၂ဝ၂ဝ ခုနှစ် ဂန္ထဝင်အပတ်စဉ်ဗေဒင် မေလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ

တနင်္လာသားသမီး

ဒီတစ်ပတ်အတွင်းမှာ အလုပ်တွေများနေလိမ့်မယ်။ နောင်ရေးအတွက် အစီအစဉ်အသစ်တွေ ချမှတ်နိုင်မယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး သုံးသပ်မှုတွေလုပ်ပြီး အကောင်းဆုံး အစီအစဉ်တွေ ချမှတ်နိုင်မယ်။ ပညာရှာနေသူတွေအနေနဲ့ မသေချာမရေရာမှုတွေ ခံစားနေရမယ့် ကာလဖြစ်တယ်။ ငွေကြေးသုံးစွဲမှုတွေ အနည်းငယ်များနေမယ်။ လက်အောက်ငယ်သားကျန်းမာရေးကိစ္စကြောင့် စိတ်ပူပန်နေမယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ထူးခြားမှုမရှိသေးပါ။

ယတြာ-နေအိမ်ဘုရားမှာ စံပယ်ခက်(၉) ခက်လှူပြီး လိုရာဆုတောင်းပါ။

အင်္ဂါသားသမီး

လုပ်ငန်းကိုဦးစီးလုပ်ကိုင်နေတဲ့ လူငယ်တွေအနေနဲ့ စိတ်ရှုပ်ထွေးနေမယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရေရှည်မျှော်မှန်းချက်တွေကို ချနိုင်လင့်တစား ငွေရေးအဝင်နည်းနေတဲ့ ကာလပါ။ ဝန်ထမ်းတွေအနေနဲ့ အလုပ်ဖိအားတွေကြောင့် စိတ်ညစ်နေရလိမ့်မယ်။ နေအိမ်ပျက်စီးမှုတွေ ဖြစ်တတ်ပါတယ်။ ရပ်ဝေးရောက်နေတဲ့ ချစ်သူရဲ့ ကျန်းမာရေးကိစ္စ စိတ်ပူပန်ရတတ်ပါတယ်။ မိသားစုအတွင်းမှာ ကတောက်ကဆ ဖြစ်တတ်ပါတယ်။

ယတြာ-  အင်္ဂါသားသမီးတစ်ယောက်ကို အဝါရောင်အင်္ကျီစတစ်စ လက်ဆောင်ပေးပါ။

ဗုဒ္ဓဟူးသားသမီး

လုပ်ငန်းနဲ့ပတ်သက်ပြီး ကြီးမားတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လုံးဝမသင့်တော်သေးတဲ့ အချိန်ပါ။ ကြိုးစားသလောက် မပေါက်မြောက်သလို ခံစားနေရမယ်။ ချစ်သူရှိတဲ့သူတွေအနေနဲ့ ချစ်သူအတွက် ကိုယ်ပိုင်အချိန်လေးတွေ ဖန်တီးပေးသင့်တဲ့ အချိန်ပါ။ မိသားစုအတွင်းမှာ ငွေကြေးနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်တတ်ပါတယ်။ ကျန်းမာရေးအထူးသတိထားပေးပါ။

ယတြာ- ရေအိုးတစ်လုံးလှူဒါန်းပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

အချစ်ရေးနဲ့ပတ်သက်ပြီး ကံအထူးကောင်းနေပါတယ်။ ခံစားချက်တွေကို ဖုံးကွယ်တတ်တာကြောင့် အိမ်ထောင်ရေးမှာ ပြဿနာအနည်းငယ်ဖြစ်တတ်ပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေနဲ့ လိုက်အောင် စီစဉ်ဆောင်ရွက်နိုင်မယ်။ အမြင်အာရုံနဲ့ပတ်သက်တဲ့ ပြဿနာလေးတွေ ကြုံတွေ့ရမယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ထူးခြားမှုတွေ မရှိသေးပါ။

ယတြာ- ဘုရားမှာ အကြော်သုံးခုကပ်ပါ။

သောကြာသားသမီး။

မျှော်လင့်မထားတဲ့နေရာတစ်ခုကနေ ဝင်ငွေတွေရရှိမယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး သတ်မှတ်ရက်အတွင်း အလုပ်တွေပြီးအောင် ဆောင်ရွက်ရင်း ပျော်ရွှင်နေပါတယ်။ ငယ်ရွယ်သူတွေအနေနဲ့ ဘဝလက်တွဲဖော်နဲ့ ဆုံဆည်းတတ်ပါတယ်။ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူတွေအနေနဲ့ အိမ်ထောင်ရေးအတွက် နှောင့်နှေးကြန့်ကြာနေတဲ့ အချိန်ပါ။  ကျန်းမာရေးအထူးကောင်းမွန်ပါတယ်။

ယတြာ- ချို့တဲ့လူနာတွေအတွက် ဆေးဝါးဒါနပြုပါ။

စနေသားသမီး

စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး ထူးခြားမှုတွေ မရှိသေးပါ။ အဲ့ဒီကိစ္စကြောင့်ပဲ စိတ်ပူပန်နေရတတ်ပါတယ်။ ဝင်ငွေထက် ထွက်ငွေများနေမယ်။ အချစ်ရေးကိစ္စတွေမှာ သွေးထိုးမှုတွေကြောင့် အနှောင့်အယှက်တွေဖြစ်နေမယ်။ အသက်ကြီးတဲ့စနေသားသမီးတွေ အနေနဲ့ သွေးဖိအားနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်ပါတယ်။ ရပ်ဝေးရောက် မိသားစုဝင်တစ်ဦးဆီက သတင်းကောင်းကြားရတတ်ပါတယ်။

ယတြာ- သူဆင်းရဲ တစ်ယောက်ကို အဝတ်အစားအဟောင်းတစ်စုံလှူဒါန်းပါ။

တနင်္ဂနွေသားသမီး

ဝန်ထမ်းတွေ ကံအထူးကောင်းပါတယ်။ မမျှော်လင့်ထားတဲ့ သတင်းကောင်းတစ်ခုကြားရတတ်ပါတယ်။ အိမ်တွင်းအသုံးစရိတ်တွေ များနေပါမယ်။ အလုပ်တွေလုပ်နေရပေမယ့် ဝင်ငွေကတော့ ထူးခြားမှုမရှိသေးပါဘူး။ ချစ်သူနဲ့ စကားများရတတ်ပါတယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ သဘောထားကွဲလွဲမှုတွေဖြစ်တတ်ပါတယ်။ အဆစ်အမြစ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်ပါတယ်။

ယတြာ- ဂုဏ်တော်ပုတီးစိတ်ပါ။

ဗေဒင်လေးကိုသူငယ်ချင်းတွေအတွက်ဝေမျှပေးလိုက်ပါဦး။