါ။ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ။ ဆေးလိပ်ဖြတ်ပါ။ မတ်မတ်ရပ်ပါ။ မတ်မတ်ထိုင်ပါ။ ခါးနာစေ မယ့် အလေးအပင်မတာတွေကို ရှောင်ပါ။ ခါးနာတဲ့အခါလည်း မပေါ့ဆပါနဲ့။ ဆေးသောက်ပါ။ သာမန်ခါးနာတာ မျိုးမဟုတ်ဘဲ လနဲ့ချီလာရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

စာချစ်သူများအားလုံး ခါးနာရောဂါကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေ။ ယခုကျန်းမာရေးဆိုင်ရာဗဟု သုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့က ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။