၂ဝ၂ဝ ခုနှစ်အတွက် အပတ်စဉ် ဂန္ထဝင် ဗေဒင် (မေလ ၂၅ ရက်နေ့မှ ၃၁ ရက် နေ့အထိ)

blank

တနင်္လာသားသမီး

ဒီတစ်ပတ်အတွင်းမှာ မင်္ဂလာအရေးကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုညှိနှိုင်းမှုတွေ အဆင်ပြေမယ်။ ငွေကြေးနဲ့ပတ်သက်ပြီး နောက်ထပ်ဝင်ငွေရနိုင်မယ့် ရင်းနှီးမြှပ်နှံမှုတစ်ခုကို လုပ်နိုင်လိမ့်မယ်။ ငွေအချေးအငှားတွေ လုပ်ဆောင်ဖို့ မသင့်သေးပါ။ အရေပြားပြဿနာလေးတွေဖြစ်တတ်တယ်။ အရောင်းအဝယ်လုပ်ငန်းတွေ အဆင်ပြေပါတယ်။

ယတြာ-နေအိမ်ဘုရားမှာ သပြေခက်လှူပါ။

အင်္ဂါသားသမီး

ပျိုရွယ်သူများ စန်းပွင့်မယ်။ အိမ်တွင်းရေးမှာ အငြင်းပွားမှုအနည်းငယ် ကြုံရမယ်။ ရေရှည်အတွက် ရင်းနှီးမြှပ်နှံမှုတွေ စတင်နိုင်မယ်။ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ စီစဉ်နေတဲ့သူတွေ အဆင်ပြေမယ်။ အသေးအဖွဲကျန်းမာရေး ပြဿနာလေးတွေကြုံရလိမ့်မယ်။ အခြားလူတွေရဲ့စကားကြောင့် အချစ်ရေးမှာ အနှောင့်အယှက်လေးတွေ ဝင်တတ်ပါတယ်။

ယတြာ- ချို့တဲ့လူနာအတွက်ဆေးဖိုးဝါးခ လှူဒါန်းပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

အိမ်ထောင်ဖက်နဲ့ စကားအငြင်းပွားရတတ်တယ်။ ကိုယ်မှန်နေတယ်ဆိုပေမယ့် ပြောဖို့ မသင့်သေးတဲ့အချိန်ပါ။ အလုပ်တွေလက်မလည်အောင် လုပ်နေရလိမ့်မယ်။ ဒါပေမဲ့ ငွေကတော့ ထင်သလောက် မဝင်သေးပါ။ အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက အကူအညီကောင်းတွေ ရရှိမယ်။ အာရုံကြောနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်ပါတယ်။

ယတြာ-  တတ်အားသရွေ့ လှူဒါန်းပါ။

ကြာသပတေးသားသမီး

လုပ်ငန်းခွင်က အလုပ်ကြွေးတွေကို ဆပ်နိုင်လိမ့်မယ်။ ကိုယ့်ထက်ငယ်ရွယ်သူတစ်ဦးရဲ့ စကားကမ်းလှမ်းခြင်းကို ခံရတတ်တယ်။ ငွေကြေးရင်းနှီးမှုတွေ ပြုလုပ်ဖို့မသင့်သေးပါ။ လူကြီးမိဘရဲ့ ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ပူပင်သောက များရတတ်တယ်။ အမြင်အာရုံနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ပျော်ရွှင်ရပါမယ်။

ယတြာ-ဘုန်းကြီးကျောင်းတစ်ခုခုမှာ ရေစစ်လှူဒါန်းပါ။

သောကြာသားသမီး

အိမ်တွင်းရေးကိစ္စတွေကြောင့် စိတ်ညစ်နေမယ်။ အိမ်ထောင်ဖက်ရဲ့ စီးပွားရေးအဆင်မပြေမှုတွေကြောင့် စိတ်ပူပန်ရမယ်။ ချစ်သူရှိတဲ့သူတွေအနေနဲ့ ချစ်သူအပေါ် အချိန်မပေးနိုင်မှုနဲ့ပတ်သက်ပြီး ကတောက်ကဆလေးတွေဖြစ်နေမယ်။ ဒေါသထွက်လွယ်နေတဲ့ ကာလဖြစ်တာကြောင့် သတိထားပါ။ လူကြီးမိဘကျန်းမာရေးသတိထားပေးပါ။

ယတြာ- ခိုစာကျွေးပါ။

စနေသားသမီး

တိတ်တခိုးချစ်နေတဲ့သူကို ဖွင့်ပြောဖို့ အချိန်ကောင်းပါ။  အိမ်ထောင်ဖက်နဲ့ ပြဿနာတွေနည်းလေလေ ငွေဝင်လေလေဖြစ်နေမယ့် ကာလဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ ကိုယ့်ရဲ့ကြိုးစားမှုတွေ အသိအမှတ်ပြုခံနေရတဲ့ကာလပါ။ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။

ယတြာ-နေအိမ်ဘုရားမှာ အဝါရောင်နှင်းဆီ (၇) ပွင့်ကပ်လှူပါ။

တနင်္ဂနွေသားသမီး

လုပ်ငန်းနဲ့ပတ်သက်ပြီး မျှော်လင့်သလို ဖြစ်မလာတဲ့ကာလဖြစ်ပါတယ်။ အလုပ်ပြောင်းဖို့ မသင့်တော်သေးပါ။ ဝင်ငွေနည်းနေပေမယ့် ထွက်ငွေတွေ ဒလဟောဖြစ်နေတဲ့ ကာလပါ။ ငွေကြေးအချေးအငှား၊ ရင်းနှီးမြှပ်နှံမှုတွေလုပ်ရန်မသင့်သေးပါ။ အစားမရှောင်တတ်တဲ့အကျင့်ကိုပြင်ပါ။ အချစ်ရေးကံကောင်းပါတယ်။

ယတြာ- မွေးနံထောင့်မှာ စံပယ်ညွှန့် သုံးညွှန့်ကပ်ပါ။

ဗေဒင်လေးကို သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်ပါဦး။